Preview

အမ်းတွင် ဒေသခံများဦးဆောင်မှုဖြင့် ၂ နှစ်အတွင်း ဓနိပင် ၁ ထောင်ကျော် စိုက်ပျိုးနိုင်ခဲ့ဟုဆို

ဒီဇင်ဘာ ၁၆/ ၂၀၂၁ | ကြည့်ရှုသူ :8068
ရခိုင် သတင်း
ထက်အောင်
နိရဥ္စရာ၊ ဒီဇင်ဘာ ၁၆/ ၂၀၂၁
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ဒေသခံသာမန်ပြည်သူများ၏ဦးဆောင်မှုဖြင့် ဓနိ(ရေအုန်း)ပင် ၁ ထောင်ကျော်ကို ၂ နှစ်အတွင်း စိုက်ပျိုးနိုင်ခဲ့ကြောင်း သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆောင်ရွက်နေသူ ကိုမျိုးလွင်က ပြောသည်။
“ရခိုင်ရိုးမပေါ်က သစ်တောတွေပြုန်းတီးလာတဲ့အခါ မြေဆီလွှာကိုမထိန်းနိုင်ဘဲ နုန်းတွေများလာတဲ့အတွက် ချောင်းတွေတိမ်ကောမှုဖြစ်လာပြီးတော့ သောင်တွေထွန်းလာတယ်။ အဲဒီသောင်တွေပေါ်မှာ ဓနိပင်တွေစိုက်ရင်တော့ သဘာ၀ကိုလည်းထိန်းသိမ်းနိုင်မယ်ဆိုပြီးတော့ စိုက်ဖြစ်တာပါ” ဟု ပြောသည်။
ဓနိပင်များသည် သဘာ၀ပတ်ဝန်းကျင်နှင့် ဆူနာမီရေလှိုင်းကဲ့သို့ သဘာ၀ဘေးအန္တရာယ်များကိုလည်း ကာကွယ်နိုင်သည့်အပြင် ရခိုင်ရှိ တောင်ပေါ်ဒေသနှင့် ကျေးလက်နေပြည်သူများ၏ နေအိမ်အမိုးအကာများအတွက်လည်း အရေးပါသည့်အတွက် နေအိမ်အမိုးအကာများကို ငွေကုန်ကြေးကျမရှိဘဲ အလွယ်တကူရရှိစေရန် ရည်ရွယ်သည်ဟုလည်း ဆိုသည်။
ကိုမျိုးလွင်က “ဒေသမှာရှိတဲ့ပြည်သူတွေက အခမဲ့အသုံးပြုလို့ရအောင်၊ ပြီးတော့ လယ်တဲတွေ၊ လူနေအိမ်တွေဆောက်တဲ့အခါမှာ ဆင်းရဲတဲ့ပြည်သူတွေက သွပ်တွေမမိုးနိုင်ကြဘူး။ ဓနိ(အုန်း)ကို အဓိကမိုးကြတာပေါ့။ အဲဒီ ဓနိ(အုန်း)ကိုဝယ်ရမယ့်အစား ဒေသမှာရှိတဲ့ပြည်သူတွေက လွတ်လပ်စွာနဲ့ အခမဲ့အသုံးပြုလို့၇အောင် အများပြည်သူအတွက် စိုက်ကြတာဖြစ်ပါတယ်” ဟု ဆိုသည်။
ယခုစိုက်ပျိုးထားသည့် ဓနိ(ရေအုန်း)ပင်များကို နောင်လာမည့် ၃ နှစ်အတွင်း ဒေသခံပြည်သူများ၏ အကျိုးအတွက် စတင်အသုံးပြုနိုင်တော့မည်ဟုလည်း သိ၇သည်။
အဆိုပါဓနိ(ရေအုန်း)ပင်များကို ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်မှ စတင်စိုက်ပျိုးခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ဧက ၃၀၀ ခန့်သာစိုက်ပျိုးနိုင်သေးသည်ဟု သိ၇သည်။
ရေချိုနှင့် ရေငံစပ်နေရာများတွင်သာ အဓိကစိုက်ပျိုးဖြစ်ထွန်းသည့်အတွက် မြေနေရာရွေးချယ်ရခြင်းကြောင့် လက်ရှိတွင် အမ်းမြို့နယ်တစ်ခုတည်းတွင်သာ စိုက်ပျိုးနိုင်သေးသည်ဟုလည်း ဆိုသည်။
ရခိုင်ပြည်နယ်တွင်း အခြားမြို့နယ်များတွင် စိုက်ပျိုးဖြစ်ထွန်းသည့်နေရာများရှိလျှင်လည်း တိုးချဲ့စိုက်ပျိုးသွားရန်ရှိကြောင်း ကိုမျိုးလွင်က ပြောသည်။
ဓာတ်ပုံ - ကိုမျိုးလွင်
#သဘာဝသယံဇာတ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.