Preview

စစ်တွေရှိ လောကာနန္ဒာစေတီတော်ကို ကျပ်သိန်းပေါင်း ၃ သောင်းကျော် အကုန်ကျခံ ပြုပြင်မွမ်းမံနေ

ဒီဇင်ဘာ ၀၁/ ၂၀၂၁ | ကြည့်ရှုသူ :1828
ရခိုင် သတင်း

မြထွီးသျှင်
နိရဥ္စရာ၊ ဒီဇင်ဘာ ၁/၂၀၂၁
ရခိုင်ပြည်နယ်၏မြို့တော် စစ်တွေမြို့လယ်ရှိ အထင်က၇စေတီတော်တစ်ဆူဖြစ်သော လောကာနန္ဒာစေတီတော်ကြီးကို ကျပ်သိန်းပေါင်း ၃ သောင်းကျော် အကုန်ကျခံ ပြုပြင်မွမ်းမံနေသည်ဟု သိ၇သည်။
အဆိုပါစေတီတော်မြတ်ကြီး၏ မျက်နှာကြက်နှင့် ထီးတော်ကို ၂၀၁၈ ခုနှစ်၊ မတ်လမှစတင်ကာ တစ်နှစ်ခန့်အကြာမွန်းမံခဲ့ခြင်းဖြစ်ပြီး ကြားထဲတွင် ကိုဗစ်ကြောင့် ၃ နှစ်ခန့်ရပ်နားထားခဲ့၇ပြီးနောက် ပြီးခဲ့သည့် အောက်တိုဘာလမှစကာ ပြန်လည်ပြုပြင်မွမ်းမံနေခြင်းဖြစ်သည်။
လက်ရှိတွင် ၆၀ ရာခိုင်နှုန်းအထိ ပြီးစီးနေပြီဟုလည်း လောကာနန္ဒာစေတီဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်သိန်းခိုင်က နိရဥ္စရာသို့ပြောသည်။
“သံပြားနဲ့လုပ်ထားတဲ့ မျက်နှာကြက်အဟောင်းကို ခွာချပြီး အခုက ဟော်လိုသံနဲ့ ဖရိန်ဆင်ပြီးတော့ ကွန်ဘိုးစစ်ပြားနဲ့ ပြန်ပြီးတပ်ထားတယ်ပေါ့နော်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၂၀၁၈ ဒီကိုရောက်တုန်းက တင်ပြခဲ့တုန်းက ဒါကိုစပြီးအကောင်အထည်ဖော်ခဲ့တာပေါ့နော်။ ပြီးစီးဖို့က ဒီဇင်ဘာ၊ ဇန်နဝါရီလောက်ဆိုရင် ခန့်မှန်းထားတယ်” ဟုပြောသည်။
စေတီတော်အတွင်းရှိမျက်နှာကြက်၏အကျယ်မှာ အချင်း ၂၃၂ ပေရှိပြီး မျက်နှာကြက်များပေါ်တွင် သင့်တော်သည့်ပန်း၊ ပန်းချီပုံများ ရေးဆွဲသွားမည်ဖြစ်၍ မျက်နှာကြက်တစ်ခုတည်းအတွက် ကျပ်သိန်းပေါင်း ၃ သောင်းကုန်ကျမည်ဟု သိ၇သည်။
အလားတူ စေတီတော်၏ထီးတော်မှာ အချင်း ၂၆ ပေရှိပြီး သိန်းကိုးရာအကုန်ကျခံ၍ မန္တလေးတွင်ပြုလုပ်ထားပြီဖြစ်ပြီး နောက်ပိုင်းတွင် ထီးတော်တင်ပွဲအား ခမ်းခမ်းနားနားပြုလုပ်သွားမည်ဖြစ်ကြောင်း သိ၇သည်။
ယခုကဲ့သို့ပြုပြင်ရာတွင် ကုန်ကျငွေပမာဏအားလုံးကို အလှူရှင်တစ်ဦးတည်းက လှူဒါန်းပေးခြင်းဖြစ်သည်ဟုလည်း သိ၇သည်။
လောကာနန္ဒာစေတီတော်ကြီးကို စစ်တွေမြို့၊ ရဲနွယ်စုရပ်ကွက်တွင် ၁၉၉၉ ခုနှစ်၊ မတ်လ ၂ ရက်၌ အငြိမ်းစားဗိုလ်ချုပ်မှူးကြီး သန်းရွှေက တည်ထားကိုးကွယ်ထားခြင်းဖြစ်သည်။
စေတီတော်ကြီး၏အမြင့်မှာ ၁၆၂ ပေရှိပြီး ရင်ပြင်တော်အကျယ်မှာ ၄၅၉ ပေရှိကာ အရံစေတီတော် ၈ ဆူနှင့် မုခ်ပေါက်၀ ၄ ခုရှိသည်။
အဆိုပါစေတီတော်ကြီးကိုတည်ထားသည်မှာ နှစ်ပေါင်း ၂၀ ကျော်ကြာမြင့်ခဲ့ပြီဖြစ်၍ ပျက်စီးယိုယွင်းမှုများရှိလာသည့်အတွက် ယခုကဲ့သို့ ပြန်လည်ပြုပြင်မွမ်းမံနေရခြင်းဖြစ်ကြောင်း သိ၇သည်။
--------------------------------

#ဘာသာရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.