Preview

ကျောက်ဖြူတွင် PDF ကိုငွေကြေးထောက်ပံ့သည်ဟုဆိုကာ အမျိုးသမီးငယ်တစ်ဦးဖမ်းဆီးအမှုဖွင့်ခံရ

ဒီဇင်ဘာ ၀၅/ ၂၀၂၁ | ကြည့်ရှုသူ :10221
ရခိုင် သတင်း

မြထွီးသျှင်
နိရဥ္စရာ၊ ဒီဇင်ဘာ ၃/ ၂၀၂၁
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် အမျိုးသမီးသမီးငယ်တစ်ဦးသည် PDF အား ငွေကြေးထောက်ပံ့သည်ဟုဆိုကာ ရဲတပ်ဖွဲ့၏ ဖမ်းဆီးအမှုဖွင့်ခြင်းကို ခံလိုက်ရသည်ဟု သိ၇သည်။
ဖမ်းဆီးခံရသည့် အမျိုးသမီးငယ်မှာ ကျောက်ဖြူမြို့၊ အစိုးရရပ်ကွက် မင်းပြင်ဝန်ထမ်းအိမ်ရာတွင် နေထိုင်သည့် အသက် ၂၁ နှစ်အရွယ် မအေးမြင့်မြတ်အောင် ဖြစ်သည်။
သူမကို ယနေ့ ဒီဇင်ဘာလ ၃ ရက် ညဉ့် ၁ နာရီအချိန်တွင် သူမ၏နေအိမ်မှ ရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု သူမနှင့်ရင်းနှီးသူတစ်ဦးက နိရဥ္စရာသို့ပြောသည်။
“သူ့ကို ညဥ့် ၁ နာရီကဖမ်းဆီးသွားတယ်လို့ သိရတယ်။ လောလောဆယ်တော့ ကျောက်ဖြူရဲစခန်းမှာလို့ ကြားပါတယ်” ဟုပြောသည်။
ယခုကိစ္စမှာ ဟုတ်မှန်သည်ဟုလည်း ကျောက်ဖြူမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက နိရဥ္စရာသို့ အတည်ပြုပြောကြားသည်။
“PDF ကို ငွေတွေဘာတွေထောက်ပံ့တယ်ဆိုပြီးအဖမ်းခံရတာပါ။ သူ့ကိုတော့ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)နဲ့အမှုဖွင့်ထားတယ်။ PDF ကို ထောက်ပံ့တယ်၊ ကူညီတယ်ဆိုပြီး အထက်က သူ့နာမည်တွေ မှတ်ပုံတင်၊ မိဘနာမည်တွေနဲ့တကွ စာလာလို့ အဖမ်းခံ၇တာ”ဟု ပြောသည်။
လက်ရှိတွင် သူမကို ချုပ်၇မန်ကြီး ၁ ပတ်ယူကာ ကျောက်ဖြူထောင်ချုပ်သို့ ခေါ်ဆောင်သွားကြောင်း သိ၇သည်။
သူမသည် အဝေးသင်တက္ကသိုလ်ပထမနှစ်တက်ရန် လျှောက်ထားသူဖြစ်သည်ဟုလည်း သိ၇သည်။
လက်ရှိတွင် ၇ခိုင်၌ PDF နှင့်ဆက်စပ်သံသယဖြင့် သံတွဲမြို့မှ ဦးစိန်ချစ်(၄၂)နှစ်၊ ငပလီမြို့မှ ကိုရဲနိုင်ဦး (၂၄)နှစ်နှင့် မငြိမ်းအိဖြူကျော်(၃၅)နှစ်၊ သံတွဲမြို့မှ မတင်စန္ဒာဝင်းနှင့် ဒေါ်စန်းချိုသိုက်(၅၀)နှစ်နှင့် ကိုမင်းဒီပါ (၂၄)နှစ်တို့သည်လည်း အကြမ်းဖက်မှုပုဒ်မ ၅၀(က)၊ ၅၂(က)၊ ၅၀(ည)တို့ဖြင့် ဖမ်းဆီးတရားစွဲဆိုထိန်းသိမ်းခံထားရကြောင်း သိ၇သည်။

#အမျိုးသမီးလူပ်ရှားမှု
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.