Preview

ဘူးသီးတောင်ရှိ စိုင်းတင်ရေတံခွန်သို့ လာရောက်လည်ပတ်သူ ယခင်နှစ်ထက် ၂ ဆခန့်ပိုများလာ

ဒီဇင်ဘာ ၃၁/ ၂၀၂၁ | ကြည့်ရှုသူ :7060
ရခိုင် သတင်း

သဥ္ဇာနွယ်
နိရဥ္စရာ၊ ဒီဇင်ဘာ ၂၉ / ၂၀၂၁
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ စိုင်းတင်ရေတံခွန်သို့ ယခုနှစ်အတွင်းလာရောက်လည်ပတ်သူ ယခင်နှစ်ထက် ၂ ဆခန့်ပိုများလာကြောင်း ဒေသခံများက ပြောသည်။
တိုက်ပွဲများကြောင့် သွားရောက်လည်ပတ်သူမရှိ၍ ခြောက်သွေ့နေသော စိုင်းတင်ရေတံခွန်ကို လူငယ်များ၏စိတ်အပန်းဖြေရာတစ်ခုအဖြစ် ဖန်တီးလို၍ဖြစ်သလို ဗဟုသုတရှာဖွေသူအချို့တို့ကြောင့် ယခုကဲ့သို့ များပြားနေရခြင်းဖြစ်သည်ဟု ဘူးသီးတောင်မြို့ခံ ကိုမောင်ဝင်းနိုင်က နိရဥ္စရာကိုပြောသည်။
“ဗဟုသုတအတွက် လာရောက်လည်ပတ်သူတွေရှိတယ်။ လေ့လာသူတွေရှိတယ်။ ပြီးတော့ လူငယ်တွေရဲ့ စိတ်အကျဉ်းအကျပ်တွေ ဖြေဖျောက်ဖို့အတွက်လာကြတာရှိတယ်။ တိုက်ပွဲကြောင့် သူတို့လည်း မလည်ပတ်၇တာကြာပြီဆိုတော့ စိတ်အပန်းဖြေဖို့ လာကြပါတယ်”ဟု ပြောသည်။
စိုင်းတင်ရေတံခွန်သည် ဘူးသီးတောင်မြို့၏ အရှေ့မြောက်ဘက် မိုင် ၃၀ ခန့်အကွာ စိုင်းတင်တောင်တန်းတွင်တည်ရှိကာ အမြင့်ပေ ၅၀၀ ရှိသော တောင်တန်း ၂ ခုကြားမှ စီးဆင်းပြီး ဘင်္ဂလားဒေ့ရှ်မြောက်ပိုင်း နယ်စပ်အထိစီးဆင်းနေကြောင်း သိ၇သည်။
အမြင့်ပေ ၇၀ နှင့် အကျယ်ပေ ၇၀၀ ရှိပြီး ရခိုင်တွင် အကြီးဆုံးနှင့် အမြင့်ဆုံး ရေတံခွန်ဖြစ်ကြောင်း သိ၇သည်။
စိုင်းတင်ရေတံခွန်ကိုသွားရောက်လည်ပတ်ခဲ့သူ မောင်တောမြို့ Women Team မှ ခေါင်းဆောင် မမီးမီးကလည်း “ဒီလက ခရီးထွက်တဲ့ရာသီလည်းဖြစ်တယ်။ ပိတ်ရက်တွေဆို လူတွေအများကြီးလာကြတာတွေ့တယ်။ အစုအဖွဲ့တွေနဲ့ သွားရတာ ပျော်စရာကောင်းပါတယ်။ သဘာ၀အလှတရားကိုလည်း ခံစားလို့၇တယ်”ဟုပြောသည်။
လာရောက်လည်ပတ်သူများအနေဖြင့်လည်း မိမိတို့စားသုံးသော အမှိုက်များကို စည်းကမ်းတကျ စွန့်ပစ်ကြရန်လိုပြီး မိမိတို့၏ပြည်နယ်တွင်ရှိသော အထင်ကရနေရာတစ်ခုကို ထိန်းသိမ်းရန်လိုအပ်သည်ဟု ဘူးသီးတောင်မြို့ခံ ကိုမောင်ဝင်းနိုင်က ဆက်ပြောသည်။
စိုင်းတင်ရေတံခွန်သည် ရခိုင်ကမ်းမြှောင်ဒေသတွင် အကြီးဆုံး ရေတံခွန်တစ်ခုဖြစ်ပြီး ယင်းဒေသတစ်ဝိုက် ဝါးအများအပြားထွက်ရှိသည်ဟု သိ၇သည်။
ယင်းကြောင့် ရေအားလျှပ်စစ်နှင့် စက္ကူထုတ်လုပ်ရန် အင်္ဂလိပ်ခေတ်ကပင် ကြိုးပမ်းမှုများရှိခဲ့ကြောင်းမှတ်တမ်းများက ဆိုသည်။
အလားတူ ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်နောက်ပိုင်းတွင်လည်း စိုင်းတင်ရေတံခွန်မှ ရေအားလျှပ်စစ်ထုတ်လုပ်ရန် ဦးသိန်းစိန်အစိုး၇နှင့် ဂျပန်နိုင်ငံမှ ကုမ္ပဏီတစ်ခုတို့ နားလည်မှုစာချွန်လွှာထိုးခဲ့ကြသေးသည်။
သို့သော် ယနေ့အချိန်ထိ အကောင်အထည်ဖော်နိုင်ခြင်းမရှိသေးဟု သိ၇သည်။

#လူမှုရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.