နိရဉ္စရာ၊ ဒီဇင်ဘာ ၆/၂၀၂၁(မိုးလေ၀သသတင်း)
ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်း (အိန္ဒိယနိုင်ငံ၊ဩရိဿမြောက်ပိုင်းကမ်းခြေအနီး)တွင် မုန်တိုင်းငယ်(Depression)ငယ် တစ်ခုဖြစ်ပေါ်နေကြောင်းမိုး/ဇလ ညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ နံနက် ရ နာရီ ထုတ်ပြန်ချက်အရသိ၇သည်။
၎င်းမုန်တိုင်းငယ်သည် စစ်တွေမြို့(Siittwe)၏အနောက်-အနောက်မြောက်ဘက် ရေမိုင်(၃၁၅)မိုင်ခန့်၊ မောင်တောမြို့(Maungdaw)၏ အနောက်ဘက်ရေမိုင်(၂၈၅)မိုင်ခန့်တွင် ဗဟိုပြုနေသည်ဟုယနေ့ နံနက် ၅ နာရီ ၃၀ မိနစ် တိုင်းထွာချက်အရ သိ၇ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
အဆိုပါ မုန်တိုင်းငယ်သည် အိန္ဒိယနိုင်ငံနှင့် ပိုမိုနီးကပ်နေပြီး ၎င်းနိုင်ငံ ဒီဂါ(Digha)မြို့၏၊ တောင်-အနောက်တောင်ဘက် ရေမိုင်(၆၀)မိုင်ခန့်၊ ပါရာဒစ်ရှ်(Paradip)မြို့၏ အရှေ့- အရှေ့မြောက်ဘက်ရေမိုင်(၄၀)မိုင်ခန့်နှင့် ချန်ဘလီ (Chandbali)မြို့၏ အရှေ့-အရှေ့တောင်ဘက်ရေမိုင်(၃၀)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်ဟု ဆိုသည်။
၎င်းဆိုင်ကလုန်းမုန်တိုင်းကို Jawad ဟု အမည်ပေးထားသည်ဟု သိ၇သည်။
မုန်တိုင်းငယ် Jawad သည်အရှေ့မြောက်ဘက်သို့ရွေ့လျားခဲ့ကြောင်း ၊ အဆိုပါမုန်တိုင်းငယ်ကြောင့် မြန်မာနိုင်ငံ၊ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင်တိမ်အသင့်အတင့် ဖြစ်ထွန်း နေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့်ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ်ဖြစ်ထွန်းနေကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။
အဆိုပါ မုန်တိုင်းကြောင့် စစ်တွေမြိုနှင့် အနီးဝန်းကျင်တွင်ယနေ့ နံနက်က မိုးရွာသွန်းမှု တချို့ရှိကြောင်း သိ၇သည်။
မုန်တိုင်ကြောင့် ဘင်္ဂလာဒေ့ရှ်နိုင်ငံ ကော့စ်ဘဇားခရိုင်တက်ကနက်မြို့မှ စိန့်မာတင်ကျွန်းသို့ သင်္ဘောများဖြင့်ခရီးသည်များသွားရောက်လည်ပတ်မှုကို တနင်္ဂနွေနေ့ စပြီး နှစ်ရက် ရပ်နားထာကြောင်း BDnews တွင်သတင်းဖော်ပြသည်။