သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

စစ်တွေတန်ဆောင်တိုင်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ အောက်တိုဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 4.2k

သဥ္ဇာနွယ်

နိရဥ္စရာ၊ အောက်တိုဘာ ၂၉ / ၂၀၂၁

ရခိုင်ပြည်နယ်မြို့တော် စစ်တွေတွင် ယခုနှစ် တန်ဆောင်တိုင်ပွဲတော်ကို ယခင်နှစ်များက ကျင်းပခဲ့သည့် ပွဲတော်များအတိုင်း စည်စည်ကားကားကျင်းပသွားမည်ဟု သတင်းရရှိသည်။

စစ်တွေ တန်ဆောင်တိုင်ပွဲတော်ကို ကိုဗစ်ကြောင့် မကျင်းပနိုင်ခဲ့သည်မှာ ၂ နှစ်ခန့် ရှိပြီဟု သိရသည်။

ယခုနှစ်တန်ဆောင်တိုင်ပွဲတော်တွင် ပြည်လုံးချမ်းသာဘုရားကြီးရှေ့ရှိ ဝင်္ကာပါကွင်းတွင် ဆွမ်းတော်ကြီး လောင်းပွဲ၊ မြို့ပတ်ကာ အရုပ်ကြီးလှည့်လည်ပွဲ၊ တန်ဆောင်တိုင် မီးထွန်းပွဲ ညဇာတ်ွဲများဖြင့် ယခင်နှစ်များက ကျင်းပခဲ့သည့်ပုံစံအတိုင်း ပြန်လည်ပြုလုပ်ကျင်းပသွားမည်ဟု ဘုရားကြီးဂေါပကအဖွဲ့ ဦးမောင်ဒုတ်က နိရဥ္စရာကိုပြောသည်။

ဒီနှစ်မှာကျင်းပနိုင်တော့မယ်ဆိုတော့ ဝမ်းသာအားရဖြစ်မိတယ်။ ပွဲတွေလည်းပါမယ်။ ဘုရား အတွက်လည်းလိုအပ်တဲ့ ရန်ပုံငွေတွေရတယ်ဟု ပြောသည်။

တန်ဆောင်မုန်းလတွင်ပြုလုပ်မည့် ဆွမ်းလောင်းလှူပွဲကိုသံဃာတော် အပါး  ၅၅ဝပါးဖြင့် ပြုလုပ် သွားမည်ဖြစ်ပြီး ၎င်းပွဲတွင်လှည့်လည်မည့် အရုပ်ကြီး ဇနီးမောင်နှံကို ပြန်လည်ပြုလုပ်နေပြီဖြစ်သည်ဟု ဦးမောင်ဒုတ်ကဆက်ပြောသည်။

ညပွဲတွင် စိန်ရွေရတနာ အနုပညာသဘင်က ကပြဖြေဖျော်မည်ဖြစ်ကြောင်း သူကဆက်ပြောသည်။

စစ်တွေ တန်ဆောင်တိုင်ပွဲတော်မှာ အလွန်စည်ကားသည့် ပွဲတော် တစ်ခုဖြစ်သဖြင့် ပျော်ပွဲ၊ရွှင်ပွဲများဖြင့် ပြန်လည် ကျင်းပ ြုလုပ်တော့မည်ဖြစ်သောကြောင့် စစ်တွေဒေသခံများလည်း ပျော်ရွင်နေရသည်ဟု စစ်တွေမြို့ခံ ကိုစိုးပိုင်ကပြောသည်။

တန်ဆောင်တိုင်ကို ွဲတွေအများကြီးနဲ့ ပြန်လုပ်ဖြစ်မယ်ဆိုတော့ အရမ်းပျော်တယ်။အရင်တုန်းက ပီတိဖြစ်ခဲ့သလိုမျိုး အခုပြန်ခံစား ရတော့မယ်ဆိုတော့ တကယ်ဝမ်းသာပါတယ်ဟုပြောသည်။

 စစ်တွေတွင် ကိုဗစ်ကြောင့် သီတင်းကျွတ်ပွဲတော်ကို မကျင်းပနိုင်ခဲ့သော်လည်း လက်ရှိတွင် ကိုဗစ်ဖြစ်ပွားမှုကျဆင်းသွားပြီ ဖြစ်သဖြင့်  တန်ဆောင်တိုင်ပွဲတော်ကို ပြန်လည် ကျင်းပရန် စီစဉ်နေခြင်း ဖြစ်ကြောင်း သိရသည်။

 

ဆက်စပ် သတင်းများ