Preview

PDF သံသယနှင့်ဖမ်းဆီ တရားစွဲခံထားရသည့် သံတွဲမှ ဦးစိန်ချစ်နှင့်ကိုရဲနိုင်ဦးအမှု၏ တရားလိုပြသက်သေ ၃ ဦးအားစစ်ဆေး

ဒီဇင်ဘာ ၀၁/ ၂၀၂၁ | ကြည့်ရှုသူ :1411
ရခိုင် သတင်း

မြထွီးသျှင်
နိရဥ္စရာ၊ ဒီဇင်ဘာ ၁/၂၀၂၁
ရခိုင်ပြည်နယ်၊ သံတွဲမြို့နှင့် ငပလီမြို့မှ PDFနှင့် ဆက်စပ်သံသယဖြင့် တရားစွဲခံထားရသည့် ဦးစိန်ချစ်နှင့် ကိုရဲနိုင်ဦးတို့၏ အမှုတွင် တရားလိုပြသက်သေ ၃ ဦးအား ယနေ့နံနက်တွင် သံတွဲခရိုင်တရားရုံး၌ စစ်ဆေးခဲ့ကြောင်း သိ၇သည်။
ယနေ့ဒီဇင်ဘာလ ၁ ရက် သံတွဲခရိုင်တရားရုံးတွင် တရားလိုပြသက်သေ ၃ ဦးအား ရုံးထုတ်စစ်ဆေးခဲ့ကြောင်း အမှုအားလိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေဒေါ်သိင်္ဂ ီမာင်က နိရဥ္စရာသို့ပြောသည်။
“ဒီနေ့လိုပြသက်သေ ၃ ယောက်ကိုစစ်တယ်။ ကိုစိန်ချစ်ကတော့ သွေးအားနည်းတာနဲ့ အစာအိမ်ခွဲထားရတာဆိုတော့ အစာကြမ်းစားရင် ဗိုက်နဲနဲအောင့်တာတွေ ရှိတယ်။ ဆေးမှူးနဲ့ဆေးကုသဖို့ရယ်၊ အပြင်ကလိုအပ်တဲ့ ဆေးတွေ၊ လိုအပ်တာတွေ ဝယ်ပေးတာတော့ အမတို့ဘက်ကလုပ်ပေးနေတယ်” ဟုပြောသည်။
အဆိုပါအမှုတွင် ကျန်ရှိသည့် သက်သေများကို စစ်ဆေးရန် လာမည့်ဒီဇင်ဘာလ ၈ ရက်ကိုထပ်မံရုံးချိန်းချိန်းဆိုလိုက်ကြောင်း သိ၇သည်။
ယခုအမှုတွင် စုစုပေါင်းသက်သေ ၁၃ ဦးရှိကြောင်း သိ၇သည်။
တရားစွဲခံထား၇သူ ၂ ဦးအနက် သံတွဲမြို့တွင် လူမှုရေးလုပ်ငန်းများလုပ်ကိုင်နေသည့် ဦးစိန်ချစ် (၄၂ နှစ်)ကို အောက်တိုဘာလ ၉ ရက်၊ ည ၁၀ နာရီခန့်တွင် သူ၏နေအိမ်မှ ဖမ်းဆီးခေါ်ဆောင်ခံခဲ့၇ခြင်းဖြစ်သည်။
အလားတူ ဦးစိန်ချစ်နှင့်အတူ လူမှုရေးလုပ်ကိုင်နေသူ ငပလီမြို့မှ ကိုရဲနိုင်ဦး (၂၄ နှစ်)ကို အောက်တိုဘာလ ၂၃ ရက် နေ့လယ် ၂ နာရီခန့်တွင် ငပလီရှိ ဟိုတယ်တစ်ခုရှေ့တွင် သူမောင်းနေသည့် သုံးဘီးတုတ်တုတ်ကို ဂိတ်ထိုးရပ်နားနေစဉ် ရဲတပ်ဖွဲ့ကလာရောက်ခေါ်ယူသွားခြင်းဖြစ်သည်။
ယင်းနောက် ၄င်းတို့ ၂ ဦးကို ခလ၇ (၅၅)တပ်ရင်းမှ ဗိုလ်ကြီးနေဇော်ထက်က တရားလိုပြုလုပ်ကာ အကြမ်းဖက်မှုပုဒ်မ ၅၀(က)၊ ၅၂(က) နှင့်အမှုဖွင့်ထားပြီး လက်ရှိအချိန်တွင် သံတွဲအကျဉ်းထောင်တွင် ထိန်းသိမ်းစစ်ဆေးနေကြောင်း သိ၇သည်။
လက်ရှိတွင် ၄င်းတို့ ၂ ဦးနှင့်အတူ ၇ခိုင်၌ PDF နှင့်ဆက်စပ်သံသယဖြင့် ငပလီမြို့မှ မငြိမ်းအိဖြူကျော်(၃၅)နှစ်၊ သံတွဲမြို့မှ မတင်စန္ဒာဝင်း(၂၈) နှစ်နှင့် ဒေါ်စန်းချိုသိုက်(၅၀)နှစ် ၊ မြောက်ဦးမြို့နယ်၊ ပန်းမော်ကျေးရွာမှ လူငယ်စာရေးဆရာ ကိုမင်းဒီပါ(ခ) ကိုအောင်နိုင်မြင့်တို့လည်း အကြမ်းဖက်မှုပုဒ်မများဖြင့် တရားစွဲခံထား၇သည်။

#နိုင်ငံရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.