နိရဉ္စရာ၊ ဒီဇင်ဘာ ၆/ ၂၀၂၁
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့ကို တရားစွဲဆိုထားသည့်အမှုများအနက်မှ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅-ခ၊ သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ တို့ဖြင့် ယနေ့တွင် နေပြည်တော်အထူးတရားရုံးက ထောင် ၄ နှစ် ချလိုက်ကြောင်း သတင်းရရှိသည်။
နိုင်ငံတော် အတိုင်ပင်ခံ၏ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကို နိုဝင်ဘာ၃၀ ရက်နေ့က အပြီးသတ်အမိန့်ချရန်ချရန်စီစဥ်ထားသော်လည်း အမိန့်မချဖြစ်ဘဲ ဒီဇင်ဘာ ၆ရက်နေ့ကို အမိန့်ချရန်ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။
အဆိုပါအမှုတွင် တရားခံပြသက်သေသီးခြားတင်သွင်းခဲ့ခြင်းမရှိဘဲ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ထွက်ဆိုခဲ့သောအမှုဖြစ်ကြောင်းသိ၇သည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့ ရင်ဆိုင်နေ၇သည့်
အမှုများ အထဲကသဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ နဲ့စွဲဆိုခံထား၇တဲ့အမှုနဲ့ပုဒ်မ ၅၀၅(ခ)တို့အတွက် နေပြည်တော်အထူးတရားရုံးက အပြီးသတ်အမိန့်ချခဲ့ခြင်း ဖြစ်သည်။
ဒေါက်တာမျိုးအောင်ကိုလည်း ၅၀၅ (ခ) နဲ့ ၂နှစ် ချမှတ်လိုက်သည်ဟု သတင်းများတွင်ဖော်ပြသည်။
သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ကို အဂတိ လိုက်စားမှုဥပဒေနှင့်နေပြည်တော်၊ဘုရားကုန်းရဲစခန်းမှာ အမှုထပ်ဖွင့်ထားသေးကြောင်း သိ၇သည်။
ဒေါ်အောင်ဆန်းစုကြည်ကိုပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆ရ၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ခ)၊ သဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဥပဒေပုဒ်မ ၂၅ နဲ့ (၂) မှု၊နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ ၃-၁ (ဂ) ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ တွေအပါအဝင် အမှုပေါင်း ၁၂မှုနဲ့ တရားစွဲထားပြီး အမှုရင်ဆိုင်နေ၇ခြင်း ဖြစ်သည်။
( ဓာတ်ပုံ- ဘီဘီစီ-မြန်မာပိုင်း)