Preview

ကြည့်မြင်တိုင်သပိတ်စစ်ကြောင်း စစ်ကားဖြင့်ဝင်တိုက်မှုအပေါ် ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူးနှင့် AA စစ်ဦးစီးချုပ်တို့ရှုတ်ချ

ဒီဇင်ဘာ ၀၆/ ၂၀၂၁ | ကြည့်ရှုသူ :5558
ရခိုင် သတင်း

ချစ်အိလှိုင်

နိရဥ္စရာ၊ဒီဇင်ဘာ ၆/ ၂၀၂၁

ကြည့်မြင်တိုင်ဆန္ဒပြသပိတ်စစ်ကြောင်းအား စစ်ကားဖြင့် နောက်က ဝင်ရောက် တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး ရန်ကုန် အခြေစိုက် ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူးRamanathanBalakrishnan နှင့် ရက္ခိုင့်တပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့က ရှုတ်ချလိုက်သည်။

ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူး၏ ဒီဇင်ဘာ ၅ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်ချက်ထဲတွင် ၇န်ကုန်၊ ကြည့်မြင်တိုင် မြို့နယ်တွင် ဖြစ်စဉ်နှင့်ပတ်သက်ပြီးကနဦးသတင်းများအရအဆိုပါဖြစ်စဉ်တွင် လူအများအပြားသေဆုံးပြီး အခြားအများအပြား ဒဏ်ရာရရှိခဲ့ကြောင်းသိ၇ပါကြောင်း၊ ၎င်းတိုက်ခိုက်မှုကို အပြင်းထန်ဆုံးရှုတ်ချပြီး သေဆုံးဒဏ်ရာ ရသူအားလုံးရဲ့ မိသားစုတွေကို အလေးအနက် ဝမ်းနည်းကြောင်း ပြောကြားလိုပါကြောင်း ဖော်ပြထားသည်။

ရက္ခိုင့်တပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကလည်း  ၄င်း၏လူမှုကွန်ယက်တွယ်တာ( Twitter)အကောင့်တွင် စက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့ လူရိုင်းတွေရဲ့လုပ်ရပ် လူ့အသက်ကို လုံး၀ ပဓါနမထားပဲ တမင်တကာ လုပ်ဆောင်သည့်မတရားမှုဖြစ်တယ်။ လုံး၀မတရားတဲ့လုပ်ရပ်ပဲ ဟု  အင်္ဂလိပ်ဘာဖြင့် ( Deliberateperpetration of despicable barbarity with total disregard of human life.Utterly unjustifiable)” ဟု ရေးသားထားသည်

ယမနနေ့ ဒီဇင်ဘာ ၅ ရက်နေ့ နံနက်က ဖြစ်ပွားခဲ့သည့်အဆိုပါဆန္ဒပြသပိတ်ကို စစ်တပ်ကားဖြင့် နောက်က ဝင်ရောက်တိုက်ခိုက်မှုကြောင့် လူငယ်အချို့သေဆုံးခဲ့ပြီး အနည်းဆုံး ၁၁ ဦးဖမ်းဆီး ခံခဲ့ရကြောင်း၊ ဖမ်းဆီးခံ၇သူများအထဲတွင် ဆန္ဒပြပွဲ သတင်းယူနေသည့် MyanmarPressphoto Agency သတင်းထောက် နှစ်ဦးလည်း ပြင်းထန်သည့်ဒဏ်ရာများဖြင့် ဖမ်းဆီးခံခဲ့၇ကြောင်း လူမှု ကွန်ယက်စာမျက်နားများတွင် ရုပ်သံဖိုင်များနှင့်အတူ ဖော်ပြကြသည်။

၎င်းဖြစ်စဉ်သည် ယမန်နေ့ နံနက် ၈ နာရီခန့်က ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီး လမ်းမပေါ်တွင်  ဖြစ်ပွားခဲ့သည်ဟုသိ၇သည်။

အဆိုပါဖြစ်၍နှင့်ပတ်သက်၍ ၎င်းလုပ်ရပ်အပေါ် ထိတ်လန့်တုန်လှုပ်မိကြောင်း မြန်မာနိုင်ငံ ဆိုင်ရာအမေရိကန်သံရုံးကလည်းယမန်နေ့ ဒီဇင်ဘာလ ၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

#ဆန့်ကျင်ဆန္ဒပြ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.