Preview

သံတွဲမှဦးစိန်ချစ်နှင့်လူမှုရေး အတူလုပ်ကိုင်နေသူလူငယ်တစ်ဦး ဖမ်းဆီးစစ်ဆေးခံနေရ

အောက်တိုဘာ ၂၄/ ၂၀၂၁ | ကြည့်ရှုသူ :2777
ရခိုင် သတင်း

မြထွီးသျှင်

နိရဥ္စရာ၊ အောက်တိုဘာ၂၄/၂၀၂၁

PDF နှင့် ဆက်စပ်သံသယဖြင့် ဖမ်းဆီးအမှုဖွင့်ခံထား၇သည့် သံတွဲမြို့မှ ဦးစိန်ချစ်နှင့် လူမှုရေးလုပ်ငန်းများအတူလုပ်ကိုင်နေသူ လူငယ်တစ်ဦးကို မန်နေ့ နေ့လယ်က ရဲတပ်ဖွဲ့မှဖမ်းဆီးပြီး စစ်ဆေးနေသည်ဟု တင်းရရှိသည်။

၎င်းလူငယ်မှာ သံတွဲမြို့နယ် ငပလီမြို့၊ လင်းသာရပ်ကွက်မှ အသက်၂၄ နှစ်အရွယ် ကိုရဲနိုင်ဦးဖြစ်သည်။

သူသည် ဒေသအခေါ် တုတ်တုတ်(ခေါ်) အိန္ဒိယသုံးဘီးမောင်းနေသူတစ်ဦးဖြစ်ပြီး အောက်တိုဘာလ ၂၃ ရက် နေ့လယ် နာရီခန့်တွင် ငပလီရှိ ဟိုတယ်တစ်ခုရှေ့တွင် ဂိတ်ထိုးရပ်နားနေစဉ် ရဲတပ်ဖွဲ့ဝင်များက လာရောက်ခေါ်ယူသွားခဲ့ပြီး ဒီနေ့ မနက်ပိုင်းထိ ပြန်မလွှတ်ပေးသေးကြောင်း ူနှင့်ရင်းနှီးသူ မတင်တင်လွင်က နိရဥ္စရာသို့ပြောသည်။

သူ့ကိုရဲ ယောက်က ဆိုင်ကယ်တွေနဲ့လာခေါ်သွားတာပါ။ ထွေအုပ်ရုံးမှာ မေးမြန်းစရာတွေရှိလို့ဆိုပြီးတော့။ သူကိုယ်တိုင် တုတ်တုတ်မောင်းပြီး လိုက်သွားတာပါ။ သူမသွားခင် ကျမဆီမှာပြောသွားတာပါ။ ထွေအုပ်ရုံးမှာ မေးမြန်းစရာရှိလို့ သွား၇မယ်ဆိုပြီးတော့ဟု ပြောသည်။

ကိုရဲနိုင်ဦးကို ထွေအုပ်ရုံးတွင် မေးမြန်းစစ်ဆေးပြီးနောက် သံတွဲမြို့မရဲစခန်းသို့ထပ်မံခေါ်ဆောင်ကာ ထိန်းသိမ်းထားကြောင်း သူမက ဆက်ပြောသည်။

ကျမလည်း ထွေအုပ်ရုံးကိုလိုက်သွားတော့ ရဲကားတွေနဲ့ သူ့ကို မြို့မရဲစခန်းကိုခေါ်သွားပြီ။ ဘာအကြောင်းကြောင့်ဖမ်းတာလဲဆိုတာတော့ ကျမလည်းမသိဘူး။ စိတ်တွေထူပူနေတော့ မေးလည်းမမေးခဲ့၇ဘူးဟု ပြောသည်။

ကိုရဲနိုင်ဦးသည် PDF သံသယဖြင့် အမှုဖွင့်ခံထား၇သည့် ဦးစိန်ချစ်နှင့် လူမှုရေးလုပ်ငန်းများကိုလည်း တက်တက်ကြွကြွလုပ်ဆောင်ပေးနေသည့် သူတစ်ဦးဖြစ်ကြောင်း သိ၇သည်။

အမည်မဖော်လိုသည့်ငပလီမြို့ခံတစ်ဦးကလည်း ဦးစိန်ချစ်နဲ့ဆက်စပ်ပြီးတော့ ဖမ်းသွားတယ်လို့တော့ကြားတယ်။ အသေးစိတ်တော့ မသိသေးဘူးဟု ပြောသည်။

ကိုရဲနိုင်ဦး၏အစ်ကိုဖြစ်သူ ကိုရဲလွင်ဦးကို ဆက်သွယ်ရာ သူ့အနေဖြင့် နယ်ဘက်သို့ရောက်နေ၍ အကြောင်းစုံမသိသေးသည့်အတွက် မနက်ဖြန် ရဲစခန်းသို့သွားရောက်စုံစမ်းဦးမည်ဟု ဆိုသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး သံတွဲမြို့မရဲစခန်းကို နိရဥ္စရာသတင်းဌာနက အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပါ။

သံတွဲမြို့မှလူမှုရေးလုပ်ကိုင်နေသည့် အသက် ၄၂ နှစ်အရွယ် ဦးစိန်ချစ်ကို မအူပင်မှ PDF တစ်ဦးက အမည်ထုတ်ဖော်ပြောဆို၍ဟုဆိုကာ အောက်တိုဘာလ ရက် ၁၀ နာရီခန့်တွင် ၄င်း၏နေအိမ်မှာ ဖမ်းဆီးခေါ်ဆောင်ခံထား၇ပြီး အကြမ်းဖက်မှုပုဒ်မ ၅၀(က) ၅၂(က)ဖြင့် အမှုဖွင့်ခံထား၇သည်ဟု သိ၇သည်။

အလားတူ မြောက်ဦးမြို့နယ် ပန်းမော်ကျေးရွာမှ အသက် ၂၃ နှစ်အရွယ်ရှိ လူငယ်စာရေးဆရာ မင်းဒီပါကိုလည်း PDF နှင့်ဆက်စပ်သည်ဟုဆိုကာ အောက်တိုဘာလ ၁၅ ရက်တွင် သူ၏နေအိမ်မှတဆင့် ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းကိုခံခဲ့၇ပြီး အကြမ်းဖက်မှုပုဒ်မ ၅၀()ဖြင့် အမှုဖွင့်ခံထား၇သည်ဟု သိ၇သည်။

#တရားစီရင်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.