နိရဉ္စရာ၊ ဒီဇင်ဘာ ၆/၂၀၂၁
ရခိုင်ပြည်နယ်တွင် တရားမဝင် ခိုးသစ်များကို နေ့စဉ်ဖမ်းဆီးမိနေရာလွန်ခဲ့သည့် ၃ ရက်တာ ကာလအတွင်း ဂွမြို့နယ်နှင့် တောင်ကုတ်မြို့နယ်အတွင်း ကျွန်းသစ်အပါအဝင် သစ်တန်ချိန် ခြောက်တန်ကျော် ဖမ်းမိခဲ့သည်ဟု သတင်းရရှိသည်။
ယမန်နေ့ ဒီဇင်ဘာ ၅ရက်နေ့ နံနက် ၉ နာရီခန့် အချိန်တွင် ဂွမြို့နယ်၊ဒေါင့်ချောင်းအုပ်စု၊ တောင်ညိုပြင်ကာကွယ်တော အကွက်အမှတ်(၁၁၁)အတွင်း၌ တောင်သရက်ခွဲသား၂၂ ချောင်း တန်ချိန်၄ ဒဿမ ၀၃၅၆ တန် (ကာလတန်ဖိုး ၄၄၃၉၁၆) ကျပ်အားပိုင်ရှင့်မဲ့သိမ်းဆည်း၇မိခဲ့သည်ဟု ၇ခိုင်နေ့စဉ်တွင်သတင်း ဖော်ပြသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ဂွမြို့နယ်မှ ဒေသခံ တစ်ဦးအားဆက်သွယ်ရာ ၎င်းက ယခုအခါ ဂွမြို့နယ်မှ သစ်များကို ကားများဖြင့် မှောင်ခိုထုတ်လုပ်ခြင်းထက်စက်လှေများ၊ မော်တော်ဘုတ် များဖြင့် ခိုးထုတ်လာကြသည်ဟု ပြောသည်။
“ အခုကအရင်ကထက် ခိုးထုတ်တယ်လို့ ပြောလို့ ရနိုင်ပါတယ်။ ကားတွေနဲ့ မထုတ်ဘဲ စက်လှေတွေနဲ့ ထုတ်တော့သစ်တွေ ပိုပါတာပေါ့။ ဒီလိုဘဲ လုပ်စားနေကြတယ်လို့ ပြော၇ဖို့”ဟု ပြောဆိုသည်။
ဒီဇင်ဘာ ၃ ရက်နေ့ကလည်း ပြည်မြို့ဘက်မှမောင်းနှင်လာသော ယာဉ်တစ်စီအား တောင်ကုတ်မြို့၊ ကြိုးကြာကွင်း ပူးပေါင်းစစ်ဆေးဂိတ်မှပူးပေါင်းအဖွဲ့က ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်ပေါ်တွင်တရားမဝင်တင်ဆောင်လာသည့် ကျွန်းသစ်ခွဲသား ဆိုဒ်စုံ ၄၃ ချောင်း ၁ ဒဿမ ၉၆၇၆တန်ခန့်၊ (ကာလတန်ဖိုး ၉၈၃၈၀၀ ကျပ်ခန့်)ကို လူနှစ်ဦး အတူ ဖမ်းမိခဲ့သည်ဟု ၎င်း၇ခိုင်နေ့စဉ် သတင်းတွင်ပင်ဖော်ပြသည်။
၇ခိုင်ပြည်နယ်တွင် ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်အတွင်း သစ်တန်ချိန် ၁,၈၀၀ကျော်ဖမ်းဆီး၇မိခဲ့ပြီး ယခု ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် သစ်တန်ချိန် ၅,၀၀၀ကျော်အထိဖမ်းမိခဲ့သည်ဟု ပြည်နယ်သစ်တော ဦးစီးဌာနက နိရဥ္စရာ သတင်းဌာကို ပြီးခဲ့သည့်သြဂုတ်လအတွင်းက ပြောဆိုထားသည်။
၎င်းဖမ်းမိသည့် သစ်တန်ချိန်များကိုတွက်ချက်မှုအ၇ သစ်မှောင်ခိုထုတ်မှု သည် ၂၀၂၀-၂၀၂၁ ခုနှစ်တွင် ယခင် ၂၀၁၉-၂၀၂၀ခုနှစ်ကထက် သုံးဆနီးပါးခန့် ပိုများလာခဲ့သည်ဟု ဆိုသည်။
(ဓာတ်ပုံ- မြန်မာမှ တရားမဝင်သစ်များကို လက်ခံဝယ်ယူသည့် တက်ကနက် ဘောင်တော်ဆိပ်ကမ်းကို တွေ့၇စဉ်။)