Preview

We Love Rakhine မှ ၇ခိုင်ကကျောင်းသားများသို့ စက်ဘီးအစီး ၃၀၀ ထောက်ပံ့မှုပြီးစီး

နိုဝင်ဘာ ၂၃/ ၂၀၂၁ | ကြည့်ရှုသူ :9320
ရခိုင် သတင်း
နောင်ခိုင်အောင်

နိရဥ္စရာ၊နိုဝင်ဘာ ၂၃/၂၀၂၁

We Love Rakhine နှင့် Lesswalk အဖွဲ့တို့ က ပူးပေါင်းပြီး၇ခိုင်က လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့်ဒေသမှ ကျောင်းသားများအတွက်စက်ဘီးအစီး ၃၀၀ ထောက်ပံ့မှုမှာ အောင်မြင်စွာ ပြီးဆုံးသွားပြီဟု သတင်းရရှိသည်။

အဆိုပါစက်ဘီးများကို နိုဝင်ဘာလ ၂၁ ရက်တွင် ထောက်ပံ့မှုအားလုံးပြီးစီးသွားပြီဟု WeLove Rakhine အဖွဲ့ဒုဥက္ကဋ္ဌ ဦးတင်ငြိမ်းဦးက ပြောသည်။

ကျနော်တို့ကတစ်မြို့နယ်ကို အစီး ၂၀ လောက်စီခွဲဝေပြီးတော့ ပြီးခဲ့တဲ့လကစပြီးတော့ မြောက်ဦး ခရိုင်၊စစ်တွေခရိုင်တို့ကိုလှူဒါန်းခဲ့ပါတယ်။ အခုကတော့ ကျောက်ဖြူခရိုင်၊ သံတွဲခရိုင်တို့ကို သွားရောက် လှူဒါန်းခဲ့တာဖြစ်ပါတယ်ဟု ပြောသည်။

အဆိုပါစက်ဘီးများမှာဂျပန်နိုင်ငံထုတ်အမျိုးအစားဖြစ်ပြီး မြန်မာပြည်အခြေစိုက် NGO တစ်ခုဖြစ်သည့် Lesswalkအဖွဲ့က WeLove Rakhine အဖွဲ့မှတဆင့်ထောက်ပံ့ပေးခြင်းဖြစ်သည်။

ယခု ရက်ပိုင်းအတွင်း လည်း မာန်အောင်မြို့နယ် ဇိုင်ပင်ရွာမှဆင်းရဲနွမ်းပါးပြီး ပညာရေးလိုလားသော ကျောင်းသားများအတွက် စက်ဘီး ၁၉ စီးလှူဒါန်းခဲ့သလိုတောင်ကုတ်မြို့နယ်ရှိသလိန်ပြင်ကျေးရွာမှ ပညာရေးလိုလားသောကလေးများအတွက်စက်ဘီးအရေအတွက် ၂၀ စီးအားလှူဒါန်းခဲ့ကြောင်း သိ၇သည်။

၎င်းပြင် သံတွဲမြို့နယ်ရှိ ငကျော်တောင်ရပ်ကွက်၊ အ.လ.က(၂)စာသင်ကျောင်းမှပညာရေး လိုလားသော ကလေးများအတွက် စက်ဘီးအရေအတွက်၁၈ စီး ဂွမြို့နယ်ရှိကျိန္တလီကျေးရွာမှ ပညာရေးလိုလားသော ကလေးများအတွက် စက်ဘီးများအားလှူဒါန်းခဲ့ကြောင်း သိ၇သည်။

အဆိုပါစက်ဘီးများကိုကျောင်းနှင့် ၃ မိုင်ခန့်ဝေးသည့်ကျေးရွာများရှိ ကျောင်းသား၊ ကျောင်းသူများကျောင်းတက်ရလွယ်ကူစေရန် ကျောင်းသားတစ်ဦးလျှင် စက်ဘီးတစ်စီးနှုန်းဖြင့် အောက်တိုဘာ၁၆ ရက်မှစတင်ကာ  နိုဝင်ဘာ ၂၁ ရက်နေ့ထိ သွားရောက် ထောက်ပံ့ခဲ့ခြင်းဖြစ်သည်ဟု WeLove Rakhine အဖွဲ့မှသိ၇သည်။

လှူဒါန်းပေးရာတွင်ဒေသခံကျေးရွာများမှ တာဝန်ရှိသူများနှင့် ဆွေးနွေးတိုင်ပင်ကာ ပေးသင့် ပေးထိုက်သူများနှင့် စစ်ပွဲအတွင်းမိဘများမရှိတော့သည့် ကျောင်းသား၊ ကျောင်းသူများကို ဦးစားပေး၍ လှူဒါန်းခဲ့သည်ဟုဦးတင်ငြိမ်းဦးက ဆိုသည်။

 

ဓာတ်ပုံ-တင်ငြိမ်းဦး

#လူမှုရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.