ကြာသပတေး၊ အောက်တိုဘာလ ၁၇ရက်၊ ၂၀၂၄

ခရီးသွားများကိုဆွဲဆောင်မည့် ငပလီကမ်းခြေ ဆောင်းဦးပွဲတော် ၅ ရက်ကျင်းပရန် စီစဉ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ အောက်တိုဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 5k

အေးမြတ်ခိုင်

နိရဥ္စရာ၊အောက်တိုဘာလ ၂၈/၂၀၂၁

ခရီးသွားများကို ဆွဲဆောင်ရန် ရည်ရွယ်ချက်ဖြင့် ရခိုင်ပြည်နယ် သံတွဲမြို့နယ် ငပလီကမ်းခြေတွင် ဆောင်းဦးပွဲတော် ၅ ရက်တိုင်တိုင်ကျင်းပသွားမည် ဖြစ်ကြောင်း တင်းရရှိသည်။

ယမန်နေ့ အောက်တိုဘာလ ၂၇ ရက် မနက် ၁၀နာရီခန့်မှာ သံတွဲခရိုင်အုပ်ချုပ်ရေးဌာန အစည်းဝေးခန်းမတွင် ပြုလုပ်သည့် စည်းဝေးတွင်  နိုဝင်ဘာလ ၁၅ ရက်နေ့မှ ၁၉ရက်နေ့အထိ တန်ဆောင်တိုင်အပါအဝင် ဆောင်းဦးရာသီပွဲ ၅ ရက်ကျင်းပရန် ဆုံးဖြတ်ခဲ့ကြသည်ဟု ငပလီမြို့မိမြို့ဖတစ်ဦးဖြစ်သည့် ဦးဖိုးရီအောင်က နိရဥ္စရာကိုပြောသည်။


"နိုဝင်ဘာလ ၁၅ရက်နေ့ကနေ ၁၉ရက်နေ့အထိ တန်ဆောင်တိုင်အပါအဝင် ၅ ရက်ယာယီ သတ်မှတ်ထားပါတယ်။ ပြည်နယ်ကို ဆက်လက် တင်ပြထားပါတယ်။ ပြည်နယ်က  ဘယ်လို သဘောထားပေးမယ်ဆိုတာတော့မသိဘူးပေါ့။ ခရိုင်ဥက္ကဌကိုယ်တိုင်ကလည်း ဒီလိုသတ်မှတ်မယ်လို့ ပြောပါတယ်ခင်ဗျ"ဟု ပြောသည်။

မန်နေ့က ပြုလုပ်သည့် အစည်းအဝေးကို ခရိုင်အဆင့်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဟိုတည်နှင့် ခရီးသွားလာရေးလုပ်ငန်းများမှ တာဝန်ရှိသူများအပါအဝင် ငပလီမြို့မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် မြို့မိမြို့ဖများ ပါဝင်တက်ရောက်ခဲ့သည်ဟု သိရသည်။


ငပလီကမ်းခြေကို ဆောင်းရာသီကမ်းခြေဖွင့်ပွဲအနေနှင့် ခရီးသွားပိုမိုလာရောက်စေရန် ရည်ရွယ်သလို ရခိုင်ပြည်တွင်း တည်ငြိမ်ခြင်းနှင့် အေးချမ်းခြင်းကိုဖော်ဆောင်လိုသည့်အတွက် ယခုလို ကျင်းပရခြင်း ဖြစ်ကြောင်း ဦးဖိုးရီအောင်က ဆက်ပြောသည်။


"ဆောင်းရာသီကမ်းခြေဖွင့်ပွဲပေါ့။ နဂိုကတည်းကလည်းဖွင့်ပါတယ်။ ဒါပေမယ့်များများသိအောင်ဖွင့်တဲ့ သဘောပါ။ ပြီးတော့ တည်ငြိမ်ခြင်း၊ အေးချမ်းခြင်းကိုဖော်ဆောင်ချင်တဲ့ တစ်ကဏ္ဍရှိတယ်။ ကျွန်တော်တို့ နိုင်ငံအထဲက ရခိုင်ပြည်နယ် ကျွန်တော်တို့ဒေသတွေဟာလည်း ဒီလိုအေးချမ်းနေတယ်ဆိုတဲ့ ဟာလေးကိုလည်း ပြချင်တာလည်းပါတယ်"ဟု ပြောသည်။

ကိုဗစ်ကာလအတွင်း ခရီးသွားလုပ်ငန်းမလည်ပတ်၍ ဒေသခံများကျပ်တည်းမှုများရှိနေသည့်အတွက် ယခု ဆောင်းဦးပွဲတော်ကြောင့် ခရီးသွားများပြန်လည်ဝင်ရောက်လာလျှင် ဒေသခံပြည်သူများ အဆင်ပြေလာနိုင်သဖြင့် မ်းသာကြောင်း ငပလီမြို့ခံတစ်ဦးဖြစ်သည့် ကိုသက်ကပြောသည်။


"ဆောင်းရာသီပွဲတော် ကျင်းပတဲ့အပေါ်မူတည်ပြီးတော့ ကျွန်တော်တို့ဒေသကိုခရီးသွားဧည့်သည်တွေ ပြန်ရောက်လာရင် စားသောက်ဆိုင်ပိုင်းတွေရော၊ ရေလုပ်ငန်းကထွက်တဲ့ပစ္စည်းတွေရော၊ အမှတ်တရ ပစ္စည်းထုတ်တဲ့လူတွေ၊ ပြီးတော့ ဒေသခံတည်းခိုခန်ပိုင်ရှင်တွေကအစအဆင်ြေမှာ ဖြစ်တဲ့ အတွက်ကြောင့် ဒေသတစ်ခုဖွံ့ဖြိုးဖို့အတွက် ဝမ်းလည်းဝမ်းသာတယ်"ဟုပြောသည်။

ငပလီကမ်းခြေသည် မြန်မာနိုင်ငံ၏အလှပဆုံးကမ်းခြေထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။ ငပလီကမ်းခြေ၏သာယာလှပမှုကြောင့် မြန်မာနိုင်ငံမှာသာမက အာရှတွင်ပါ  "အာရှရဲ့အပျိုစင်ကမ်းခြေ" အဖြစ် တင်စားခြင်းခံရသည့် ကမ္ဘာကျော်ကမ်းခြေတစ်ခုလည်းဖြစ်သည်။ နှစ်စဥ် နိုင်ငံခြားသားများ အပါအဝင် ခရီးသွားဧည့်သည်အများအပြားလာရောက်လည်ပတ်လေ့ရှိသော ကမ်းခြေတစ်ခုဖြစ်သည်။

 

ဆက်စပ် သတင်းများ