Preview

စတုတ္တအကြိမ်မြောက် စစ်တွေသက်ကြီးစာရေးဆရာပူဇော်ကန်တော့ပွဲ ဒီဇင်ဘာ ၂၅ ရက်၌ ပြုလုပ်မည်

ဒီဇင်ဘာ ၂၂/ ၂၀၂၁ | ကြည့်ရှုသူ :4262
ရခိုင် သတင်း
သျှင်မင်းဇံ
နိရဉ္စရာ၊ ဒီဇင်ဘာ ၂၀/၂၀၂၁
စတုတ္တအကြိမ်မြောက် စစ်တွေ သက်ကြီးစာရေးဆရာ ပူဇော်ကန်တော့ပွဲကို လာမည့် ဒီဇင်ဘာ ၂၅ ရက်နေ့တွင် ပြုလုပ်မည် ဖြစ်ကြောင်း သတင်းရရှိသည်။
စစ်တွေမြို့နယ် စာပီမီဒီယာ ညီအစ်ကိုများအဖွဲ့မှ လေး၀တီထွန်းစောခိုင်က “ဒီနှစ် စတုတ္တ အကြိမ်ကိုလည်း အိမ်တိုင်လာရောက် ပူဇော်သွားမှာ ဖြစ်ပါတယ်။ ကိုဗစ်ကလည်း လုံး၀ကင်းစင် သွားတာမဟုတ်သေးဘူး။ ပြီးတော့ သက်ကြီးတွေအတွက်လည်း ကျန်းမာရေး ရှုထောင့်အရ ထောက်ထားပြီး စတုတ္တမြောက်ကို အိမ်တိုင်လာရောက်သွားပြီး ပူဇော်သွားမယ်”ဟု ပြောသည်။
ယခုနှစ်အပူဇော်ခံမည့် သက်ကြီးစာရေးဆရာ/မ များတွင် အသက် (၇၀) နှစ်နှင့်အထက် ဖြစ်ပြီး တတိယအကြိမ်က အပူဇော်ခံခဲ့သည့် သက်ကြီး စာရေးဆရာ/မ (၂၅) ဦးနှင့် ရန်ကုန်မှ ပြန်လာသည့် စာရေးဆရာ ဓညသာနှင့် စာရေးဆရာမ မြနန္ဒ တို့အပါအဝင် စုစုပေါင်း (၂ရ) ဦးတို့ ပါဝင်သည်ဟု သိရသဘ်။ စာရေးဆရာ/ဆရာမ တစ်ဦးလျှင် အပူဇော်ငွေ ၅၀၀၀၀ နှုန်းဖြင့် ပူဇော်သွားမည်ဟု သိ၇သည်။
စတုတ္တအကြိမ်တွင် ပူဇော်ခံရမည့် ဆရာကျွန်းသားငမန်းက “အစဉ်အလာအရ သဘာလည်း ရှိတယ်။ အသက်လည်း ကြီးတဲ့ စာရေးဆရာတွေ၊ အတွေ့အကြုံ ရှိတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဂုဏ်နဲ့ အသက်အရွယ်ကို ပူဇော်ခံ ကန်တော့ခြင်း ဖြစ်ပါတယ်။ ပူဇော်ကန်တော့ခံ၇လို့ ဝမ်းသာမိပါတယ်”ဟု ပြောသည်။
၂၀၂၀ ခုနှစ် တတိယအကြိမ်သက်ကြီးစာရေးဆရာများ ပူဇော်ကန်တော့ပွဲတွင် အသက် (၇၀) နှင့်အထက် သက်ကြီးစာရေးဆရာ/မ (၂၉) ဦးအား ကိုဗစ် ရောဂါကြောင့် အပူဇော်ခံဆရာတစ်ဦးချင်းစီကို သက်ကြီး စာရေးဆရာ များအား စစ်တွေမြို့နယ်စာပေအသိုင်းအဝိုင်းမှ စာရေးဆရာများက သွားရောက် ပူဇော်ကန်တော့ခဲ့ကြသည်ဟု သိ၇သည်။
ပထမနှင့် ဒုတိယအကြိမ်သက်ကြီးစာရေးဆရာများ ပူဇော်ကန်တော့ပွဲကို စစ်တွေမြို့ ဂြစ်ဘက်ကျောင်းတိုက်တွင် ကျင်းပခဲ့ကြပြီး ပထမကြိမ်တွင် အသက် (၇၅) နှစ်နှင့်အထက် သက်ကြီးစာရေးဆရာ/မ (၁၀) ဦးကိုနှင့် ဒုတိယ အကြိမ်တွင် အသက် (၇၀) နှစ်နှင့်အထက် သက်ကြီးစာရေးဆရာ/မ (၂၂) ဦးကို ပူဇော်ကန်တော့ခဲ့ကြသည်။
ရခိုင်စာရေးဆရာ/မတို့သည် တစ်ချိန်တုန်းက စာပေဖိနှိပ်ခံ၇မှု ပြင်းထန် နေချိန်တွင် အမျိုးဘာသာ၊ သာသနာအတွက ကလောင်လက်နက်ဖြင့် တိုက်ပွဲဝင်ခဲ့ကြကြောင်း၊ အခက်အခဲများနှင့် ခြိမ်းခြောက်မှုများကြားတွင် စာပေအလုပ်ဖြင့် ပြည်သူကို အလုပ်အကျွေးပြုခဲ့ကြသူများဖြစ်ကြောင်း၊
ယခုအချိန်တွင် ၎င်းတို့မှာ အသက်ကြီးလာပြီးဖြစ်၍ ဗုဒ္ဓဘာသာအရဖြစ်စေ ရခိုင်ရိုးရာဓလေ့အရ ဖြစ်စေ ဂါရဝေါစ၊ နိဝါတောစ၊ ပူဇာစ ပူဇနေယျာနံ မင်္ဂလာသုံးရပ်နှင့် အညီ ဆရာ/မတွေ၏ စာပေဂုဏ်၊ ပညာဂုဏ်တို့ကို ဦးထပ်ထားလျက် ပူဇော်၇ခြင်းဖြစ်ကြောင်း လေး၀တီထွန်းစောခိုင်က ရှင်းပြသည်။
#စာပေရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.