Preview

စစ်တွေ မေယုလမ်းတစ်လျှောက်ရှိ ဈေးဆိုင်ခန်းများ ဆက်လက်ဖယ်ရှားခံနေရ

ဇန်နဝါရီ ၁၄/ ၂၀၂၂ | ကြည့်ရှုသူ :1517
ရခိုင် သတင်း

သဥ္ဇာနွယ်၊မြထွီးသျှင်

နိရဥ္စရာ၊ဇန်နဝါရီ ၁၂ / ၂၀၂၂

စစ်တွေမြို့မေယုလမ်းတစ်လျှောက်ရှိ ဈေးဆိုင်ခန်းများသည် ယနေ့တွင်လည်းဆက်လက်ဖယ်ရှားခံနေရကြောင်း သိ၇သည်။

စစ်တွေမြို့၊မေယုလမ်းတစ်လျှောက်ရှိဈေးဆိုင်ခန်းများအနက် ဝေသာလီအားကစားကွင်းရှေ့ရှိထမင်းဆိုင်၊ ကွမ်းယာဆိုင်စသည့် ဆိုင်ခန်း ၄ ခန်းသည်ယနေ့ ဇန်နဝါရီ ၁၂ ရက် ညနေ ၃နာရီခန့်တွင် မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် စည်ပင်တို့်၏ရှင်းလင်းဖယ်ရှားခြင်းကိုခံခဲ့ရခြင်းဖြစ်သည်ဟု ဈေးရောင်းနေသူတစ်ဦးက နိရဥ္စရာကိုပြောသည်။

"ကျမတို့ဒီမှာရောင်းစားလာတာ နှစ် ၂၀ ကျော်ပြီ။ စည်ပင်ခ ၃၀၀ ပေးကတည်းက။ ခုဆို တစ်လကို ၁၅,၀၀၀ ပေးရတယ်။ကျမတို့မှာ ဒီဆိုင်လေးတွေနဲ့ အသက်မွေးရတယ်။ သားသမီးပညာရေးတွေကလည်း တစ်ဖက်။သက်ဆိုင်ရာတွေကိုလည်း အသနားခံစာတောင်းဖူးတယ်။ ဘာတစ်ခုမှတုံ့ပြန်တာမရှိခဲ့ဘူး"ဟု ပြောသည်။

လမ်းတစ်လျှောက်ရှိနောက်ထပ်ဆိုင်ခန်းများကိုလည်း နောက်နေ့များတွင် ဆက်လက်ဖယ်ရှားသွားဦးမည်ဟုလည်းသိ၇သည်။

မေယုလမ်းတွင်ဈေးရောင်းသူ နောက်ထပ်တစ်ဦးကလည်း အရမ်းခံစားရတယ်။ရခိုင်သူ ရခိုင်သားတို့ ကိုယ်ချင်းစာတရားရှိကြပါ။ မိသားစုတိုင်းမှာ သားသမီးပညာရေးတွေရှိတယ်။ ဆယ်တန်း ကျောင်းသူ ၂ ယောက်ရှိတယ်။ ကျမတို့ဘ၀အခက်အခဲတွေဖြစ်နေ၇ပါပြီဟုပြောသည်။

ရခိုင်ပြည်နယ်ကောင်စီပြောရေးဆိုခွင့်ရှိသူဦးလှသိန်းက စစ်တွေမြို့တွင် မြို့အင်္ဂါရပ်နှင့်ညီရန်ဟုဆိုကာမေယုလမ်းတစ်လျှောက်ရှိ ဈေးဆိုင်ခန်းများအား ရှင်းလင်းဖယ်ရှားသွားမည်ဟု ဇန်နဝါရီ ၃ရက် နေ့လယ်ပိုင်းက ပြည်နယ်ဥပဒေချုပ်ရုံးအစည်းအဝေးခန်းမတွင်ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုခဲ့သည်။

ယင်းနောက်ဇန်နဝါရီလ ၁၀ ရက် ညနေ ၃ နာရီခွဲခန့်မှစတင်ကာ မေယုလမ်းရှိ စစ်တွေလောကာနန္ဒာဘုရားမြောက်ဘက်မုခ် ဘေးပတ်လည်မှဆိုင်ခန်းများကို စတင်ဖယ်ရှားခဲ့သည်ဟု သိ၇သည်။

လက်ရှိတွင်အဆိုပါဆိုင်ခန်းများသည် လောကာနန္ဒာဘုရားဝင်းထဲတွင်ယာယီဖွင့်လှစ်ရောင်းချနေကြကြောင်း သိ၇သည်။

ပြီးခဲ့သည့်စက်တင်ဘာလ ၅ ရက်ကလည်း စစ်တွေအဝေးပြေးကားဂိတ်ရှေ့မှမီးစက်ကြီးလမ်းဆုံရေပန်းအဝိုင်းအထိ မေယုလမ်းတစ်လျှောက်ရှိလမ်းဘေးဆိုင်ခန်း ၂၀ခန့်နှင့် ကားဂိတ်ရှေ့ရှိ ထမင်းဆိုင်တန်း၊ ကွမ်းယာဆိုင်၊ ဖရဲသီးပွဲရုံစသည့်ဆိုင်ခန်း ၁၀ ခန်းတို့ကို မြို့နယ်စည်ပင်နှင့် ရဲတပ်ဖွဲ့ဝင်များက ဖြိုဖျက်ခဲ့သည်ဟုသိ၇သည်။

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.