Preview

မိုးပညာဒါနကျောင်းဥက္ကဋ္ဌအား စွဲချက်တင်သင့်၊ မတင်သင့် အမိန့်ချမည့်ရက်ထပ်မံရွှေ့ဆိုင်း

ဒီဇင်ဘာ ၃၀/ ၂၀၂၁ | ကြည့်ရှုသူ :6367
ရခိုင် သတင်း
မြထွီးသျှင်
နိရ ဉ္စရာ၊ ဒီဇင်ဘာ ၂၈/၂၀၂၁
ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်သွယ်သည်ဟုဆိုကာ ဖမ်းဆီးတရားစွဲခံထားရသည့် ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှ မိုးပညာဒါနကျောင်း ဥက္ကဋ္ဌ ဦးအောင်ဝင်းနိုင်ကို စွဲချက်တင်သင့်၊ မတင်သင့် ယနေ့တွင် အမိန့်ချရန်ချိန်းဆိုထားသော်လည်း တရားရုံးတွင်အလုပ်များနေသည်ဟုဆိုကာ အမိန့်ချမည့်နေ့ကို ထပ်မံရွှေ့ဆိုင်းလိုက်ကြောင်း သိ၇သည်။
ဦးအောင်ဝင်းနိုင်ကို ယနေ့ ဒီဇင်ဘာလ ၂၈ ရက်တွင် စွဲချက်တင်သင့်၊ မတင်သင့် အမိန့်ချမည်ဟု တောင်ကုတ်မြို့နယ်တရားရုံးတွင် ရုံးချိန်းထားသော်လည်း စွဲချက်အမိန့်ချမည့်နေ့ကို ထပ်မံရွှေ့ဆိုင်းလိုက်ကြောင်း အမှုအားလိုက်ပါဆောင်ရွက်နေသည့် ရှေ့နေ ဦးအောင်ကြည်နိုင်က နိရ ဉ္စရာသို့ပြောသည်။
“စွဲချက်မတင်ဖြစ်သေးပါ။ ဒီနေ့ရုံးမှာ အလုပ်များနေကြတာနဲ့ နှစ်ချုပ်လုပ်နေကြတာနဲ့၊ မူဆလင်တွေကို ဖမ်းထားတဲ့ကိစ္စနဲ့ သူတို့တွေကိုအမိန့်ချဖို့လည်း ရှိနေတာကြောင့် သူ့အမှုကိုရက်ရွှေ့လိုက်ရတာ။ ရုံးကတော့ ထုံးစံအတိုင်းထုတ်ပြီး ရုံးချိန်းပေးရုံလောက်ပဲ ပေးလိုက်တယ်” ဟုပြောသည်။
စွဲချက်အမိန့်ချမည့်နေ့အား လာမည့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်အား ထပ်မံချိန်းဆိုလိုက်ကြောင်း သိ၇သည်။
ဦးအောင်ဝင်းနိုင်နှင့် အခြား ၆ ဦးတို့သည် ပြီးခဲ့သည့် ဇွန်လ ၅ ရက် နံနက်ပိုင်းက တောင်ကုတ်-သံတွဲလမ်းပိုင်း ဖုံညိုစစ်ဆေးရေးဂိတ်တွင် စစ်တပ်၏ ဖမ်းဆီးခြင်းကိုခံလိုက်၇ခြင်းဖြစ်သည်။
ဦးအောင်ဝင်းနိုင်သည် ရက္ခိုင့်တပ်တော်(AA)သို့ သစ်အခွန်ခငွေသုံးသိန်း အခွန်ဆောင်ခဲ့ပြီး အမည်မသိ လူ ၆ ဦးကို AA သို့ပို့ဆောင်ပေးခဲ့သည်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)ဖြင့် တောင်ကုတ်မြို့ ၅၄၄ တပ်ရင်းမှ ဗိုလ်ကြီးကျော်ဇင်ဦးက တရားလိုပြုလုပ်ကာ တရားစွဲဆိုထားခြင်းဖြစ်ကြောင်း သိ၇သည်။
ယင်းနောက် မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)ဖြင့် သြဂုတ်လ ၉ ရက်နေ့တွင် စတင် တရားစွဲဆိုခံလိုက်၇ခြင်းဖြစ်သည်။
သူနှင့်အတူဖမ်းဆီးခံခဲ့၇သူ ၆ ဦးနှင့်ပတ်သက်သည့်သတင်းအချက်အလက်များကို လက်ရှိအချိန်ထိ စုံစမ်း၍မ၇သေးပါ။
ဦးအောင်ဝင်းနိုင်တရားစွဲခံထားရသည့် မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁)သည် ၂ နှစ်ထက်မနည်း၊ ၃ နှစ်ထက်မပိုသော ထောင်ဒဏ်နှင့် ငွေဒဏ် ၂ ရပ်လုံးချမှတ်နိုင်သော ပုဒ်မဖြစ်သည်။
--------------------------------
#တရားစီရင်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.