ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

မောင်တောနယ်က ဖမ်းဆီးစစ်ဆေးခံခဲ့ရသည့် သုံးဘီးဆိုင်ကယ်သမား၏ အစ်ကိုဖြစ်သူ လေးရက်အကြာပြန်လွတ်လာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ ဒီဇင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 3.2k

ချစ်အိလှိုင်
နိရဥ္စရာ၊ ဒီဇင်ဘာ ၄/ ၂ဝ၂၁
ထွက်ပြေးသွားသည့် မောင်တောနယ်ခြားစောင့်တပ်ဖွဲ့က ရဲအရာရှိကို လိုက်ပို့ ပေးခဲ့သည့် သံသယဖြင့် ဖမ်းဆီးရန် လိုလားနေသည့် ဘီးဆိုင်ကယ်သမား၏ အစ်ကိုဖြစ်သူ ဦးခင်မောင်လှမှာ ဖမ်းဆီး စစ်ဆေးခံရပြီး ၄ ရက်အကြာ ယနေ့တွင် ပြန်လွတ်လာပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
၎င်းအား လွန်ခဲ့သည့် ဒီဇင်ဘာ ၁ ရက်နေ့ နံနက် ၆ နာရီခန့်ကပင် ရဲတပ်ဖွဲ့ဝင်များက ၄င်း၏ ညီဖြစ်သူ ကိုအောင်ကျော်လှအား ရှာဖွေမရသဖြင့် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ပြန်လွတ်လာသူ ကာယကံရှင် ဦးခင်မောင်လှက နိရဥ္စရာ သတင်းဌာနကို ပြောသည်။
“ လေးရက်အကြာမှပြန်လွတ်လာတာပါ။ ကျွန်တော့ကို နခခ (၇) မှာ ထားတာပါ။ အေးအေးဆေးဆေး နေရတာပါ။ ခံစားရတာတစ်ခုကတော့ အဲဒီမှာနေရာတာ မွန်းကြပ်ပါတယ်။ ဒီလိုအခက်အခဲမျိုးကို ကျွန်တော်က တစ်ခါမှ မကြုံဖူးလို့ သိပ်ခံစားရပါတယ်။ ကျွန်တော့ကို နောက်ထပ် ဘာကို ပို့မလဲ စိုးရိမ်နေရတဲ့ အချိန်မှာ ပြန်လွှတ်လိုက်တာပါ။ ထွက်ပြေးသွားတဲ့ သူတို့ရဲအရာရှိက AA ကို ရောက်သွားပြီလို့တော့ ရဲတွေပြောနေတာ ကြားမိပါတယ်” ဟုပြောသည်။
၄င်း၏ ညီဖြစ်သူမှာ ရဲတပ်ဖွဲ့မှ လိုက်လံရှာဖွေနေသဖြင့် ရှောင်တိမ်းနေသဖြင့် ၄င်းအား ဖမ်းဆီးခြင်း ဖြစ်ကြောင်း သူကဆက်ပြောသည်။
ဦးမောင်ခင်လှ၏ ညီဖြစ်သူကိုအောင်ကျော်လှသည် လွန်ခဲ့သည့် နိုဝင်ဘာ ၃ဝ ရက်နေ့က ဝေလာတောင်နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ဒုရဲအုပ်ကြည်ထွန်း (ကိုယ်အမှတ် လ/ ၂၁၉၁၄၄) ဖြစ်သူအား မောင်တောမြို့ ၃ မိုင်ရပ်ကွက်သို့ လိုက်ပို့ပေးခဲ့သည်ကို အဆိုပါ နယ်ခြားစောင့်အဖွဲ့မှ ရဲတပ်သား တစ်ဦးက တွေ့မြင်ခဲ့သဖြင့် ကိုအောင်ကျော်လှအား ဖမ်းဆီးရန် လိုက်လံ ရှာဖွေ နေခြင်ဖြစ်ကြောင်း သိရသည်။

ဆက်စပ် သတင်းများ