English Edition
တနင်္ဂနွေနေ့၊ မေလ ၁၁ရက်၊ ၂၀၂၅
လှူရန်
Preview
ရခိုင်တွင် ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယသို့တင်ပို့နိုင်ရန် မျိုးစပ်မွေးမြူနေသည့်ဆိတ်မွေးမြူရေး တိုးတက်မှုရှိ
နိုဝင်ဘာ ၁၈/ ၂၀၂၁ | ကြည့်ရှုသူ :3954
ရခိုင် သတင်း
နောင်ခိုင်အောင်
နိရဥ္စရာ၊ နိုဝင်ဘာ ၁၇ / ၂၀၂၁
ရခိုင်တွင် ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယသို့တင်ပို့နိုင်ရန် နိုင်ငံခြားမျိုးနှင့် ဒေသမျိုးကို မျိုးစပ်မွေးမြူနေသည့်ဆိတ်မွေးမြူရေးလုပ်ငန်းသည် တိုးတက်မှုရှိနေသည်ဟု မွေးမြူနေသူများက ပြောသည်။
နိုင်ငံခြားဆိတ်မျိုးစိတ်တစ်ခုဖြစ်သည့် “ဂျိတ်နီ”အမျိုးအစားဆိတ်ကို ရခိုင်ဒေသဆိတ်မျိုးစိတ်နှင့် မျိုးစပ်ကာ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာတွင် ပြီးခဲ့သည့် အောက်တိုဘာလ ၁၂ ရက်မှစတင်ကာ Great plus ဆိတ်မွေးမြူရေးအမည်ဖြင့် စတင်မွေးမြူနေခြင်းဖြစ်သည်။
လက်ရှိတွင် တစ်လကျော်အတွင်း ဆိတ်ကောင်ရေ ၂၀ ကျော်အထိ တိုးလာနေသည့်အတွက် တိုးတက်မှုရှိနေသည်ဟု မွေးမြူရာတွင်ပါဝင်သူ ဦးမောင်မောင်စောက နိရဥ္စရာကိုပြောသည်။
“ဒီမွေးမြူရေးလုပ်တာက တိုးတက်မှုရှိတယ်လို့ ပြောလို့ရပါတယ်။ အခုဆိုရင် ဝယ်ထားတဲ့ နိုင်ငံခြားမျိုးနဲ့ဖောက်ထားတာ အကောင် ၂၀ ကျော်နေပြီ။ တစ်လကျော်အတွင်းမှာပေါ့”ဟု ပြောသည်။
အဆိုပါဆိတ်များကို ပြည်တွင်းပြည်ပသို့ တင်ပို့ရောင်းချနိုင်ရန်ရည်ရွယ်၍ စိတ်ပါဝင်စားသူ ၇ ဦးက စုပေါင်း မွေးမြူနေကြခြင်းလည်း ဖြစ်သည်။
ဦးမောင်မောင်စောက “ပြည်တွင်းမှာ လိုအပ်တာထက်ပိုလာရင်၊ မွေးထုတ်နိုင်ရင်တော့ ပြည်ပကိုတင်ပို့သွားမှာပါ။ ပြည်ပဆိုတာကတော့ အဓိကတော့ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယနိုင်ငံတွေကိုပို့နိုင်ဖို့ ရည်ရွယ်ပါတယ်”ဟု ပြောသည်။
ဆိတ်ကောင်ရေ ၁၀၀ ခန့်ဖြင့်စတင်လုပ်ကိုင်ခဲ့သည့်အဆိုပါမွေးမြူရေးခြံတွင် လက်ရှိ ဆိတ်ကောင်ရေ တစ်ရာကျော်ရှိနေပြီဟုလည်း သိ၇သည်။
Photo - Shwe Kyaw Hla
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.