English Edition
စနေနေ့၊ ဇူလိုင်လ ၁၂ရက်၊ ၂၀၂၅
လှူရန်
Preview
AA တပ်ဖွဲ့ဝင်သံသယဖြင့် ဖမ်းဆီးခံရသည့် မြေပုံမြို့နယ်ကလူငယ်နှင့် မိသားစုများ အဆက်အသွယ်မရဖြစ်နေသည်မှာ တစ်လခန့်ရှိနေပြီဟုဆို
ဒီဇင်ဘာ ၀၇/ ၂၀၂၁ | ကြည့်ရှုသူ :4075
ရခိုင် သတင်း
ချစ်အိလှိုင်
နိရဥ္စရာ၊ ဒီဇင်ဘာ ၆/ ၂၀၂၁
ရခိုင်ပြည်နယ် မြေပုံမြို့နယ်တွင် လူငယ်တစ်ဦးသည် ရက္ခိုင့်တပ်တော်(AA) တပ်ဖွဲ့ဟု သံသယဖြင့် အမ်းမြို့နယ်တွင် ဖမ်းဆီးခံရပြီးနောက် မိသားစုနှင့် အဆက်အသွယ်မ၇ဘဲ ပျောက်ဆုံးနေသည်မှာ ၁ လခန့်ရှိနေပြီဟု ဇနီးဖြစ်သူ မနှင်းမြတ်မွန်က ပြောသည်။
၎င်းလူငယ်မှာ မြေပုံမြို့နယ်၊ ကျောက်ငနွားကျေးရွာမှ ကိုနေဝင်းစိုး(၂၃)နှစ် ဖြစ်သည်။
ဖမ်းဆီးခံခဲ့ရသည့် ကိုနေဝင်းစိုးသည် သူ၏ကျောက်ကပ်ဝေဒနာကို ဆေးကုသမှုခံယူရန် နိုဝင်ဘာ ၅ ရက်က ရန်ကုန်သို့ လေကြောင်းဖြင့် သွားရောက်ခဲ့ပြီး နိုင်ငံရေးအခြေအနေကြောင့် ဆေးကုသမှုခံယူရန် အဆင်မပြေ၍ ကားဖြင့် နေရပ်သို့ပြန်လာခဲ့ရာတွင် ဖမ်းဆီးခံခဲ့၇ခြင်း ဖြစ်သည်ဟု ဇနီးဖြစ်သူ မနှင်းမြတ်မွန်က ပြောသည်။
“သူ့ခမျာ ဆီးလုံး၀မသွားနိုင်တဲ့အဆုံး ဆေးခန်းပြဖို့ ရန်ကုန်ကို လွှတ်လိုက်တာပါ။ အပြန်မှာ အဖမ်းခံရတာပါ။ နောက်ဆုံး ဖုန်းအဆက်အသွယ် ရခဲ့သေးတယ်။ သူက ဒီမှာ သူ့ကို စစ်သားတွေ စစ်နေတယ်။ ဒီမှာနည်းနည်း ကြာဦးမယ်လို့ပြောခဲ့တယ်။ အဲဒီနောက် ဖုန်းဆက်လို့လည်း မရတော့ဘူး။ ဘယ်မှာဖမ်းထားတယ်။ ဘယ်ကိုရောက်နေတယ်ဆိုတာတောင်မသိရဘူး။ စိုးရိမ်မိပါတယ်” ဟု ပြောသည်။
လက်ရှိအချိန်အထိ ကိုနေဝင်းစိုးနှင့် အဆက်အသွယ်မရသည်မှာ တစ်လခန့် ရှိနေပြီ ဖြစ်သဖြင့် မိသားစုများအနေဖြင့် အထူးစိုးရိမ်နေကြသည်ဟုလည်း သူမက ပြောသည်။
သူသည် နိုဝင်ဘာလ ၉ ရက်တွင် ရွှေညီအစ်ကို Express ကားဖြင့် ရန်ကုန်မှ ၄င်း၏ရွာသို့ပြန်လာခဲ့ရာ အမ်းမြို့နယ် ပဲပဒုံစစ်ဆေးရေးဂိတ်၌ AA သံသယဖြင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်ဟု ရွှေညီအစ်ကို Express ကားဂိတ်တာဝန်ခံ ဦးဝင်းနိုင်က နိရဥ္စရာကိုပြောသည်။
“အဲဒီကောင်လေးဖုန်းတွေကိုစစ်တယ်။ အဲဒီမှာ AA ယူနီဖောင်းနဲ့ ပုံတွေ့တယ်လို့ပြောတယ်။ ဒါကြောင့် ဖမ်းလိုက်တယ်လို့ ကားသမားတွေကတော့ အဲလိုပြောတယ်”ဟု ပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ အမ်းမြို့မရဲစခန်းမှူး ဒုရဲမှူး မျိုးကြည်အား နိရဥ္စရာက အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဖုန်းမကိုင်သဖြင့် ရဲတပ်ဖွဲ့မှ မှတ်ချက်တစ်စုံတစ်ရာ မရရှိသေးပါ။
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.