English Edition
သောကြာနေ့၊ မေလ ၀၉ရက်၊ ၂၀၂၅
လှူရန်
Preview
AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ မိန့်ခွန်းများနှင့် အမေးအဖြေများ စာအုပ် ရောင်းအားကောင်းနေ
ဒီဇင်ဘာ ၃၀/ ၂၀၂၁ | ကြည့်ရှုသူ :2671
ရခိုင် သတင်း
အေးမြတ်ခိုင်
နိရဥ္စရာ၊ ဒီဇင်ဘာ ၂၈/၂၀၂၁
ရက္ခိုင့်တပ်တော်(AA)တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ မိန့်ခွန်းများနှင့် အမေးအဖြေများ စာအုပ်သည် ရောင်းအားကောင်းနေကြောင်း သိ၇သည်။
အဆိုပါစာအုပ်ရောင်းချသည့် စစ်တွေမြို့မှ အမည်မဖော်လိုသူတစ်ဦးက အခြားစာအုပ်များထက် စာဖတ်သူ ပိုစိတ်ဝင်စားမှုရှိကြပြီး စာအုပ်ရောက်၍မကြာမီတွင် ကုန်သွားပြီဖြစ်ကြောင်း နိရဥ္စရာကို ပြောသည်။
"စာအုပ်ရောက်လို့မကြာဘူး။ ကုန်သွားတာများတယ်။ တခြားစာအုပ်တွေထက် ပိုစိတ်ဝင်စားမှုရှိတာတွေ့၇တယ်"ဟု ပြောသည်။
စာမျက်နှာ ၃၀၀ ကျော်ပါဝင်သည့်အဆိုပါစာအုပ်ကို ချမ်းထက်အောင်ဆိုသူက စီစဉ်ပြီး ယခုနှစ် စက်တင်ဘာလအတွင်း ထွက်ရှိခဲ့ခြင်းဖြစ်သည်။
တစ်အုပ်လျှင် ကျပ် ၈ ထောင်ဖြင့် အုပ်ရေ ၁ ထောင်ထုတ်ဝေဖြန့်ချိနေခြင်းလည်းဖြစ်သည်။
ယင်းစာအုပ်တွင် ဗိုလ်ချုပ်ထွန်းမြတ်နိုင် ပြောခဲ့ဖူးသောမိန့်ခွန်းများနှင့် အင်တာဗျူးအမေးအဖြေများကို စုံလင်စွာ ထည့်သွင်းပုံနှိပ်ထားသည်ကိုတွေ့၇သည်။
အဆိုပါစာအုပ်ကို ဝယ်ယူဖတ်ရှုသည့် ကျောက်တော်မြို့မှ ဦးစောလှကလည်း သတင်းများတွင်ဗိုလ်ချုပ်မိန့်ခွန်းများကို ဖတ်ရသော်လည်း တစုတစည်းတည်းဖတ်ခွင့်ရသည့်အတွက် ရေးသားပြုစုသူကို ကျေးဇူးတင်ကြောင်း ပြောသည်။
"မိန့်ခွန်းတွေက သတင်းတွေမှာလည်းမကြာမကြာဖတ်ရပါတယ်။ ဒါပေမယ့် ဒီစာအုပ်မှာက တစုတစည်းနဲ့ ဖတ်ရသလို ဘယ်ချိန်မဆိုဖတ်လို့ရအောင် သိမ်းထားလို့၇တယ်လေ"ဟု ပြောသည်။
လက်ရှိတွင် ၇ခိုင်ပြည်နယ်ဈေးကွက်အတွင်း အဆိုပါစာအုပ်တစ်အုပ်လျှင် ဈေးနှုန်း ၈ ထောင်မှ ၉ ထောင်အထိ ရောင်းချနေကြကြောင်း သိ၇သည်။
#အေအေ/စစ်ရေး/ နိုင်ငံရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.