Preview

ရခိုင်ရာဇဝင်သစ်ကျမ်းရေးသားပြုစုသည့် အရှင်စန္ဒမာလာ လင်္ကာရထေရုပ္ပတ္တိဆိုင်ရာ ဥာဏ်စမ်းပြိုင်ပွဲနှင့်စာစီစာကုံးပြိုင်ပွဲကျင်းပမည်

နိုဝင်ဘာ ၂၄/ ၂၀၂၁ | ကြည့်ရှုသူ :3621
ရခိုင် သတင်း

အေးမြတ်ခိုင်
နိရဥ္စရာ၊ နိုဝင်ဘာ ၂/၂၀၂၁
ရခိုင်ရာဇဝင်သစ်ကျမ်းကိုရေးသားပြုစုခဲ့သည့် ရမ်းဗြဲတောင်ကျောင်းဆရာတော် အရှင်စန္ဒမာလာ လင်္ကာ၇ ထေရုပ္ပတ္တိဆိုင်ရာ ဥာဏ်စမ်းပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲများကို ရမ်းဗြဲမြို့တွင် ကျင်းပသွားမည်ဟုရမ်းဗြဲလူငယ်ကွန်ရက်ဥက္ကဋ္ဌမစုမြတ်ထွေးက နိရဥ္စရာကိုပြောသည်။
"ရခိုင်မှာဆို ကျေးဇူးရှိတဲ့ဆရာတော်တွေရှိကြတယ်။ ဆရာတော်ဦးဥတ္တမကိုဆိုလည်းဂုဏ်ပြုပွဲတွေလုပ်ကြတယ်။ ဆရာတော်ကြီးစန္ဒမာလာအင်္ကာရဟာဆိုလည်းရခိုင်တွေရဲ့ သမိုင်း၊ရာဇဝင်တွေကိုရေးသားခဲ့တဲ့ကျေးဇူးရှိတဲ့ဆရာတော်တပါးဖြစ်တဲ့အတွက်ကြောင့် ဆရာတော်ကြီးဂုဏ်ကိုလည်းသိကြဖို့လိုအပ်တယ်။ ကျွန်မတို့ကတော့ ဆရာတော်ပျံလွန်တဲ့တန်ဆောင်မုန်းလကွယ်နေ့ကို အရှင်စန္ဒမာလာလင်္ကာ၇နေ့ ဖြစ်သတ်မှတ်စေချင်ပါတယ်"ဟုပြောသည်။
ယခုပြိုင်ပွဲကိုရမ်းဗြဲလူငယ်ကွန်ရက်မှ ဦးဆောင်ကြီးမှူးပြီး ဒုတိယအကြိမ်မြောက်ကျင်းပခြင်း ဖြစ်သည်။
ပြိုင်ပွဲတွင် အလယ်တန်းအဆင့်၊ အထက်တန်းအဆင့် နှင့်တက္ကသိုလ်အဆင့်ဟူ၍ ၃ဆင့်ခွဲကာကျင်းပသွားမည်ဟုသိ၇သည်။ဆုများကို ပထမဆုတစ်သိန်း၊ ဒုတိယခု ခုနှစ်သောင်း နှင့် တတိယဆုအဖြစ်ဆုငွေငါးသောင်းသတ်မှတ်ထားကြောင်း သိရသည်။
ဝင်ရောက်ယှဥ်ပြိုင်ရန်နာမည်စာရင်းပေးထားသည့် ရမ်းဗြဲမြို့မှ တက္ကသိုလ်ကျောင်းသူ မေထက်ထက်ထွန်းက
 "ဆရာတော်ရဲ့ သမိုင်းကြောင်းတွေကိုအရင်နှစ်ကလည်းပြိုင်ဖူးပါတယ်။ ကိုယ်တို့ရခိုင်မှာဖြစ်ခဲ့တဲ့အကြောင်းတွေကိုဆရာတော်က သမိုင်းပြန်ရေးခဲ့တယ်ဆိုပြီး ဂုဏ်ယူ စိတ်ဝင်တစားဝင်ပြိုင်ရခြင်းဖြစ်ပါတယ်။ဆရာတော်ရဲ့အကြောင်းတွေ၊ ဆရာတော်ရေးတဲ့ကျမ်းစာတွေကိုလေ့လာခွင့်အများကြီးရခဲ့တဲ့အတွက်ရခိုင်ပြည်သူတစ်ယောက်အနေနဲ့ အရမ်းဂုဏ်ယူဝမ်းမြောက်မိပါတယ်"ဟု ပြောသည်။
ပြိုင်ပွဲကိုနိုဝင်ဘာလ ၂၈ ရက်နေ့ ရမ်းဗြဲမြို့၊ ရမ္မာ၀တီအောင်ဓမ္မဗိမာန်တော်တွင်ဖြေဆိုရမည်ဖြစ်ပြီး ဆရာတော်ပျံလွန်သည့် တန်ဆောင်မုန်းလကွယ်နေ့ (ဒီဇင်ဘာ၃ရက်နေ့)တွင် ဆုချီးမြင့်ပွဲ အခမ်းအနားကျင်းပမည်ဟုသိ၇သည်။
အရှင်စန္ဒမာလာလင်္ကာရသည်ရခိုင်ရာဇဝင်သစ်ကျမ်းကိုပြုစုခဲ့သည့် ဆရာတော်ကြီးဖြစ်ပြီး ၁၉၃၁ ခုနှစ်တွင်ပျံလွန်တော်မူခဲ့သည်။ လာမည့်တန်ဆောင်မုန်းလကွယ်နေ့ဆိုလျှင်ဆရာတော်ပျံလွန်တော်မူသည်မှာ နှစ်ပေါင်း (၉၀)ပြည့်ပြီဖြစ်ပါသည်။

 

#စာပေရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.