တရုတ်ပြည်မှလွှတ်တင်ထားသော Spaceflight အာကာသယာဉ်၏မလိုအပ်သော အစိတ်အပိုင်း များသည် ဒီဇင်ဘာ ၆ ရက်မှ ၁၂ ရက်အတွင်း ၇ခိုင်ပင်လယ်ပြင်ထဲ ကျရောက်နိုင်သဖြင့် သတိဖြင့် သွားလာကြရန် သက်ဆိုင်ရာက သတိပေးချက် ထုတ်ပြန်ထားသည်။
၎င်း အကာသယာဉ်အပိုင်းအစများသည် နေ့စဉ်နံနက် ၅ နာရီခွဲမှ ၈ နာရီခွဲအတွင်း ကျရောက် နိုင်သည်ဟု ဆိုသည်။
ယခု တစ်ကြိမ် ကျရောက်မည့်နေရာမှာ ၇ခိုင်ပြည်နယ်သံတွဲလေဆိပ်၏ အနောက် တောင်ဘက် ရေမိုင် ၁၈ မိုင်၊ မာန်အောင်လေဆိပ်၏ အနောက်တောင်ဘက်ရေမိုင် ၂၈ မိုင်၊ ပုသိမ်လေဆိပ်၏ အနောက်ဘက် ရေမိုင် ၆၁ မိုင်အကွာတွင် ဖြစ်သည်ဟု ဆိုသည်။
လွန်ခဲ့သည့် နိုဝင်ဘာ ၂၃ ရက် နံနက် ၆ နာရီခန့်ကလည်း စစ်တွေမြို့အနီး ရခိုင့်ပင်လယ်ပြင်သို့တရုတ်အာကာယာဉ်အပိုင်းအချို့ကျရောက်ခဲ့သဖြင့် ဒေသခံများအကြား စိုးရိမ်မှုဖြစ်ပေါ်ခဲ့သည်။
မြန်မာနိုင်ငံအတွင်း ယခုကျရောက်မည့်တရုတ်အာကာသယာဉ်အပိုင်းအစများကျရောက်၍ ထိခိုက်မှုတစ်စုံတစ်ရာဖြစ်ပွားခဲ့ပါကတရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် တာဝန်ရှိကြောင်း မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ ငါးလုပ်ငန်းဦးစီးဌာနမှ သတိပေးချက် ထုတ်ပြန်ထားရာတွင် ဖော်ပြထားသည်။
(ဓာတ်ပုံ- နိုဝင်ဘာ ၂၃ ရက်က စစ်တွေမြို့အနီး ရခိုင့်ပင်လယ်ပြင်သို့တရုတ်အာကာသယာဉ်အပိုင်းအစအချို့ ကျရောက်ခဲ့စဉ်။ Photo - Mra Thiri)