English Edition
တနင်္ဂနွေနေ့၊ မေလ ၁၁ရက်၊ ၂၀၂၅
လှူရန်
Preview
မောင်တောတွင် ထွေအုပ်ဝန်ထမ်းတစ်ဦး အသတ်ခံရ
ဒီဇင်ဘာ ၂၃/ ၂၀၂၁ | ကြည့်ရှုသူ :1892
ရခိုင် သတင်း
သဉ္ဇာနွယ်
နိရဉ္စရာ၊ ဒီဇင်ဘာ ၂၃ / ၂၀၂၁
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ထွေအုပ်ဝန်ထမ်းတစ်ဦး ယမန်နေ့ညဉ့်အချိန်က အသတ်ခံလိုက်ရသည်ဟု သိ၇သည်။
အသတ်ခံ၇သူမှာ မောင်တောမြို့နယ် မြင်းလွှတ်မြို့ထွေ/အုပ်မှ ရပ်/ကျေးစာရေး ကိုဆန်းဌေးနိုင် (၂၆ နှစ်)ဖြစ်သည်။
သူသည် ယမန်နေ့ ဒီဇင်ဘာလ ၂၂ ရက် ညဥ့် ၁၂ နာရီခန့်တွင် မောင်တောမြို့ စက်လှေဆိပ်အနီး၌ အသတ်ခံလိုက်ရခြင်းဖြစ်သည်ဟု မောင်တောမြို့မရဲစခန်းမှူး ဒုရဲမှူးမြင့်ကျော်ဦးက နိရ ဉ္စရာကို အတည်ပြုပြောသည်။
“သူက ညဉ့် ၁၂ နာရီလောက်က အသတ်ခံ၇တာလို့ထင်ပါတယ်။ အလောင်းကိုတော့ ဒီကနေ့မနက်က တွေ့တာ”ဟု ပြောသည်။
အသတ်ခံရသူတွင် လည်ပင်းပြတ်ရှဒဏ်ရာနှင့် မျက်နှာဖူးရောင်ဒဏ်ရာများဖြင့် သေဆုံးနေခြင်းဖြစ်သည်ဟု အလောင်းအားသွားရောက်ယူဆောင်ခဲ့သည့် မောင်တောမြို့နယ်ကရုဏာကွန်ရက်ဥက္ကဋ္ဌ ကိုချစ်ထူးခိုင်က ပြောသည်။
“ကျနော်တို့ ဒီကနေ့မနက် ရ နာရီကျော်လောက်မှာ အလောင်းကိုသွားယူပြီး မောင်တောဆေးရုံကို ပို့လိုက်ပါပြီ”ဟု ပြောသည်။
သေဆုံးသူတွင် အမျိုးသမီးနှင့် သမီးငယ်လေးတစ်ဦး ကျန်ခဲ့ကြောင်း သိ၇သည်။
ယခုကိစ္စကို မောင်တောမြို့မရဲစခန်းတွင် သေမှုသေခင်းဖြင့် အမှုဖွင့်ပြီး ကျူးလွန်သူအား စုံစမ်းလျက်ရှိသည်ဟု မောင်တောမြို့မရဲစခန်းမှ သိ၇သည်။
#မှုခင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.