English Edition
တနင်္ဂနွေနေ့၊ ဇူလိုင်လ ၀၆ရက်၊ ၂၀၂၅
လှူရန်
Preview
တောင်ကုတ်မိုးပညာဒါနကျောင်းဥက္ကဋ္ဌအမှု လိုပြသက်သေမရောက်၍ အောက်တိုဘာ ၂၈ ရက်တွင် စစ်ဆေးရန်ပြန်ချိန်း
အောက်တိုဘာ ၁၈/ ၂၀၂၁ | ကြည့်ရှုသူ :1422
ရခိုင် သတင်း
မြထွီးသျှင်
နိရဥ္စရာ၊ အောက်တိုဘာ ၁၈/၂၀၂၁
ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှ မိုးပညာဒါနကျောင်းဥက္ကဋ္ဌ၏အမှုတွင် လိုပြသက်သေကို ယနေ့စစ်ဆေးရန်ရှိသော်လည်း ရုံးချိန်းသို့ရောက်မလာ၍ အောက်တိုဘာ ၂၈ ရက်တွင် စစ်ဆေးရန်ပြန်ချိန်းလိုက်သည်ဟု အမှုအားလိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေဦးအောင်ကြည်နိုင်က နိရဥ္စရာသို့ပြောသည်။
“တရားလိုနဲ့လိုပြသက်သေ မရောက်တဲ့အတွက် ရုံးချိန်းကို နောက်အပတ်ကိုပြန်ချိန်းလိုက်၇ပါတယ်” ဟု ပြောသည်။
မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁)ဖြင့် တရားစွဲခံထားရသည့် မိုးပညာဒါနကျောင်းဥက္ကဋ္ဌ ဦးအောင်ဝင်းနိုင်၏တရားလိုဖြစ်သည့် တောင်ကုတ်မြို့ ၅၄၄ တပ်ရင်းမှ ဗိုလ်ကြီးကျော်ဇင်ဦးကို အောက်တိုဘာလ ၆ ရက်တွင် တောင်ကုတ်မြို့နယ်တရားရုံး၌ စတင်စစ်ဆေးခဲ့ပြီး တရားလိုပြသက်သေကိုမူ ယနေ့တွင်စစ်ဆေးရန် ချိန်းဆိုခဲ့ခြင်းဖြစ်သည်။
ဦးအောင်ဝင်းနိုင်နှင့် အခြား ၆ ဦးတို့သည် ပြီးခဲ့သည့် ဇွန်လ ၅ ရက်နေ့ နံနက်ပိုင်းက တောင်ကုတ်-သံတွဲလမ်းပိုင်း ဖုံညိုစစ်ဆေးရေးဂိတ်တွင် စစ်တပ်၏ ဖမ်းဆီးခြင်းကိုခံလိုက်၇သည်။
ဦးအောင်ဝင်းနိုင်သည် ရက္ခိုင့်တပ်တော်(AA)သို့ သစ်အခွန်ခငွေသုံးသိန်း အခွန်ဆောင်ခဲ့ပြီး အမည်မသိ လူ ၆ ဦးကို AA သို့ပို့ဆောင်ပေးခဲ့သည်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)ဖြင့် တောင်ကုတ်မြို့ ၅၄၄ တပ်ရင်းမှ ဗိုလ်ကြီးကျော်ဇင်ဦးက တရားလိုပြုလုပ်ကာ တရားစွဲဆိုခဲ့သည်။
ယင်းနောက် မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)ဖြင့် သြဂုတ်လ ၉ ရက်နေ့တွင် စတင် တရားစွဲဆိုခံလိုက်၇ခြင်းဖြစ်သည်။
မတရားအသင်းဆက်သွယ်မှုဥပဒေ ပုဒ်မ ၁၇(၁)သည် ၂ နှစ်ထက်မနည်း၊ ၃ နှစ်ထက်မပိုသော ထောင်ဒဏ်နှင့် ငွေဒဏ် ၂ ရပ်လုံးချမှတ်နိုင်သော ပုဒ်မဖြစ်သည်။
#တရားစီရင်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.