Preview

စစ်တွေတန်ဆောင်တိုင်ပွဲတော်အတွက် အရုပ်ကြီးမောင်နှံဖြင့် မြို့ပတ်အလှူခံ၊ နေ့တဝက်အတွင်း ၁၃ သိန်းကျော်ရရှိ

နိုဝင်ဘာ ၀၈/ ၂၀၂၁ | ကြည့်ရှုသူ :1598
ရခိုင် သတင်း

အေးမြတ်ခိုင်
နိရဥ္စရာ၊ နိုဝင်ဘာ ၈/၂၀၂၁
၇ခိုင်ပြည်နယ်၊ စစ်တွေမြို့ တန်ဆောင်တိုင်ပွဲတော်တွင် ထည့်သွင်းကျင်းပမည့် သံဃာအပါး ၅၀၀ ကျော်ကိုဆွမ်းတော်ကြီးလောင်းလှူရန် အတွက် အရုပ်ကြီးဇနီးမောင်နှံလှည့်လည်အလှူခံလျက်ရှိရာ စတင်အလှူခံသည့်နေ့ နေ့တဝက်အတွင်း အလှူငွေ ကျပ် ၁၃ သိန်းကျော်ရရှိခဲ့ကြောင်း သိ၇သည်။
စစ်တွေတွင် အတုလမာရဇိန် ပြည်လုံးချမ်းသာဘုရားကြီး ဂေါပကအဖွဲ့ကဦးဆောင်၍ သံဃာတော်အပါး ၅၅၀ ကိုဆွမ်းတော်ကြီးလောင်းလှူရန် အရုပ်ကြီးဇနီးမောင်နှံသည် ယနေ့ နိုဝင်ဘာလ ၈ ရက် နံနက် ၈ နာရီမှစတင်ကာ မြို့ပတ်လှည့်လည်အလှူခံနေခြင်းဖြစ်ပြီး ယနေ့ မွန်းလွဲပိုင်းအချိန်အတွင်း ကျပ် ၁၃ သိန်းကျော်ကောက်ခံရရှိခဲ့ပြီဟု သိ၇သည်။
ရရှိသည့်အလှူငွေကို သံဃာတော်များအား ဆွမ်းတော်ကြီးလောင်းလှူပြီး ဘုရားကြီးဘက်စုံပြုပြင်မွမ်းမံရာတွင်လည်း အသုံးပြုမည်ဖြစ်၍ ဝမ်းမြောက်ကြောင်းဖြစ်ရကြောင်း ဂေါပက အဖွဲ့ဥက္ကဋ္ဌ ဦးမောင်ဒုတ်က နိရဥ္စရာကို ပြောသည်။
"ဝမ်းမြောက်ဝမ်းသာဖြစ်ပါတယ်။ သံဃာအပါး ၅၅၀ ကို ဆွမ်းတော်ကြီးလောင်းလှူမှာလေ အဲ့ဒီအလှုငွေတွေနဲ့"ဟု ပြောသည်။
ဆွမ်းတော်ကြီးလောင်းလှူပွဲကို တန်ဆောင်မုန်းလပြည့်နေ့ဖြစ်သော နိုဝင်ဘာလ ၁၈ ရက်တွင် စစ်တွေမြို့ ပြည်လုံးချမ်းသာဘုရားကြီးရှေ့ရှိ ဝင်္ကပါကွင်းတွင်ပြုလုပ်သွားမည်ဟု ဆက်ပြောသည်။
ယင်းသို့ ဆွမ်းတော်ကြီးလောင်းလှူနိုင်ရန်အတွက် အရုပ်ကြီးဇနီးမောင်နှံသည် စစ်တွေမြို့ကို ပတ်၍ နိုဝင်ဘာလ ၁၀ ရက်အထိ (၃)ရက်တိုင်တိုင် လှည့်လည်အလှူခံသွားမည်ဟုလည်း သိ၇သည်။
စစ်တွေတွင် နှစ်စဉ်တန်းဆောင်မုန်းလပြည့်နေ့ နံနက်ပိုင်းတွင် ဆွမ်းတော်ကြီးလောင်းလှူပွဲနှင့် ညပွဲအဖြစ် ဇာတ်သဘင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲများကို ဝင်္ကပါကွင်းတွင် ကျင်းပလေ့ရှိပြီး တိုက်ပွဲနှင့် ကိုဗစ်ကြောင့် မကျင်းပနိုင်ခဲ့သည်မှာ (၂)နှစ်ရှိပြီဟု သိ၇သည်။
ယခုနှစ်ကျင်းပမည့် စစ်တွေတန်ဆောင်တိုင်ပွဲတွင် ညပွဲအဖြစ် စိန်ရွှေရတနာဇာတ်သဘင်က ကပြဖျော်ဖြေမည်ဟု သိ၇သည်။

#ဘာသာရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.