Preview

အကြမ်းဖက်မှုပုဒ်မဖြင့်တရားစွဲခံနေရသည့် ပုဏ္ဏားကျွန်း အိုင်ဒင်ရွာသား၂ ဦးကို ဒီဇင်ဘာ ၂၀ရက်တွင် အပြီးသတ်အမိန့်ချမည်

ဒီဇင်ဘာ ၀၇/ ၂၀၂၁ | ကြည့်ရှုသူ :7662
ရခိုင် သတင်း

သျှင်မင်းဇံ
နိရဥ္စရာ၊ ဒီဇင်ဘာ ၆/ ၂၀၂၁
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် အိုင်ဒင်ကျေးရွာမှ အကြမ်းဖက်မှုပုဒ်မဖြင့်တရားစွဲခံနေ၇သူ ၂ ဦးကို လာမည့်ဒီဇင်ဘာလ ၂၀ ရက်ရုံးချိန်းတွင် အပြီးသတ်အမိန့်ချမှတ်သွားမည်ဟု အမှုအားလိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေဦးကျော်ညွန့်မောင်က နိရဥ္စရာကိုပြောသည်။
“လာမယ့် ၂၀ ရက်နေ့မှာတော့ အပြီးသတ်အမိန့်ချဖို့အတွက် ချိန်းဆိုထားတယ်။ တကယ်လို့ တရားသူကြီးက စီရင်ချက်တွေ ရေးပြီးရင် အပြီးသတ် အမိန့်ချမှာပါ” ပြောသည်။
အကြမ်းဖက်မှုပုဒ်မဖြင့်တရားစွဲခံနေရသည့် အိုင်ဒင်ကျေးရွာသား ၂ ဦးမှာ ကိုနေလင်းဌေး (၂၇ နှစ်)နှင့် ဦးမောင်စောအေး (၃၃ နှစ်)တို့ဖြစ်သည်။
သူတို့ ၂ ဦးသည် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၆ ရက်တွင် စစ်တွေမှ အိုင်ဒင်ကျေးရွာသို့ ဆိုင်ကယ်ဖြင့်ပြန်လာစဉ် စစ်တွေမြို့နယ် ကျောက်တန်းကျေးရွာအနီး AA နှင့်ဆက်စပ်သံသယဖြင့် ဖမ်းဆီးခံခဲ့၇ခြင်းဖြစ်သည်။
နောက်တစ်နေ့ဖြစ်သည့် မတ်လ ရ ရက်တွင် သူတို့ကို အမှတ်(၉၀၈)အင်ဂျင်နီယာတပ်ရင်းမှ ဗိုလ်ကြီးအောင်ဖြိုးမြင့်က တရားလိုလုပ်ကာ အကြမ်းဖက်မှုပုဒ်မ ၅၀(ည)၊ ၅၂(က) ဖြင့် အမှုဖွင့်တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
ဦးမောင်စောအေး၏ဖခင် ဦးမောင်ဖြူချေက “ကျနော့်သားက မိသားစုကို ဦးဆောင်ပြီးတော့ လုပ်ကျွေးနေတာပါ။ သူမရှိတော့ စားဝတ်နေရေးတွေ အခက်အခဲဖြစ်တယ်။ အမြန်ဆုံးလွှတ်ပေးဖို့ ပြောချင်ပါတယ်”ဟု ပြောသည်။
AA နှင့်ဆက်စပ်သည်ဟုဆိုကာ ရခိုင်ပြည်နယ်ရှိ စစ်တွေအကျဉ်းထောင်၊ သံတွဲအကျဉ်းထောင်၊ ကျောက်ဖြူအကျဉ်းထောင်၊ မြောက်ဦးရဲစခန်းနှင့် ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်တို့တွင် အကြမ်းဖက်မှုပုဒ်မများဖြင့် ဖမ်းဆီးတရားစွဲခံထား၇သူ ၁၂၀ ဦးခန့် ကျန်ရှိနေသေးကြောင်း စစ်ဘေးရှောင်များနှင့် နိုင်ငံရေးအကျဉ်းသားများအရေးကူညီဆောင်ရွက်ပေးနေသူ ဦးဝေဟင်အောင်က နိရဥ္စရာကို မကြာသေးခင်က ပြောဆိုထားသည်။

#တရားစီရင်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.