Preview

၁၀ရက်အတွင်းရခိုင်ကုန်သွယ်ရေးစခန်း၂ခုကဘင်္ဂလာကို ကန်ဒေါ်လာ ၆သိန်းဖိုးခန့် ကုန်များတင်ပို့နိုင်ခဲ့ဟုဆို

အောက်တိုဘာ ၂၃/ ၂၀၂၁ | ကြည့်ရှုသူ :1029
ရခိုင် သတင်း

ချစ်အိလှိုင်
နိရဥ္စရာ၊ အောက်တိုဘာ၂၃/၂၀၂၁
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ကုန်သွယ်ရေးပြန်ဖွင့်ပြီး၁၀ ရက်အတွင်းတွင်၇ခိုင်ကုန်သွယ်ရေး စခန်းနှစ်ခုက အမေရိကန်ဒေါ်လာ ၆ သိန်းခန့်ပို့ကုန်များကို တင်ပို့နိုင်ခဲ့သည်ဟု သတင်းရရှိသည်။  မောင်တောနယ်စပ်ကုန်သွယ်ရေးဂိတ်မှအောက်တိုဘာ ၂၀ ရက်နေ့မှ ၂၂ ရက်နေ့အတွင်း အမေရိကန်ဒေါ်လာ ၁ သိန်းကျော်တင်ပို့နိုင်ခဲ့ကြောင်း မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်း ဒုဥက္ကဋ္ဌဦးအောင်စံသိန်းကနိရဥ္စရာသတင်းဌာနကို ပြောသည်။

အလားတူ စစ်တွေမြို့ရွှေမင်းဂံဆိပ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ အောက်တိုဘာ ၁၆ ရက်နေ့မှ ၂၂ ရက်နေ့အတွင်း အမေရိကန်ဒေါ်လာ၄ သိန်းခွဲခန့် တင်ပို့နိုင်ခဲ့ကြောင်း စစ်တွေမြို့ရှိ နယ်စပ်ကုန်သွယ်ရေး စခန်းမှ ဦးစီးမှူးဦးအောင်တိုးမင်းက ပြောသည်။

အောက်တိုဘာ ၁၃ ရက်နေ့ကနယ်စပ်ကုန်သွယ်ရေးကို ပြန်ဖွင့်ခဲ့ပေမယ့် အခက်အခဲတွေကြောင့် ဒီလ ၁၆ ရက်နေ့မှ စတင် တင်ပို့၇တယ်။မနေ့က အထိရွှေမင်းဂံဆိပ်နယ်စပ်ကုန်သွယ်ရေးစခန်းကနေ  ကုန်တင်စက်လှေ ၁၃ စီးနဲ့ အမေရိကန်ဒေါ်လာ ၄၅၂,၀၀၈ ဖိုး တင်ပို့နိုင်ခဲ့ပါတယ်ဟု  ၎င်းကပြောသည်။

အောက်တိုဘာ ၂၂ ရက်နေ့ထိရခိုင်ကုန်သွယ်ရေး စခန်း နှစ်ခုက တင်ပို့ကုန် စုစုပေါင်း တန်ဖိုးမှာ ကန်ဒေါ်လာ ၆သိန်းခန့်တင်ပို့နိုင်ခဲ့သည်ဟု ဆိုသည်။

မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်း ဒုဥက္ကဋ္ဌဦးအောင်စံသိန်းက ဖွင့်တာကအောက်တိုဘာ ၁၃ ရက်နေ့ကဆိုပေမဲ့ ကညင်ချောင်းလမ်းကပျက်နေလို့အလုပ်မဖြစ်ခဲ့ဘူး။ အခုက နယ်စပ်ကုန်သွယ်ရေး ကို မြို့ပေါ် POE က ပြန်ဖွင့်မှကုန်သွယ်ခဲ့၇တာပါ   ဟုပြောသည်။

ရခိုင်နယ်စပ်ကုန်သွယ်ရေးစခန်းများအနက်မောင်တောမှ ကညင်ချောင်းစီးပွားရေးဇုံနှင့် စစ်တွေမှ ရွှေမင်းဂံနယ်စပ် ကုန်သွယ်ရေးဂိတ်နှစ်ခုကို လွန်ခဲ့သည့် အောက်တိုဘာလ ၁၃ ရက်မှစတင်ကာ ၇ခိုင်ပြည်နယ်ကောင်စီကပြန်ဖွင့်ခွင့်ပြုခဲ့သည်။

သို့ရာတွင် ကညင်ချောင်းစီးပွားရေးဇုံ၌လမ်းပျက်စီးနေသဖြင့် ပို့ကုန်များကို မောင်တောမြို့ ပေါ်ရှိ နယ်စပ် ကုန်သွယ်ရေး (POE)စခန်းမှ တင်ပို့ခဲ့၇သည်ဟုဦးအောင်စံသိန်းက ပြောသည်။

ရခိုင်နယ်စပ်ကုန်သွယ်ရေးစခန်းများမှဘင်္ဂလားဒေ့ရှ်နိုင်ငံသို့တင်ပို့နိုင်ခဲ့သည့် အဓိကပို့ကုန်များမှာ ငါးမြစ်ချင်း၊ကြက်သွန်နီ၊ ဇီးယို စသည်တို့ ဖြစ်ကြသည်။

#ကုန်သွယ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.