English Edition
အင်္ဂါနေ့၊ ဇူလိုင်လ ၁၅ရက်၊ ၂၀၂၅
လှူရန်
Preview
ထိုင်းမှ ရခိုင်နေရပ်ပြန်ခရီးသည်တင်ကားတိမ်းမှောက်၍ ၁၀ ဦးဒဏ်ရာ၇၊ သားမိနှစ်ဦးအပါအဝင် ၃ ဦးဒဏ်ရာပြင်းထန်
အောက်တိုဘာ ၁၃/ ၂၀၂၁ | ကြည့်ရှုသူ :3065
ရခိုင် သတင်း
အေးမြတ်ခိုင်
နိရဥ္စရာ၊ အောက်တိုဘာ ၁၃/၂၀၂၁
ထိုင်းနိုင်ငံမှ ရခိုင်ပြည်နယ်သို့ပြန်လာသည့် ခရီးသည်တင်ကားတစ်စီးတိမ်းမှောက်မှုကြောင့် ခရီးသည် ၁၀ ဦးဒဏ်ရာရရှိခဲ့ပြီး ယင်းအနက် သားမိနှစ်ဦးအပါအဝင် ၃ ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း သတင်းရရှိသည်။
ရခိုင်သို့ပြန်လာသည့် ခရီးသည် ၂၂ ဦးလိုက်ပါလာသော ငြိမ်းချမ်းခရီးသည်တင်ကားသည် ယနေ့ အောက်တိုဘာလ ၁၃ ရက် နေ့လယ် ၁ နာရီခန့်က ကရင်ပြည်နယ် မြ၀တီ-ကော့ကရိတ် အာရှလမ်းမကြီး(တောင်ပေါ်လမ်း) နတ်စင်ကွေ့တွင် ဘရိတ်ပေါက်၍ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိ၇သည်။
လက်ရှိတွင် ဒဏ်ရာရရှိသော လူနာများကို ကော့ကရိတ်ဆေးရုံကို ပို့ဆောင်ထားပြီး အသက်အန္တရာယ်စိုးရိမ်ရသူမရှိကြောင်း ကူညီဆောင်ရွက်ပေးသည့် မြ၀တီ သင်္ကန်းညီနောင်-မြို့သစ်၊ လူမှုကူညီရေးအသင်းဥက္ကဋ္ဌ ကိုစိုးမိုးဌေးက နိရဥ္စရာကိုပြောသည်။
"ပြင်းထန်ဒဏ်ရာရတဲ့အထဲမှာ ကလေးအမေနဲ့ ကလေးနဲ့တော့ တွေ့လိုက်တယ်။ အသက်တော့ မစိုးရိမ်ရဘူးပေါ့နော်။ ကျိုးတာတွေဘာတွေတော့ရှိတာပေါ့။ ပထမကတော့ သတိမရတော့ စိုးရိမ်းသွားတာပေါ့နော်။ မကြာခင်သတိပြန်၇လာခဲ့ပါတယ်"ဟု ပြောသည်။
လက်ရှိတွင် လူနာများ၏ နေရပ်လိပ်စာနှင့် အမည်များကို အတိအကျကိုမသိရှိသေးကြောင်း ကိုစိုးမိုးဌေးက ပြောသည်။
ဓာတ်ပုံ - မြ၀တီ သင်္ကန်းညီနောင်-မြို့သစ်၊ လူမှုကူညီရေးအသင်း
#ကားမတော်တဆ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.