Preview

မတရားဖမ်းဆီးခံထားရသည့် ရခိုင်ပြည်သူများနှင့် AA တပ်ဖွဲ့ဝင်များကိုပြန်လွှတ်ပေးစေလို၍ စစ်သုံ့ပန်းများကို ပြန်လွှတ်ပေးခြင်းဟု AA ပြောခွင့်ရသူ ဦးခိုင်သုခပြော

နိုဝင်ဘာ ၁၆/ ၂၀၂၁ | ကြည့်ရှုသူ :4020
ရခိုင် သတင်း

ချစ်အိလှိုင်

နိရဥ္စရာ၊နိုဝင်ဘာ ၁၆/ ၂၀၂၁

 

မတရားဖမ်းဆီးထားသည့်၇ခိုင်ပြည်သူများနှင့် AA တပ်ဖွဲ့ဝင်များကိုပြန်လွှတ်ပေးစေလိုသဖြင့် စစ်သုံ့ပန်း၁၅ ဦးကို ပြန်လွှတ်ပေး၇ခြင်းဖြစ်ကြောင်း  ရက္ခိုင့်တပ်တော်(AA) ပြောခွင့်ရသူ ဦးခိုင်သုခက နိရဥ္စရာအားပြောသည်။

 

မြန်မာစစ်တပ်ဖက်ကနေမတရားဖမ်းဆီးအကျဉ်းချထားတဲ့ ကျွန်တော်တို့ရဲ့ ၇ခိုင်ပြည်သူတွေ၊ နောက်ကျွန်တော်တို့ULA/AA အဖွဲ့ဝင်တွေကိုလည်းပဲမြန်မာစစ်တပ်ဖက်က ပြန်လွှတ်ပေးစေလိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ကျွန်တော်တို့ ထိန်းသိမ်းထားတဲ့သုံ့ပန်းတွေကို အခုလို လွှတ်ပေး၇တာ ဖြစ်တယ်ဗျဟုပြောသည်။

 

ယမန်နေ့နိုဝင်ဘာ ၁၅ ရက်နေ့ ညနေရ နာရီခွဲခန့်က ပုဏ္ဏားကျွန်းမြို့နယ် တောင်ပေါက်ရွာနှင့် ဒီပါရုံကျေးရွာအကြားကျောက်ကွင်းအနီးတွင်မြန်မာတပ်မတော်က ဆေးဗိုလ်ကြီး ရဲလင်းစိုး အပါအဝင် စစ်သားနှင့် ရဲတပ်သားတချို့စုစုပေါင်း၁၅ ဦးကို AA ကလွှတ်ပေးခဲ့သည်။

 

၄င်းတပ်မတော်အရာရှိဆေးမှူးနှင့်တပ်သားများမှာလွန်ခဲ့သည့် ၂၀၂၀ ပြည့်နှစ် မေလခန့်က ဖြစ်ပွားခဲ့သည့် မီး၀တိုက်ပွဲမှ စစ်သုံ့ပန်းများဖြစ်ကြကြောင်းဦးခိုင်သုခကဆက်ပြောသည်။

 

လွှတ်ပေးလိုက်တဲ့အထဲမှာတော့စစ်တပ်ကလည်းပါတယ်။ ရဲကလည်းပါတယ်ဗျ။ အဲဒီမှာတချို့ဆိုရင် လွန်ခဲ့နှစ်ကဖြစ်ခဲ့တဲ့ မီး၀တိုက်ပွဲအတွင်းမှာဖမ်းမိတဲ့သူတွေပါတယ်။ နောက်တခြား နေရာစုံက ဖမ်းဆီး၇မိထားတဲ့သူတွေပေါ့နော်ဟုပြောသည်။

 

ရခိုင်ပြည်နယ်တွင်ရက္ခိုင့်တပ်တော် (AA) နှင့်ဆက်စပ်သည်ဟု စွပ်စွဲချက်ဖြင့် ဖမ်းဆီး ထိန်းသိမ်းခံထား၇သူ၁၅၃ ဦးအနက် ၉၄ ဦးမှာလွတ်မြောက်သွားပြီဖြစ်ကာ ဆက်လက် ဖမ်းဆီးခံထား၇သူ ၅၇ ဦးကျန်ရှိနေသေးကြောင်းရခိုင်လူအခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ဥက္ကဋ္ဌ  ဦးမြတ်ထွန်း၏ ပြောပြချက်အရသိ၇သည်။

 

#အေအေ/စစ်ရေး/ နိုင်ငံရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.