English Edition
တနင်္ဂနွေနေ့၊ ဇူလိုင်လ ၁၃ရက်၊ ၂၀၂၅
လှူရန်
Preview
ခမီရိုးရာကောက်သစ်စားပွဲ မြောက်ဦးနယ်တွင် စည်ကားစွာကျင်းပ
နိုဝင်ဘာ ၂၃/ ၂၀၂၁ | ကြည့်ရှုသူ :517
ရခိုင် သတင်း
ချစ်အိလှိုင်
နိရဥ္စရာ၊ နိုဝင်ဘာ ၂၂/၂၀၂၁
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်၊ ပျားတဲကျေးရွာအုပ်စု၊ လောင်းရှည်ချောင်းကျေးရွာတွင် ခမီရိုးရာကောက်သစ်စားပွဲကို ယနေ့ နံနက်က စည်ကားစွာ ကျင်းပခဲ့ကြောင်း သိ၇သည်။
အဆိုပါပွဲကို ယနေ့ နိုဝင်ဘာလ ၂၂ ရက် နံနက် ၉ နာရီက ကိုဗစ်စည်းကမ်းနှင့်အညီပြုလုပ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါပွဲသို့ ရခိုင်နှင့်ခမီလူမျိုးများအပါအဝင် လူမှုရေးအသင်းအဖွဲ့များမှ လူဦးရေ စုစုပေါင်း ၁၀၀ ကျော်တက်ရောက်ပြီး တက်ရောက်လာသူများကို ခမီရိုးရာခေါင်ရည်နှင့် စားပွဲသောက်ပွဲများဖြင့်ဧည့်ခံကျွေးမွေးခဲ့ကြောင်း ပွဲကိုဦးဆောင်ကျင်းပသည့် ခမီတိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဥက္ကဋ္ဌ ဦးလေကျော်အောင်က နိရဥ္စရာအားပြောသည်။
“မိမိတို့ရိုးရာဓလေ့ထုံးတမ်းတွေကို အခုခေတ်သစ်လူငယ်လေးတွေက မြင်တွေ့စေရတဲ့အတွက် ဝမ်းမြောက်စရာပါ။ ခမီရိုးရာရာကောက်သစ်စားပွဲမှာ တိမ်ကောပပျောက်သွားမယ့် အခြေအနေဖြစ်နေပြီ။ စီးပွားရေး၊ လူမှုရေးအခက်အခဲတွေနဲ့ပေါ့” ဟုပြောသည်။
ခမီလူမျိုးများမှာ တောင်ယာ၊ လယ်ယာများကို အဓိကအားထားအမှီပြု၍ လုပ်ကိုင်စားသောက်၇သဖြင့် ကဆုန်လတွင် ကောက်ဦးချပွဲ၊ ဝါခေါင်လတွင် ယာခင်းစားပွဲနှင့် တန်ဆောင်မုန်းလပြည့်ကျော် ၄ ရက်တွင် ကောက်သစ်စားပွဲတို့ကို တစ်နှစ်တစ်ကြိမ်ကျင်းပကြကြောင်း ဦးလေကျော်အောင်က ဆက်ပြောသည်။
“လယ်ယာလုပ်ကိုင်တဲ့လူတိုင်းဟာ ဒီပွဲကိုလုပ်ရတယ်။ အရင်နှစ်ကလည်း ကိုဗစ်ကြောင့် လုံး၀မလုပ်လိုက်ရဘူး။ ဒီနှစ်တော့ ကိုဗစ်စည်းကမ်းချက်နဲ့အညီလုပ်၇တာပေါ့” ဟုပြောသည်။
ရခိုင်တစ်ပြည်နယ်လုံးတွင် ခမီတိုင်းရင်းသားလူမျိုး ဦးရေ ၁ သိန်းခန့်ရှိပြီး မြောက်ဦး၊ အမ်း၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ မောင်တောနှင့် ပေါက်တောမြို့နယ်တို့တွင် အခြေချနေထိုင်ကြကြောင်း သိ၇သည်။
#ရိုးရာယဉ်ကျေးမှု အစဉ်အလာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.