ချစ်အိလှိုင်
နိရဥ္စရာ၊ ဒီဇင်ဘာ ၆/ ၂၀၂၁
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် နန်းကွေ့ဘူတာ အနီးရှိ အမှတ်တံဆိပ် အေသုံးလုံးနှင့် ငါးငါးနှစ်
အုတ်ဖိုလုပ်ငန်းတွင် အလုပ်လာရောက်လုပ်ကိုင်ကြသည့် အမျိုးသမီး ၈ဦး အပါအဝင် ၇ခိုင် အလုပ်သမား ၁၃ ဦးမှာ အလုပ်အဆင်မပြေ၍ နေရပ်ပြန်လိုသော်လည်း ပြန်ခွင့်မ၇ဖြစ်နေကြောင်း ကာယကံရှင်များက နိရဉ္စရာသတင်းဌာနသို့ ဖုန်းဆက်ပြောကြားသည်။
“ အကူအညီတောင်းခံချင်ပါတယ်။ ကျွန်မတို့ ဒီမှာအလုပ်လုပ်ရတာ အဆင်မပြေဘူး။ နေ့ရော ညရော ခိုင်းတယ်။ ဂတိအတိုင်းလည်း စားစရိတ် ထောက်ပံ့ပေးတာလည်းမရှိဘူး။ ကျွန်မတို့က ကိုယ်၇ခိုင်ကို ပြန်ချင်တယ်။ ကူညီပေးကြပါ”ဟု အမျိုးသမီးတစ်ဦးက ပြောဆိုသည်။
၎င်းတို့ ၁၃ ဦးမှာ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်ချောင်းကြီးဖျားကျေးရွာမှ ဒေါ်စောရွှေနု(၅၀)နှစ် နှင့် ဒေါ်မသန်းကြည် (၄၉)နှစ်၊ ပုဏ္ဏားကျွန်းမြို့နယ်လိပ်ကုန်းမော်ရွာနှင့် ယာချောင်းကျေးရွာတို့မှ မမကြည်(၃၂)နှစ်၊မသွယ်သွယ်လင်း(၁၄)နှစ်၊ မဥမ္မာစိုး (၂၀)နှစ်၊ မမိုးဦးနိုင်(၂၄)နှစ်၊ မအလှချေ(၂၀)နှစ်၊ဒေါ်မိုးချေ(၄၀)နှစ်၊ ကိုမောင်ရွှေလှိုင်နှင့် နောက်ထပ်အမျိုးသား လေးဦးတို့ဖြစ်ကြသည်ဟု သိ၇သည်။
၄င်းနေရပ်ပြန်လိုသူ ဒေါ်မမကြည်က “ ဒီမှာ ကျွန်မတို့၇ခိုင်တွေ အခက်အခဲဖြစ်နေကြပါတယ်။ ကျွန်မတို့ မြေကြီးထမ်း၇တယ်။ ကလေးတွေဖျားနာကုန်ကြတယ်။တအားကြီးခိုင်းပါတယ်။ ငွေလည်း တစ်ကျပ်မှ မပေးသေးဘူး။ အပြင်လည်းမထွက်၇ဘူး” ဟုပြောသည်။
၎င်းတို့အား သက်(၄၀) ကျော်အရွယ်ဦးစိုးနိုင်ဆိုသူနှင့် သူ၏ အမျိုးသမီးဆိုသူတို့က ကချင်ပြည်နယ်ရှိ အုတ်ဖိုများတွင် အလုပ်လုပ်ပါက တစ်နေ့လျှင် လုပ်ခ ၆၅၀၀ကျပ်နှင့် လူတစ်ဦး(၁၀) ရက်စာ အတွက်စားစရိတ် ၂၅၀၀၀ ကျပ် ပေးမည်ဟု ဂတိဖြင့် အလုပ်လုပ်ရန်နိုဝင်ဘာ ၃၀ ရက်နေ့က လိုက်ပါလာခဲ့ကြောင်း၊ သို့သော်လည်းလုပ်ခလည်း မ၇သည့်အပြင် စားစရိတ်လည်း ထုတ်မပေးကြောင်း၊အလုပ်ကိုလည်း ညနေ(ရ) နာရီမှ ည(၁၂) ထိတစ်ကြိမ် ၊ နောက်တစ်နေ့ နံနက်က နောက်တစ်နေ့ နေ့လယ် (၁) နာရီအထိ တစ်ကြိမ် (၂) ကြိမ် လုပ်၇ကြောင်း ကျောက်ဖြူ မြို့နယ်မှ ဒေါ်မသန်းကြည်ကဆက်ပြောသည်။
“ အလုပ်က အရမ်းပင်ပန်းတယ်။ မလုပ်နိုင်တော့ လမ်းစရိတ် တစ်ဦးကို ခုနှစ်သောင်းခွဲ ပြန်ပေးမယ် ဆိုရင်လည်း လက်မခံဘူး။ ပြန်လိုတယ်ဆိုရင် တစ်ဦးကို ငွေနှစ်သိန်းခွဲတောင်းတယ်။ ကျွန်မတို့မှာဒီလောက်ပိုက်ဆံမှ မရှိတာ” ဟု သူမက ဆိုသည်။
အစတွင် ၇ခိုင်မှ အလုပ်လာလုပ်သူ ၁၉ ဦးဖြစ်ပြီး ၆ ဦးမှာ ခရီးစရိတ်ငွေကျပ် နှစ်သိန်းခွဲကို ပြန်ပေးပြီး ပြန်သွားခဲ့ကြကြောင်း၊ လက်ရှိတွင် ၁၃ ဦးကျန်ရှိနေသေးကြောင်းသိ၇သည်။
“ အဒေါ်တို့ အခုရေချိုးတဲ့နေရာကနေ ဖုန်းခိုးပြောနေရတာ။ သူတို့ရှေ့က ဖုန်းမပြော၇ဘူး။ အဒေါ့် ဖုန်းကို ခေါ်လို့မရတော့ရင် တစ်ခုခုဖြစ်နေပြီလို့သာမှတ်ပါကွယ်။အဒေါ်တို့ကိုကယ်ကြပါ” ဟု သူမက ပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ မြစ်ကြီးနားမြို့ ရဲစခန်းသို့ နိရဥ္စရာမှဆက်သွယ်ရန်ကြိုးစားနေသော်လည်း ဆက်သွယ်မှုမရရှိသေးပါ။
စစ်တွေအခြေစိုက် ဝေဟင်အောင်ပရဟိတဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးဝေဟင်အောင်က“ ဒီလိုဆိုရင် ကချင်မှာရှိတဲ့ ရခိုင်စာပေနဲ့ယဉ်ကျေးမှုအဖွဲ့နဲ့ဆက်သွယ်၇မယ်။ ကျွန်တော်လည်း ဆက်သွယ်ကြည့်ပေးပါမယ်” ဟုပြောသည်။