ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

စစ်တွေတွင် ဒီဇင်ဘာတတိယအပတ်၌ ပြုလုပ်မည့်မဇ္ဈိမတံခါးပန်းချီပြပွဲတွင် ရခိုင်ပန်းချီဆရာ ၄၀၏လက်ရာ ပန်းချီကားများပြသမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ ဒီဇင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 5.1k

အေးမြတ်ခိုင်
နိရဥ္စရာ၊ ဒီဇင်ဘာ ၄/၂၀၂၁
စစ်တွေတွင် ဒီဇင်ဘာ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့ အထိ ပြုလုပ်မည့် မဇ္ဈိမတံခါးပန်းချီပြပွဲတွင် ရခိုင်ပန်းချီဆရာ ၄၀ လက်ရာများကို ပြသသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
ယင်းပြပွဲကို စစ်တွေမြို့ ခိုင်သဇင်ခန်းမတွင် ၃ ရက်ကြာပြုလုပ်မည်ဖြစ်ကြောင်း ပွဲဖြစ်မြောက်ရေးဦးဆောင်ရာတွင်ပါဝင်သည့် ရခိုင်မှ ပန်းချီဆရာ ဦးထွန်းကျော်က ပြောသည်။
" ရခိုင်ပြည်မှာ ဒါမျိုးပွဲ တခါမှမလုပ်ဖူးသေးဘူးလေ။ ရခိုင်သားတွေ ပန်းချီကို ပိုစိတ်ဝင်စားမှုရှိလာအောင် လုပ်ရခြင်းဖြစ်တယ်။ ဝါသနာရှင်တွေ အတွက်လည်း ကောင်းတာပေါ့" ဟု ပြောသည်။
ယင်းပန်းချီပြပွဲတွင် ရခိုင်ပြည်မှ ရှုခင်း၊ မြင်ကွင်းများနှင့် ရခိုင်သဘာဝအလှအပမြင်ကွင်းများကို ပန်းချီဆရာအယောက် ၄ဝ က လက်တွေ့ရေးဆွဲပြသသွားကြမည်ဖြစ်သည်။
ယင်းပန်းချီပြပွဲတွင် ပါဝင်ရေးဆွဲပြသပေးမည့်ပန်းချီဆရာများမှာ တင်ဝင်း (ကံ့ကော်ရွာ)၊ ထွန်းကျော်၊ စောတင်မောင်၊ စိုးဌေး၊ မင်းဇော်ဦး၊ ကျော်ဇောမောင်၊ ထွန်းဝင်း (မာလကာသီး)၊ ဘုန်းနိုင်၊ လင်းမာန်အောင်၊ ညိုသိန်းဦး၊ မြင့်နိုင်၊ လူငြိမ်းခိုင်၊ လှပ (မင်းနိုင်)၊ အောင်စည်နေမျိုး၊ ညီပုချေ၊ မြင့်ဝေ၊ စန်းနိုင်၊ မောင်မောင်စော၊ ကျော်ငြိမ်း၊ ခင်အောင်ခန့်၊ သန်းကျော်ဌေး၊ ရွှေသိန်း၊ မောင်ခိုင်မာ၊ အမ္ဗုန်ကျော်၊ ဇွဲရန်နိုင်၊ ကောင်းကျော်ခိုင်၊ မင်းသူရိန်၊ ရက္ခ၊ အောင်နိုင်၊ တင်ဇော်ဝင်း၊ မင်းရန်နိုင်၊ မင်းဝိုင်း၊ ကျော်ကျော်ထွန်း၊ အောင်လင်းထွန်း၊ ဇာနည်ထွန်း၊ ရန်နိုင်ထွေး၊ သူရကျော်၊ ထွန်းစိန်၊ နှင်းသီရိနှင့် ရဲရင့်မြင့်နိုင်တို့ဖြစ်သည်။
အဆိုပါပန်းချီဆရာများတွင် နိုင်ငံတကာပန်းချီပြပွဲများ၌ပြသနေသည့် ပန်းချီဆရာများလည်း ပါဝင်သည်။
စိတ်ဝင်စားသည့်လူငယ်များနှင့် အခြေခံပညာကျောင်းများကိုလည်း လာရောက်လေ့လာရန် ဖိတ်ခေါ်ထားသည်ကြောင်း သိရသည်။
--------------------------------

ဆက်စပ် သတင်းများ