Preview

တောင်ကုတ်တွင် CDM ဆရာမ ဖမ်းဆီးအမှုဖွင့်ခံ၇ခြင်းမှာ CDM စစ်သား ၁ ဦးအား ငွေ ၁ သောင်းထောက်ပံ့၍ဟုဆို

ဒီဇင်ဘာ ၂၂/ ၂၀၂၁ | ကြည့်ရှုသူ :4934
ရခိုင် သတင်း
မြထွီးသျှင်
နိရ ဉ္စရာ၊ ဒီဇင်ဘာ ၂၀/ ၂၀၂၁
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ ကံပိုင်ရပ်ကွက်နေ CDM လုပ်နေသည့် အထက်တန်းပြဆရာမ ဖမ်းဆီးအမှုဖွင့်ခံ၇ခြင်းမှာ CDM စစ်သား ၁ ဦးအား ငွေကျပ် ၁ သောင်းထောက်ပံ့ခဲ့ခြင်းကြောင့်ဟု သိ၇သည်။
ဖမ်းဆီးအမှုဖွင့်ခံထားရသူမှာ တောင်ကုတ်မြို့၊ ကံပိုင်ရပ်ကွက်မှ အသက် ၄၀ အရွယ် ဒေါ်ချယ်ရီသက်ရှည်ဖြစ်သည်။
သူမသည် ဖမ်းဆီးမခံ၇ခင်က CDM လုပ်ထားသည့် စစ်သား ၁ ဦး ထမင်းငတ်နေသဖြင့် K pay ဖြင့် ငွေကျပ် ၁ သောင်းလှူဖူးခဲ့သောကြောင့် PDF ကို ငွေကြေးထောက်ပံ့သည်ဟုဆိုကာ ဖမ်းဆီးအမှုဖွင့်ခံရခြင်းဖြစ်သည်ဟု သူမ၏ မိသားစုဝင်တစ်ဦးက နိရဥ္စရာသို့ပြောသည်။
“အဲလိုမျိုးလှူလို့ PDF နဲ့ဆက်စပ်တယ်ဆိုပြီး အမှုဖွင့်တာလို့ ရဲစခန်းကပြောတယ်။ တရားလိုကတော့ ရဲဘက်ကပဲ ထင်ပါတယ်။ ပုဒ်မတပ်ပြီး အမှုဖွင့်ထားတာတော့ ရှိတယ်။ တရားကတော့ မစွဲရသေးဘူး၊ ခရိုင်တရားရုံးမှာပဲ စွဲမှာတဲ့” ဟုပြောသည်။
သူမသည် ပြီးခဲ့သည့်နိုဝင်ဘာလ ၂၀ ရက်နံနက်တွင် သူမ၏နေအိမ်မှ ရဲနှင့်စရဖက လာရောက်ဖမ်းဆီးခေါ်ဆောင်ခြင်းကိုခံခဲ့၇ခြင်းဖြစ်သည်။
လက်ရှိတွင် သူမကို အကြမ်းဖက်မှုပုဒ်မ ၅၀(ည)ဖြင့် တောင်ကုတ်ရဲစခန်းတွင် အမှုဖွင့်ထိန်းသိမ်းထားပြီး လာမည့် ဒီဇင်ဘာလ ၂၃ ရက်အထိ ရမန်ယူထားကြောင်း သိ၇သည်။
သူမသည် တောင်ကုတ်အထက(၂)မှ အထက်တန်းပြဆရာမဖြစ်ပြီး အာဏာသိမ်းပြီးနောက်ပိုင်းမှစတင်ကာ CDM လုပ်နေသူဖြစ်သည်ဟု သိ၇သည်။
လက်ရှိတွင် ၇ခိုင်၌ PDF နှင့်ဆက်စပ်သံသယဖြင့် သံတွဲမြို့မှ ဦးစိန်ချစ်(၄၂)နှစ်၊ ငပလီမြို့မှ ကိုရဲနိုင်ဦး (၂၄)နှစ်နှင့် မငြိမ်းအိဖြူကျော်(၃၅)နှစ်၊ သံတွဲမြို့မှ မတင်စန္ဒာဝင်းနှင့် ဒေါ်စန်းချိုသိုက်(၅၀)နှစ်နှင့် ကိုမင်းဒီပါ (၂၄)နှစ်၊ ကျောက်ဖြူမှ တက္ကသိုလ်ကျောင်းသူ မအေးမြင့်မြတ်အောင်(၂၁)နှစ်နှင့် တောင်ကုတ်မှ ကိုမင်းကိုဦးတို့သည်လည်း အကြမ်းဖက်မှုပုဒ်မ ၅၀(က)၊ ၅၂(က)၊ ၅၀(ည)တို့ဖြင့် ဖမ်းဆီးတရားစွဲဆိုထိန်းသိမ်းခံထားရကြောင်း သိ၇သည်။
#နိုင်ငံရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.