သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံသင်တန်းများ ဇန်နဝါရီ ၆ ရက်တွင် စဖွင့်မည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ ဇန်နဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 4.9k

အေးမြတ်ခိုင်
နိရဥ္စရာ၊ ဇန်နဝါရီ ၁/၂၀၂၂
နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ အစိုးရနည်းပညာကောလိပ်၊ အစိုးရစက်မှုလက်မှုသိပ္ပံသင်တန်းများကို ဇန်နဝါရီလ ၆ ရက်တွင် စတင်ဖွင့်လှစ်မည်ဟု သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနက ယမန်နေ့က ကြေညာလိုက်သည်။
ယခုဖွင့်လှစ်သည့်အထဲတွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် နည်းပညာတက္ကသိုလ်များရှိ B.S Bio-Tech (တတိယနှစ်)၊ B.E/B.Arch (ပဥ္စမနှစ်)၊ B.E(ဆဋ္ဌမနှစ်-Internship & mini thesisဆောင်ရွက်ဆဲ)၊ ဘွဲ့လွန်ဒီပလိုမာများနှင့် မြန်မာ့လေကြောင်းနှင့် အာကာသပညာတက္ကသိုလ်ရှိ ပထမနှစ်မှ ပဥ္စမနှစ်အထိ ဖြစ်သည်။
ယင်းအပြင် ကွန်ပျူတာတက္ကသိုလ်များရှိ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် စတုတ္ထနှစ်၊ ဘွဲ့ကြိုဒီပလိုမာ၊ ဘွဲ့လွန်ဒီပလိုမာနှင့် မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ်ရှိ ပထမနှစ်မှ ပဥ္စမနှစ်အထိ ဖွင့်လှစ်မည်ဟု ကြေညာချက်တွင်ဖော်ပြထားသည်။
ထိုနည်းတူ အစိုးရနည်းပညာကောလိပ်များနှင့် အစိုးရစက်မှုလက်မှုသိပ္ပံများရှိ AGTI ပထမနှစ်နှင့် AGTI ဒုတိယနှစ်တို့ကိုလည်း ယင်းနေ့တွင် တပြိုင်တည်း ဖွင့်လှစ်သွားမည်ဟု ဖော်ပြထားသည်။

ဆက်စပ် သတင်းများ