Preview

၇သေ့တောင်- ဘူးသီးတောင်-မောင်တော-စစ်တွေ မြို့နယ် ၄ ခုအကြား ဆက်သွယ်ထားသည့် ကျောက်ပန္ဒူ- စေတီပြင်ကားလမ်း ဆိုးဝါးစွာပျက်စီးနေ၍ ခရီးသွားလာရေး အခက်ကြုံနေရ

နိုဝင်ဘာ ၁၂/ ၂၀၂၁ | ကြည့်ရှုသူ :7149
ရခိုင် သတင်း

ထက်အောင်

နိရဥ္စရာ၊နိုဝင်ဘာ ၁၂/ ၂၀၂၁

ရသေ့တောင်မြို့နယ်အနောက်ပိုင်း၊ ဘူးသီးတောင်မြို့နယ် တောင်ပိုင်း၊မောင်တောမြို့နယ်တောင်ပိုင်းနှင့်၇ခိုင်ပြည်နယ် မြို့တော် စစ်တွေတို့ အကြား ဆက်သွယ်ထားသည့် ကျောက်ပန္ဒူ- စေတီပြင် မေယု တောင်ကြားလမ်းမှာ ဆိုးဆိုးဝါးဝါးပျက်စီးနေသဖြင့် ဒေသခံများအနေဖြင့် ခရီးသွာရာတွင် အထူး အခက်အခဲ ဖြစ်နေကြရသည်ဟု သတင်းရရှိသည်။

၇သေ့တောင်မြို့နယ်မယူကမ်းဒေသခံ ဦးကျော်သန်းက အဲဒီ မယူတောင်တောင်ကြားလမ်းကဒေသတစ်ခုလုံး အတွက် အရေးကြီးတယ်။ ဒီလမ်းကို သုံးပြီး ဘူးသီးတောင်မြို့နယ် တောင်ပိုင်းကလူတွေ၊ ရသေ့တောင်မြို့နယ် အနောက်ဘက် မေယုကမ်းတစ်ခုလုံးက လူတွေရော အသုံးပြု သွားလာနေတဲ့လမ်းပါ။ ဒီတောင်ကျော်လမ်းက ကားနဲ့ မိနစ် ၃၀ ဖြတ်သွားရင် မောင်တော- အငူမော် ကွန်ကရစ်လမ်းကို ရောက်ပါတယ်။ အဲဒီလမ်းကနေ အငူမော်၊ အငူမော်ကနေ စစ်တွေကို သွားရင် တစ်နာရီကျော်ကျော်လောက်ဘဲ ကြာတယ်။ စစ်တွေကို အချိန်တိုအတွင်း ရောက်တဲ့ လမ်းပါ။ အခု ကားတွေ သွားလာလို့ မ၇ဖြစ်နေတော့ဒေသခံတွေ တော်တော် အခက်အခဲဖြစ်နေကြပါတယ်ဟု ပြောကြားသည်။

၎င်းတောင်ကျော်လမ်းမှာ မောင်တောမြို့နယ် ကျောက်ပန္ဒူနှင့် ၇သေ့တောင်မြို့နယ်  စေတီပြင် ရွာအကြားလွန်ခဲ့သည့်NLD အစိုး၇လက်ထက်  ၂၀၁၇-၂၀၁  ခုနှစ်က  ဂျပန်နိုင်ငံ JICA အကူအညီဖြင့်လမ်းအထူးအဖွဲ့ (၁၇) ကတာဝန်ယူ ဖောက်လုပ်သော လမ်းဖြစ်သည်။

ထိုသို့ ဖောက်လုပ်ရာတွင် လမ်းပိုင်းအများအပြားကို ကွန်ကရစ်ခင်းခြင်း၊တံတားများ တည်ဆောက်ခြင်းများကို အကောင်အထည်ဖော် ဆောင်ရွက် လုပ်ကိုင်ခဲ့ကြသော်လည်း လမ်းပိုင်းအများအပြားမှာပြီးစီးမှု မရှိဘဲ ရပ်တန့်နေကြောင်း သိ၇သည်။

လမ်းအထူးအဖွဲ့(၁ရ) မှ ဒုတိယညွှန်ကြားရေးမှူး ဦးလှရွှေက တောင်အောက်ပိုင်းတွေကတော့ ကောင်းသွားမှာပေါ့။တောင်ပေါ်ပိုင်းကတော့ (၂) မိုင်ခွဲလောက်ကို လုပ်ဖို့အတွက် ရန်ပုံငွေများများ ိုတယ်။ အဲဒါကမလုပ်နိုင်သေးဘူး။ မြေပြိုတဲ့အပိုင်းတွေကို မြေပြန်ဖြည့်ပြီး ထိန်းသိမ်းရေး အပိုင်းလောက်ပဲ လုပ်နိုင်မယ်။ဒီလကုန်လောက်ဆိုရင်တော့ လုပ်လို့၇ပါပြီဟု ပြောသည်။

