Preview

ဘူးသီးတောင်မြို့နယ် မေယုမြစ်ဖျားတွင် ငါးကောင်ရေ ၂ သိန်းကျော်စိုက်ထည့်

ဒီဇင်ဘာ ၂၇/ ၂၀၂၁ | ကြည့်ရှုသူ :4446
ရခိုင် သတင်း
သဥ္ဇာနွယ်
နိရဥ္စရာ၊ ဒီဇင်ဘာ ၂၄ / ၂၀၂၁
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် မေယုမြစ်ဖျားရှိ သဘာ၀ရေပြင်အတွင်းသို့ ငါးကောင်ရေ ၂ သိန်းကျော် စိုက်ထည့်ခဲ့ကြောင်း သိ၇သည်။
ဘူးသီးတောင်မြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာနက ဒီဇင်ဘာ ၂၂ ရက်တွင် စိုက်ထည့်ခဲ့ခြင်းဖြစ်သည်။
ငါးသယံဇာတများ စဉ်ဆက်မပြတ် ရေရှည်ထိန်းသိ်မ်းနိုင်စေရေးနှင့် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့်ဝင်ငွေရရှိစေရေးအတွက် စိုက်ထည့်ရခြင်းဖြစ်သည်ဟု သိ၇သည်။
ယခုကဲ့သို့ ငါးမရှိသောနေရာတွင် ငါးများစိုက်ထည့်နိုင်ခြင်းသည် ဒေသခံများအတွက် များစွာအကျိုးကျေးဇူးရှိသည်ဟုလည်း ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးသက်ဦးက နိရဥ္စရာကို ပြောသည်။
“ဒါက ဒေသခံတွေအတွက် အကျိုးအများကြီးရှိတယ်။ နှစ်တိုင်းလည်း ထည့်ပါတယ်”ဟုပြောသည်။
ယခုစိုက်ထည့်ခဲ့သောငါးအမျိုးအစားများမှာ ငါးမြစ်ချင်း နှစ်လက်မအရွယ် ကောင်ရေ ၁ သောင်း၊ ရွှေဝါငါးကြင်း ၄ သောင်းနှင့် ထိုင်းငါးခုံးမကြီးကောင်ရေ ၁ သိန်းခြောက်သောင်း၊ စုစုပေါင်း ကောင်ရေ ၂ သိန်း ၁ သောင်းတို့ဖြစ်သည်ဟု သိ၇သည်။
ယင်းနေ့ကအခမ်းအနားသို့ ဘူးသီးတောင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျန်အေးနှင့်အဖွဲ့ဝင်များ၊ မောင်တောခရိုင်/မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှတာဝန်ရှိသူများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့သည်ဟု သိ၇သည်။
#သဘာဝသယံဇာတ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.