Preview

ရခိုင်နယ်စပ်ကုန်သွယ်ရေး ယနေ့ပြန်လည်ဖွင့်လှစ်ခွင့်ပြု၊ ကုန်ပစ္စည်းများအဆင်သင့်ရှိပါက မနက်ဖြန်စတင်ကုန်သွယ်နိုင်ပြီဟုဆို

အောက်တိုဘာ ၁၃/ ၂၀၂၁ | ကြည့်ရှုသူ :979
ရခိုင် သတင်း


ချစ်အိလှိုင်
နိရဥ္စရာ၊ အောက်တိုဘာ ၁၃/ ၂၀၂၁
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ကုန်သွယ်ရေးကို ယနေ့တွင် ပြန်လည်ဖွင့်လှစ်ခွင့်ပြုလိုက်ပြီဟု ပြည်နယ်ကောင်စီပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ်ဦးလှသိန်းက နိရဥ္စရာကိုပြောသည်။
နယ်စပ်ကုန်သွယ်ရေးကို ယနေ့ အောက်တိုဘာလ ၁၃ ရက်တွင် ပြန်လည်ဖွင့်လှစ်ခွင့်ပြုလိုက်ပြီဆိုသည့်အကြောင်းကြားစာကို နစကကောင်စီထံမှ ယနေ့တွင်လက်ခံရရှိပြီး ကုန်သည်များအနေဖြင့် ကုန်ပစ္စည်းများအဆင်သင့်ရှိပါက မနက်ဖြန် အောက်တိုဘာ ၁၄ ရက်မှစတင်ကာ ကုန်စည်များကူးသန်းသွားလာနိုင်ပြီဟု ဦးလှသိန်းက ပြောသည်။
“နယ်စပ်ကုန်သွယ်ရေးက ပြည်ထောင်စုကလည်း သဘောတူတယ်ဆိုတော့ ကုန်သည်တွေမှာ ကုန်တွေ အဆင်သင့်ဖြစ်မယ်ဆိုရင် မနက်ဖြန်ကနေ ထွက်မယ်ဆိုရင် စထွက်နိုင်ပြီပေါ့” ဟုပြောသည်။
ယင်းသို့အကြောင်းကြားစာရရှိပြီးနောက် ယနေ့ ညနေပိုင်းတွင် ပြည်နယ်ကောင်စီရုံး၌ ရခိုင်မှ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းရှင်များနှင့် ပြည်နယ်ကောင်စီတာဝန်ရှိသူတို့တွေ့ဆုံဆွေးနွေးခဲ့ရာတွင်လည်း ကုန်သည်များတွင် ကုန်စည်များအဆင်သင့်ရှိပါက မနက်ဖြန်စတင်ကုန်သွယ်နိုင်ပြီဟု ကုန်သည်များကိုပြောဆိုခဲ့ကြောင်း ဦးလှသိန်းက ဆိုသည်။
ရခိုင်ပြည်နယ်ကုန်သွယ်ကြီးများအသင်း အထွေထွေအတွင်းရေးမှူး ဦးနိုင်နိုင်က ကုန်သွယ်ခွင့်ကို ပြည်နယ် ကောင်စီကခွင့်ပြုထားသော်လည်း ၄င်းတို့အနေဖြင့် လုပ်ငန်းစဉ်များအား အစီစဉ်တကျလုပ်ဆောင်နိုင်ရန် မနက်ဖြန်တွင် ကုန်သည်များအား အစည်းအဝေးခေါ်ယူထားကြောင်း ပြောသည်။
“သူတို့က ဖွင့်လို့ရပြီလားမေးတယ်။ ကျွန်တော်တို့က မနက်ဖြန်ဖွင့်ရင် မနက်ဖြန်သွားလို့ရပြီဆိုတော့ မနက်ဖြန်ဖွင့်ပေါ့လို့ပြောတယ်။ လိုင်စင်ခံခွင့်တွေရပြီပေါ့။ ကုန်သည်တွေကို ဘယ်လိုလုပ်ရမယ်ဆိုတာတွေ၊ စာရွက်စာတမ်းကိစ္စတွေကိုရှင်းပြချင်လို့ အစည်းအဝေးခေါ်ထားတယ်” ဟုပြောသည်။
ရခိုင်တွင် တစ်ဘက်ဘင်္ဂလားဒေရှ့်နိုင်ငံနှင့် ကုန်သွယ်မှုပြုလုပ်နေသည့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှာ စစ်တွေရွှေမင်းဂံကုန်သွယ်ရေးစခန်း၊ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းနှင့် ကညင်ချောင်းစီးပွားရေးဇုန်တို့ဖြစ်ကြသည်။
အဆိုပါဂိတ်များကို ကိုဗစ်တတိယလှိုင်းများအတွင်း ဇူလိုင်လ ၁၅ ရက်နေ့မှစ၍ ယနေ့အထိ ၃ လခန့်ကြာပိတ်ထားခဲ့၇သည်။
ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လအတွင်းတွင်လည်း ကိုဗစ်ဒုတိယလှိုင်းကြောင့် ပိတ်ထားခဲ့ပြီး ယခုနှစ် ၂၀၂၁ ခုနှစ်၊ ဧပြီလတွင် ပြန်လည်ဖွင့်လှစ်နိုင်ခဲ့သည်ဟု သိ၇သည်။
ကိုဗစ်တတိယလှိုင်းဖြစ်ပွားလာမှုကြောင့် ဇူလိုင်လအတွင်း ထပ်မံပိတ်ထားခဲ့၇ခြင်းဖြစ်သည်။
ဓာတ်ပုံ - မောင်တော ကညင်ချောင်းစီးပွားရေးဇုန်ရှိ စက်လှေအချို့အားတွေ့၇စဉ်။

#နယ်စပ်ရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.