ထို မေယုတောင်ကြားလမ်းတွင်  တောင်အတက်နှင့်အဆင်း၌ကွန်ကရစ်ခင်းထားပြီး ကျန်အပိုင်း များတွင်ကျောက်များခင်းထားခြင်းဖြစ်သဖြင့်  လက်ရှိတွင် ကျောက်ခင်းလမ်း၌ ကားများ၊ဆိုင်ကယ်များ သွားလာ၍မ၇အောင်အထိ ပျက်စီးနေသည်ဟု ဒေသခံများက ပြောသည်။

ထိုတောင်ကျော်လမ်းကိုသာကောင်းမွန်အောင် ပြန်လည်ဖောက်လုပ်နိုင်ပါက ရသေ့တောင်မြို့နယ်၊ မယူကမ်းဒေသနှင့်မောင်တောမြို့နယ်တို့မှ ဒေသခံလက်လုပ်လက်စားတို့အဖို့ များစွာ အကျိုးရှိစေမည် ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

မောင်တောမြို့နယ်အင်းဒင်ရွာမှ ဒေသခံတစ်ဦးက အဓိကတော့စေတီပြင်ကျော်လမ်းဟာ မယူကမ်း ဒေသကရွာသူ၊ ရွာသားတွေလည်း အဲလမ်းကို မှီခိုပြီး ဒီဘက်မှာ လာလုပ်စား၇တာ။ မနက်စောစော ဆိုရင် ဆိုင်ကယ်တွေ၊ ကားကြုံတွေနဲ့ မောင်တောမြို့နယ် တောင်ပိုင်း ပင်လယ်ကို ငါးရှာဖို့ရောက်လာတယ်။ ပြီးတော့ ဟိုဖက်မှာ ပြန်ရောင်းကြတယ်။အဲလမ်းလေးက မကောင်းဘူးဆိုတော့ သွားလာလုပ်လို့မ၇ဘူး။  ခုလို ဖြစ်တော့ သူတို့မှာ စားဝတ်နေရေးခက်ခဲနေကြ၇တယ်ဟု ဆိုသည်။

 ကျောက်ပန္ဒူ- စေတီပြင် တောင်ကြားလမ်းသည် မောင်တောမြို့နယ် ဘူးသီးတောင်မြို့နယ်၊ ရသေ့တောင်မြို့နယ်ရှိ  ဒေသခံပြည်သူ ထောင်ပေါင်းများစွာ အသုံးပြုသောလမ်းဖြစ်သဖြင့် ခရီးသွားလာရေ လွယ်ကူ လျင်မြန်စေရန်အတွက် အမြန်ဆုံးလမ်းကို ပြုပေးစေလိုသည်ဟု မောင်တောမြို့နယ်၊အင်းဒင်ရွာကျေးရွာမှ ကိုထွန်းမြင့်ဦးက  ပြောသည်။

 အစိုးရအနေနဲ့အခြေခံလူတန်းစားတွေရဲ့ လိုအပ်မှုကို လုပ်ပေးစေချင်တယ် ဒေသဖွံ့ဖြိုး တိုးတက်ရေးကို လိုချင်တယ်ဆိုရင်ဒေသခံပြည်သူတွေ မရှိမဖြစ် အသုံးပြုနေရတဲ့ လမ်းတွေကို အစိုး၇က ဖောက်လုပ်ပေးဖို့ လိုအပ်ပါတယ်ဟု ပြောသည်။

အဆိုပါလမ်းသည်မောင်တောမြို့နယ် ကျောက်ပန္ဒူမှ ရသေ့တောင်မြို့နယ် စေတီပြင်ကျေးရွာအထိ အရှည်မိုင်အရှည် (၁၀)မိုင်နှင့် (ရ)ဖာလုံ ရှိပြီး မေယုတောင်ခြေရင်းမှာစေတီပြင်ကျေးရွာ မရောက်ခင် တစ်မိုင်ကျော်ခန့်ထိ ကွန်ကရစ် ခင်းထားပြီဟုဆောက်လုပ်ရေးဝန်ကြီးဌာနမှတစ်ဆင့်  သိ၇သည်။

 ဓာတ်ပုံ- ကျောက်ပန္ဒူ-အင်းဒင်-စေတီပြင်ကားလမ်းရှိ မေယုတောင်ကြားလမ်းပျက်စီးနေမှုအားနိုဝင်ဘာ ၁၁ ရက်က တွေ့၇စဉ်။

#လမ်းပန်းဆက်သွယ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.