ချစ်အိလှိုင်
နိရဥ္စရာ၊ဒီဇင်ဘာ ၇/ ၂၀၂၁
၇ခိုင်ပြည်နယ်မြေပုံမြို့နယ်ယောချောင်း-ရွာသာယာကျေးရွာမှ နေရပ်ပြန်စစ်ဘေးရှောင်များ ဆန်သယ်ယူခွင့်ပိတ်ပင်ခံနေ၇သဖြင့် စားဝတ်နေရေး အခက်အခဲ ရှိနေသည်ဟု သိ၇သည်။
၎င်းဆန်သယ်ယူခွင့်ကို ယောချောင်းတံတားထိပ်ရှိလုံခြုံရေးယူထားသည့် စစ်တပ်က ဒီဇင်ဘာလ ၅ ရက်မှစတင်ကာတားဆီးပိတ်ပင်ထားခြင်းဖြစ်ကြောင်း ဒေသခံများက နိရဥ္စရာသတင်းဌာနကို ပြောသည်။
ယောချောင်းရွာသာယာကျေးရွာရပ်မိရပ်ဖတစ်ဦးက “ဦးလေးတို့ရွာသားတွေကAA ကိုထောက်ပံ့နေတယ်လို့သူတို့က ထင်နေတယ်။ မင်းတို့ရွာသားတွေ ဆန်သယ်တာများနေပြီဆိုပြီး လွန်ခဲ့တဲ့သုံးရက်လောက်ကတည်းက ဆန်သယ်ခွင့်ပိတ်လိုက်တာ။ဝါးခုတ်ပြီးအသက်မွေးဝမ်းကျောင်းပြုနေကြတဲ့လူတွေဆိုတော့ စပါးလည်း မစိုက်ဘူး။ငတ်ကုန်ကြတော့မယ်” ဟုပြောသည်။
အိမ်ခြေ၅၀၀ ကျော်ရှိသည့် ၄င်းယောချောင်းရွာသာယာကျေးရွာသားများမှာ ၂၀၁၈ ခုနှစ်၊ဒီဇင်ဘာလခန့်က ရက္ခိုင့်တပ်တော်(AA)နှင့်မြန်မာစစ်တပ်တို့ကြား တိုက်ပွဲများကြောင့် ရွာလုံးကျွတ်နီးပါး နေရပ်စွန့်ခွာကာမြေပုံ၊ ပေါက်တောနှင့် နီးစပ်ရာ ဆွေမျိုးများထံသို့ ထွက်ပြေးခဲ့ကြကြောင်း သိ၇သည်။
ယင်းနောက်၂၀၁၉ ခုနှစ်၊ မေလအတွင်းမှစတင်ကာ အိမ်ထောင်စု ၂၀၀ ကျော်၊ ကျေးရွာသား ၁ထောင်ခန့်ဖြင့် ရွာသားထက်ဝက်ခန့် ပြန်လည်အခြေချနေထိုင်လျက်ရှိနေပြီဟု သိ၇သည်။
၄င်းကျေးရွာမှဆန်ရောင်းဝယ်သူ ဦးမောင်လှမြင့်က “ဘာကြောင့်မသယ်ရတာလဲမသိဘူး။မသယ်ရဘူးလို့ပြောတယ်။ ရွာမှာစားဝတ်နေရေးအခက်အခဲဖြစ်တာပေါ့။ ဆန်မသယ်ရမရောင်းရရင်”ဟုပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍မြေပုံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိန်လှမောင်က “အဲဒီတံတားမှာတော့ တံတားတစ်ဘက်ကရဲနဲ့တစ်ဘက်က စစ်တပ်ရှိတယ်။ ကျွန်တော်အဲဒီက ရဲကိုမေးကြည့်နေပါတယ်။ ရဲကလည်း ကျနော်တို့စုံစမ်းကြည့်လိုက်မယ်လို့ပြောတယ်”ဟု ပြောသည်။
ရခိုင်ပြည်နယ်ကောင်စီမှလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရကိုဆက်သွယ်ခဲ့သော်လည်းဆက်သွယ်မ၇ခဲ့ပါ။
မြေပုံမြို့နယ်ယောချောင်းအထက်ဘက်တွင် ယောချောင်းရွာသာယာကျေးရွာနှင့် ချောင်းဖျားတွင်ချင်းလူမျိုးများနေထိုင်ကြောင်း သိ၇သည်။
၇ခိုင်တွင်AA နှင့်စစ်တပ်တို့ကြားတိုက်ပွဲများကြောင့် နေရပ်စွန့်ခွာသူ စစ်ဘေးရှောင် ၂သိန်းခန့်အထိရှိခဲ့ပြီး အစိုးရကပြန်ပို့သူနှင့် မိမိတို့သဘောဖြင့် ပြန်ကြသည့်စစ်ဘေးရှောင်အများအပြားရှိနေသည်ဟု သိ၇သည်။
အစိုးရအစီအစဉ်ဖြင့်ပြန်ပို့သူများကိုနေထိုင်စားသောက်ရေးအဆင်ပြေစေရန် ဆန်ရိက္ခာအချို့နှင့် ငွေကြေးအချို့ကို၇ခိုင်ပြည်နယ်ကောင်စီက ထောက်ပံ့ပေးခဲ့သည်။