ချစ်အိလှိုင်
နိရဥ္စရာ၊ အောက်တိုဘာ၂၇/ ၂၀၂၁
၇ခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ရတနာမြိုင်ကျေးရွာအုပ်စုရှိဂွ-ရန်ကုန် ကားလမ်းမပေါ်တွင် ယမန်နေ့က ထပ်ဖမ်းဆီးခံ၇သည့် မူဆလင် ၂၁ ဦးတွင် အသက်(၆)နှစ်အောက်ကလေးငယ်၆ ဦးနှင့် အမျိုးသမီး ၁၂ ဦး ပါဝင်သည်ဟုသတင်းရရှိသည်။
ရတနာမြိုင်ကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူးဦးကိုသန်းက “ကလေး ၆ ဦး (ကျား၄+ မ ၂) ၊ အမျိုးသမီးကြီး ၁၂ ဦး၊ အမျိုးသား ၃ ဦး၊ စုစုပေါင်း ၂၁ဦး ဖမ်းမိပါတယ်။ ယမန်နေ့ အောက်တိုဘာ၂၆ ရက် နေ့လယ် ၂ နာရီခန့်ကဖမ်းမိခဲ့ခြင်းဖြစ်ပါတယ်။ အဲဒီအထဲမှာ ၇ခိုင် စကားပြောတတ်သူ အမျိုးသားတစ်ဦးသာ ပါဝင်ပါတယ်” ဟု နိရဉ္စရာသတင်းဌာနကို ပြောကြားသည်။
၎င်းတို့မှာ မောင်တောမြို့နယ်ကဟုပြောဆိုသော်လည်း ၇ခိုင်စကားပြောတတ်သူအမျိုးသားတစ်ဦးသာ ပါဝင်သည်ဟု အုပ်ချုပ်ရေးမှူးက ပြောဆိုသည်။
“ကားဒရိုင်ဘာက ဘီးပေါက်သွားလို့ချုံတစ်ခုနောက်မှာထားခဲ့တာ။ ကားသမားတစ်ယောက်နဲ့အတူ ထားခဲ့တယ်။မောင်တောကလို့ပြောတယ်။ ၇ခိုင်စကားပြောတတ်တာ တစ်ယောက်ပဲပါတယ်။ကျန်တဲ့လူတွေကမပြောတတ်ဘူးလို့ပြောတယ်။ မလေးရှားကိုသွားကြမှာလို့ သိ၇တယ်” ဟု ပြောသည်။
၄င်းတို့မှာသံတွဲမြို့နယ် မရိုးဘေးစက်လှေဆိပ်မှတဆင့် ကားဖြင့် ဂွလမ်းအတိုင်းမောင်းနှင်လာချိန်တွင်ကားဘီးပေါက်၍ ဆင်းကျန်ခဲ့ရာမှ ဖမ်းဆီး၇မိခဲ့ခြင်းဖြစ်ကြောင်း သူက ဆက်ပြောသည်။
လက်ရှိတွင်၄င်းတို့အား ကျိန္တလီရဲစခန်းတွင်ဖမ်းဆီးထိန်းသိမ်းထားပြီး လ၀ကဖြင့် ပူးပေါင်း၍အမှုဖွင့်ဆောင်ရွက်နေကြောင်း သိ၇သည်။၄င်တို့အပါအဝင်ရခိုင်တွင် ယခုလအောက်တိုဘာလအတွင်း အထောက်အထားမဲ့ ခရီးသွားလာသူ မူဆလင် ၁၉၀ဦးခန့်ဖမ်းဆီးရမိခဲ့ကြောင်း သိ၇သည်။
၄င်းတို့မှာအောက်တိုဘာ ၈ ရက်နေ့က ပုဏ္ဏားကျွန်းမြို့နယ် ဗလိပေါက်ချောင်းရွာအနီး ကုလားတန်မြစ်အတွင်း စက်လှေတစ်စီးမှ ၃၅ဦး၊ အောက်တိုဘာ ၂၁ ရက်နေ့က ပုဏ္ဏားကျွန်းမြို့နယ်ဗလီမော်ရွာအနီး ကုလားတန်မြစ်မအတွင်းစက်လှေတစ်စီးမှ ၄၅ ဦးနှင့် ဂွမြို့နယ် ငါးသိုင်းချောင်းကားလမ်းပေါ်ကုန်တင်ကားတစ်စီးပေါ်မှ ၅၂ ဦး၊ အောက်တိုဘာ ၂၆ ရက်နေ့ကသံတွဲမြို့နယ် ကြာညိုကျေးရွာအနီးမှ ၁၇ ဦးနှင့် ယမန်နေ့က ဂွမြို့နယ် ရတနာမြိုင်ကျေးရွာမှ၂၁ ဦးတို့ဖြစ်သည်။
၄င်းအပြင် အောက်တိုဘာ၂၄ ရက်နေ့က မောင်တောမြို့နယ်တွင် တစ်ဘက်နိုင်ငံ ဘင်္ဂလားဒေရှ့်ဒုက္ခသည်စခန်းများမှ တရားမဝင်ဝင်ရောက်လာသူအသက်မပြည်သည့် အမျိုးသမီး ၃ ဦးနှင့် အောက်တိုဘာ ၁၄ ရက်နေ့ကဘင်္ဂလားဒေရှ့်နိုင်ငံ ကူတူပါလောင်နှင့် နာယာပါရာ ဒုက္ခသည်စခန်းက မောင်တောမြို့နယ်ခြံစည်းရိုးကိုကျော်ဝင်လာသူ၁၃ ဦး၊ စုစုပေါင်း ၁၈၆ ဦးတို့ဖြစ်ကြသည်။