English Edition
တနင်္ဂနွေနေ့၊ ဇူလိုင်လ ၀၆ရက်၊ ၂၀၂၅
လှူရန်
Preview
ဂျပန်နိုင်ငံ အလယ်တန်းအဆင့် ကျောင်းပေါင်းစုံအပြေးပြိုင်ပွဲတစ်ခု၌ ၇ခိုင်လူငယ်အမွှာမောင်နှမ ၂ ဦး ဆုအသီးသီးရရှိ
အောက်တိုဘာ ၁၈/ ၂၀၂၁ | ကြည့်ရှုသူ :8534
ရခိုင် သတင်း
နှင်းနွယ်နီ
နိရဥ္စရာ၊ အောက်တိုဘာ ၁၈/၂၀၂၁
ဂျပန်နိုင်ငံ၊ ယိုကိုဆုကမြို့နယ်တွင် အလယ်တန်းအဆင့်ကျောင်းပေါင်းစုံ အပြေးပြိုင်ပွဲ၌ အိုပါးမား အလယ်တန်းကျောင်းကိုယ်စားပြု အပြေးပြိုင်ခဲ့သည့် ၇ခိုင်လူငယ်အမွှာမောင်နှမ ၂ ဦး ဆုအသီးသီးရရှိသွားကြောင်း သိ၇သည်။
ဆုရရှိသွားသည့် ၇ခိုင်လူငယ် အမွှာမောင်နှမမှာ ဂျပန်နိုင်ငံ၊ ခါနာဂ၀ခရိုင်၊ ယိုကိုဆုကမြို့တွင်နေထိုင်သည့် မောင်ကောင်းထက်ကျော် (၁၅ နှစ်)နှင့် မခိုင်ထက်ကျော်(၁၅ နှစ်)တို့ဖြစ်သည်။
မောင်ကောင်းထက်ကျော်သည် ပြီးခဲ့သည့် အောက်တိုဘာလ ၁၆ ရက်ကကျင်းပသည့် အမျိုးသားမီတာ ၂၄၀၀ အလယ်တန်းအဆင့်ကျောင်းပေါင်းစုံအပြေးပြိုင်ပွဲတွင် ဒုတိယဆု(ငွေတံဆိပ်)နှင့် ညီမဖြစ်သူ မခိုင်ထက်ကျော်သည် အမျိုးသမီး မီတာ ၂၀၀၀ အလယ်တန်းအဆင့်ကျောင်းပေါင်းစုံအပြေးပြိုင်ပွဲတွင် ပထမဆု(ရွှေတံဆိပ်)တို့ကို အသီးသီးရရှိသွားခြင်းဖြစ်သည်။
မိခင်ဖြစ်သူ ဒေါ်ချိုချိုဇံက “ဒီနိုင်ငံမှာ ကိုယ့်ကိုကိုယ်ကြိုးစားမှဖြစ်မယ်ဆိုပြီးတော့ မိဘကလည်း မိဘအလုပ်လုပ်ရတယ်။ သားသမီးကလည်း သားသမီးအလုပ်လုပ်မှဖြစ်မယ်ဆိုတော့ သူတို့ကလည်း ကြိုးစားကြလို့ ဒီလိုရတာပါ။ သူများနိုင်ငံမှာ၇တာဆိုတော့ ကိုယ့်လူမျိုးအတွက်လည်းဂုဏ်ယူပါတယ်။ ကိုယ့်သားသမီးလေးတွေအတွက်တော့ အတိုင်းမသိ ပျော်တာပေါ့” ဟုပြောသည်။
အဆိုပါ မောင်နှမ ၂ ဦးသည် ဂျပန်နိုင်ငံ၊ ယိုကိုဆိုကမြို့မှ အိုပါးမားကျောင်းတွင် အလယ်တန်း တတိယနှစ်၌ ပညာသင်ကြားနေသူများဖြစ်သည်။
သူတို့၏ ဖခင်ဖြစ်သူ ဦးအောင်ကျော်မင်းသည် ရခိုင်ပြည်နယ် ရမ်းဗြဲမြို့ဇာတိဖြစ်ပြီး မိခင် ဒေါ်ချိုချိုဇံမှာ မောင်တောမြို့ဇာတိဖြစ်သည်။
လက်ရှိတွင် ၎င်းတို့မိသားစုသည် ဂျပန်နိုင်ငံ ယိုကိုဆုကမြို့တွင် နေထိုင်လျက်ရှိကြောင်း သိ၇သည်။
#အားကစား
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.