Preview

အဂတိမှုဖြင့် တရားစွဲခံနေရသည့် ၇ခိုင်ဝန်ကြီးဟောင်း ၅ ဦးကို ဇန်နဝါရီ ၁၉ ရက်တွင် အပြီးသတ်အမိန့်ချမည်

ဇန်နဝါရီ ၁၄/ ၂၀၂၂ | ကြည့်ရှုသူ :1343
ရခိုင် သတင်း
ချစ်အိလှိုင်
နိရဥ္စရာ၊ ဇန်နဝါရီ ၁၂/ ၂၀၂၂
၇ခိုင်ဝန်ကြီးချုပ်ဟောင်းဦးညီပုနှင့် ဝန်ကြီးဟောင်း ၄ ဦးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ(၅၅) ဖြင့် လာမည့် ဇန်နဝါရီ ၁၉ ရက်တွင် အပြီးသတ်အမိန့်ချမည်ဟု သိ၇သည်။
အဆိုပါဝန်ကြီးဟောင်း ၅ ဦးကို ယနေ့ ဇန်နဝါရီ ၁၂ ရက်နံနက်က စစ်တွေအကျဉ်းထောင် အထူးတရားရုံး၌ အပြီးသတ်လျှောက်လဲချက်ယူခဲ့ပြီးနောက် လာမည့်ရုံးချိန်းဖြစ်သည့် ဇန်နဝါရီ ၁၉ ရက်တွင်အမိန့်ချရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သဇင်ဥပဒေဆိုင်ရာအဖွဲ့အစည်းရုံးမှ တာဝန်ရှိသူက ပြောသည်။
“ဒီနေ့ အပြီးသတ်လျှောက်လဲချက်ယူပါတယ်။ နောက်လာမယ့်ရုံးချိန်းနေ့မှ အပြီးသတ်အမိန့်ချမှတ်မှာပါ။ ငါးယောက်လုံးပါ” ဟုပြောသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ(၅၅) ဖြင့် တရားစွဲခံနေရသည့် ဝန်ကြီးဟောင်းများမှာ ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပု၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီးဟောင်း ဦးကျော်လွင်၊ လျှပ်စစ်၊ စစ်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဟောင်း ဦးအောင်ကျော်ဇံ၊ ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီးဟောင်း ဦးကျော်အေးသိန်းနှင့် စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်တို့ဖြစ်ကြသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ(၅၅)သည် အများဆုံး ထောင်ဒဏ် (၁၅)နှစ်ချမှတ်နို်င်သည့် အမှုဖြစ်ကြောင်း သိ၇သည်။
၄င်းတို့အထဲမှ ဦးညီပုနှင့် ဦးမင်းအောင်တို့ကို လွန်ခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်က ရွေးကောက်ပွဲနှင့် ဆိုင်သည့် ပုဒ်မတစ်ခုဖြစ်သော ၁၃၀(က)ဖြင့် ထပ်မံတရားစွဲထားကြောင်း သိ၇သည်။
ပုဒ်မ ၁၃၀(က)သည် အများဆုံးထောင်ဒဏ် ၃ နှစ်ချမှတ်နို်င်သည့် ပုဒ်မဖြစ်သည်ဟု သိ၇သည်။
ဝန်ကြီးဟောင်းများအနက် ဝန်ကြီးချုပ်ဟောင်း ဦးညီပုသည် နို်င်ငံတော်ကြည်ညိုပျက်စေမှုပုဒ်မဖြင့်လည်း အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ်ချမှတ်ခံထား၇သည်။
#နိုင်ငံရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.