Preview

PDF သံသယဖြင့်တရားစွဲခံထားရသည့် ငပလီမှ ဦးစိန်ချစ်နှင့် ကိုရဲနိုင်ဦးအမှု၏ တရားလိုကို စတင်စစ်ဆေး

နိုဝင်ဘာ ၂၃/ ၂၀၂၁ | ကြည့်ရှုသူ :10447
ရခိုင် သတင်း

မြထွီးသျှင်
နိရဥ္စရာ၊ နိုဝင်ဘာ ၂၂/၂၀၂၁
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ငပလီမြို့မှ PDF နှင့် ဆက်စပ်သံသယဖြင့် တရားစွဲခံထားရသည့် ဦးစိန်ချစ်နှင့် ကိုရဲနိုင်ဦးတို့၏အမှုတွင် တရားလိုကို ယနေ့တွင် စတင်စစ်ဆေးခဲ့ကြောင်း သိ၇သည်။
တရားလိုဖြစ်သည့် သံတွဲမြို့နယ်ရှိ ခလ၇(၅၅)တပ်ရင်းမှ ဗိုလ်ကြီးနေဇော်ထက်ကို ယနေ့ နိုဝင်ဘာလ ၂၂ ရက် နံနက်က သံတွဲမြို့နယ်တရားရုံးတွင် စစ်ဆေးခဲ့ခြင်းဖြစ်သည်ဟု အမှုကိုလိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဒေါ်သိင်္ဂီမောင်က နိရဥ္စရာသို့ပြောသည်။
“ဒီနေ့မှာ အမှုရဲ့တရားလိုကိုလည်း စစ်ဆေးခဲ့တယ်။ နောက်ထပ်ရုံးချိန်းတွေက တစ်ပတ်မှာတစ်ခုစီရှိမယ်။ နောက်ရုံးချိန်းတစ်ခေါက်စီတိုင်းမှာ သက်သေသုံးယောက်ကို စစ်ဆေးသွားမယ်” ဟုပြောသည်။
သူတို့ ၂ ဦးကို လာမည့် ဒီဇင်ဘာလ ၁ ရက်တွင် ရုံးချိန်းထပ်မံခေါ်ဆိုလိုက်ကြောင်း သိ၇သည်။
တရားစွဲခံထား၇သူ ၂ ဦးအနက် ငပလီမြို့တွင် လူမှုရေးလုပ်ငန်းများလုပ်ကိုင်နေသည့် ဦးစိန်ချစ် (၄၂ နှစ်)ကို အောက်တိုဘာလ ၉ ရက်၊ ည ၁၀ နာရီခန့်တွင် သူ၏နေအိမ်မှ ဖမ်းဆီးခေါ်ဆောင်ခံခဲ့၇ခြင်းဖြစ်သည်။
အလားတူ ဦးစိန်ချစ်နှင့်အတူ လူမှုရေးလုပ်ကိုင်နေသူ ငပလီမြို့မှ ကိုရဲနိုင်ဦး (၂၄ နှစ်)ကို အောက်တိုဘာလ ၂၃ ရက် နေ့လယ် ၂ နာရီခန့်တွင် ငပလီရှိ ဟိုတယ်တစ်ခုရှေ့တွင် သူမောင်းနေသည့် သုံးဘီးတုတ်တုတ်ကို ဂိတ်ထိုးရပ်နားနေစဉ် ရဲတပ်ဖွဲ့ကလာရောက်ခေါ်ယူသွားခြင်းဖြစ်သည်။
ယင်းနောက် ၄င်းတို့ ၂ ဦးကို ခလ၇ (၅၅)တပ်ရင်းမှ ဗိုလ်ကြီးနေဇော်ထက်က တရားလိုပြုလုပ်ကာ အကြမ်းဖက်မှုပုဒ်မ ၅၀(က)၊ ၅၂(က) နှင့်အမှုဖွင့်ထားပြီး လက်ရှိအချိန်တွင် သံတွဲအကျဉ်းထောင်တွင် ထိန်းသိမ်းစစ်ဆေးနေကြောင်း သိ၇သည်။
လက်ရှိတွင် ၄င်းတို့ ၂ ဦးနှင့်အတူ ၇ခိုင်၌ PDF နှင့်ဆက်စပ်သံသယဖြင့် ငပလီမြို့မှ မငြိမ်းအိဖြူကျော်(၃၅)နှစ်၊ သံတွဲမြို့မှ မတင်စန္ဒာဝင်း(၂၈) နှစ်နှင့် မြောက်ဦးမြို့နယ်၊ ပန်းမော်ကျေးရွာမှ လူငယ်စာရေးဆရာ ကိုမင်းဒီပါ(ခ) ကိုအောင်နိုင်မြင့်တို့လည်း အကြမ်းဖက်မှုပုဒ်မများဖြင့် တရားစွဲခံထား၇သည်။
ယင်းအပြင် သံတွဲမြို့မှ အသက် ၁၇ နှစ်အရွယ် ၁၀ တန်းကျောင်းသူ မသိမ့်အေးချမ်းကိုလည်း သံတွဲမြို့မရဲစခန်းတွင် ရမန်ယူကာ ထိန်းသိမ်းစစ်ဆေးနေကြောင်း သိ၇သည်။

#နိုင်ငံရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.