နိရဥ္စရာ၊ အောက်တိုဘာ ၁၈/ ၂၀၂၁
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ဖမ်းဆီးတရားစွဲထောင်ချခံခဲ့ထား၇သည့် သတင်းမီဒီယာသမား ၁၀ ဦးထက်မနည်း ယနေ့တွင် လွတ်မြောက်လာကြောင်း သိ၇သည်။
၎င်းတို့သည် ယနေ့ အောက်တိုဘာ ၁၈ ရက်နေ့လယ်ပိုင်းတွင် အကျဉ်းထောင်နှင့် အချုပ်အသီးသီးတို့မှ လွတ်မြောက်လာခြင်းဖြစ်သည်။
လွတ်မြောက်လာသူများမှာ DVB သတင်းထောက် ကိုမင်းညို၊ ကိုကောင်းမြတ်နိုင်(ခ) ကိုအောင်ကျော်၊ မုံရွာအောင်ရှင်၊ Kachin Wave မှ ဦးလရော်၊ 74 မီဒီယာမှ မချမ်းဘူး၊ မဆိုင်းနုပန်၊ Mizzima မီဒီယာမှ ဒေါ်သင်းသင်းအောင်၊ မြိတ်မြို့နယ်မှ Mizzima သတင်းထောက်ကိုဇော်ဇော်၊ ကိုဂျိမ်းစ်၊ ခေတ်ပုံရိပ်မှ ကိုအောင်ခန့်နှင့် ဦးကျော်မြင့်တို့အပါအဝင် စုစုပေါင်း ၁၀ ဦးထက်မနည်း ပါဝင်သည်ဟု သိ၇သည်။
ပုဒ်မ ၅၀၅(ခ)ဖြင့်တရားစွဲခံခဲ့ရပြီး လွတ်မြောက်လာသည့် မြိတ်မြို့နယ်မှ Mizzima သတင်းထောက်ကိုဇော်ဇော်က “ထောင်ထဲမှာတော့ ရိုက်နှက်စစ်ဆေးခံရတာမရှိဘူး။ သူတို့ဖမ်းဆီးတဲ့အချိန်မှာ ရိုက်နှက်ခံရတာရှိခဲ့ပါတယ်။ မီဒီယာသမားတစ်ယောက်အနေနဲ့ မီဒီယာ ကျင့်ဝတ်နဲ့အညီ ကျွန်တော်တို့ရေးသားတယ်။ သူတို့ဘက် မဟုတ်မမှန် ရေးသားတယ်ဆိုပြီး ဖမ်းဆီးခဲ့တာပါ” ဟု နိရဥ္စရာကို ပြောသည်။
ယနေ့ မြိတ်မြို့အကျဉ်းထောင်မှ ၄င်းနှင့်အတူ ပုဒ်မ(၅၀၅)ဖြင့် ဖမ်းဆီးထောင်ချခံထား၇သည့် DVB သတင်းထောက်ကိုကောင်းမြတ်နိုင်(ခ) ကိုအောင်ကျော်တို့နှစ်ဦးအပါအဝင် အကျဉ်းသား (၈၄) ဦးလွတ်မြောက်လာခဲ့ကြောင်း သူက ဆက်ပြောသည်။
မြန်မာနိုင်ငံတွင် လက်ရှိ ဖြစ်ပွားနေသည့် နိုင်ငံရေးမတည်ငြိမ်မှုများအတွင်း အကျဉ်းထောင် အချုပ်ထောင်/စခန်းအသီးသီးမှာ အကျဉ်းကျခံနေကြ၇သည့် အကျဉ်းသား/ အကျဉ်းသူ (၁၃၁၆) ဦးနှင့် အကြမ်းဖက်မှုပုဒ်မ ၅၀၅ ဖြင့် တရားစွဲဆိုခံထား၇သူ ၄၃၂၀ ဦးတို့၏အမှုများကို နစက ကောင်စီက ယနေ့တွင် အမှုပိတ်သိမ်းပြီး လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ပြီးနောက် ယခုကဲ့သို့ လွတ်မြောက်လာခြင်းဖြစ်သည်။
ရခိုင်အခြေစိုက်သတင်းသမားတစ်ဦးဖြစ်သူ ကိုသန်းလှိုင်က “ လွတ်လာကြတာကို ကြိုဆိုပါတယ်။ သတင်းသမားတွေကို ဖမ်းတာကိုတော့ သဘောမကျချင်ပါဘူး။ နောက်ထပ်ဖမ်းဆီးခံထား၇တဲ့သတင်းသမားတွေကိုလည်း ပြန်လွှတ်ပေးစေချင်ပါတယ်” ဟုပြောသည်။
တပ်မတော်အာဏာသိမ်းမှုဖြစ်စဉ်အတွင်း ဖေဖော်ဝါရီ ၁ရက်နေ့မှ ၁၁ ရက်နေ့အထိ ဖမ်းဆီးခံသတင်းသမား ၅၀ ဦးခန့်ဖမ်းဆီးခံထား၇ကြောင်း Myanmar Press Freedom In- Depth ကထုတ်ပြန်ထားသည်။