Preview

မာန်အောင်ရှိ မြေနီတောင်တွင် မြောက်ဦးမှ ရှေးဟောင်းထုက္ကန်သိမ်ပုထိုးပုံစံတူ စတင်တည်ဆောက်

ဇန်နဝါရီ ၁၄/ ၂၀၂၂ | ကြည့်ရှုသူ :1477
ရခိုင် သတင်း
သဥ္ဇာနွယ်
နိရဥ္စရာ၊ ဇန်နဝါရီ ၁၃ / ၂၀၂၂
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်ရှိမြေနီတောင်တွင် မြောက်ဦးရှိ ရှေးဟောင်းထုက္ကန်သိမ်ပုထိုးပုံစံတူ စတင်တည်ဆောက်နေပြီဖြစ်ကြောင်း သိ၇သည်။
မာန်အောင်မြို့၏ အနောက်တောင်ဘက် ၁၂ မိုင်အကွာရှိ မြေနီတောင်(ခေါ်)တောင်နီတောင်၏အရှေ့ဘက်တွင် မြောက်ဦးမြို့ဟောင်းရှိ ရှေးဟောင်းသမိုင်းဝင်ထုက္ကန်သိမ်ပုထိုးတော်ပုံစံတူအား ဇန်နဝါရီလ ၁၁ ရက်မှစတင်တည်ဆောက်နေခြင်းဖြစ်သည်။
ထုက္ကန်သိမ်ပုထိုးသည် မြောက်ဦးရှိ ဘုရားပုထိုးစေတီများအနက် ထူးထူးခြားခြားပုံစံဖြင့်ဖြစ်နေ၍ ယခုကဲ့သို့ပုံစံတူတည်ဆောက်ရခြင်းဖြစ်သည်ဟု ဦးဆောင်တည်ဆောက်နေသည့် ပြည်နယ်ပညာရေးမှူးဟောင်း ဦးတင်သိန်းက နိရဥ္စရာကိုပြောသည်။
“ဒီထူးခြားမှုရှိတဲ့ ထုက္ကန်သိမ်ဘုရားကို မာန်အောင်မြို့ကို လာလည်ပတ်ကြတဲ့သူတွေနဲ့ မြို့သူမြို့သားတွေကို ဖူးစေချင်တယ်။ ဒါကြောင့် အခုလို ပုံစံတည်ဆောက်၇တာပါ”ဟု ပြောသည်။
စုစုပေါင်းကုန်ကျနိုင်မည့်ငွေပမာဏနှင့် တည်ဆောက်ပြီးစီးမည့်အချိန်ကိုလည်း မခန့်မှန်းနိုင်ဖြစ်နေပြီး အလှူငွေများများ၇လျှင် မြန်မြန်ပြီးစီးနိုင်မည်ဟု ဦးတင်သိန်းက ပြောသည်။
အဆိုပါပုထိုးတော်ကို ဦးတင်သိန်းနှင့်ဇနီး ဒေါ်ခင်မာရီတို့မိသားစုက ကျပ်သိန်း ၃၀ မတည်ကာ ဆရာတော်၊ သံဃာတော်များ၏လမ်းညွှန်မှုနှင့်အတူ ပြည်နယ်ပညာရေးဌာနနှင့် စေတနာရှင်၊ အလှူရှင်များ၏လှူဒါန်းငွေ ကျပ်သိန်း ၃၀၀ ခန့်ဖြင့် ဝင်း၇တနာထွန်းကုမ္ပဏီက စတင်တည်ဆောက်နေခြင်းလည်း ဖြစ်သည်။
မာန်အောင်မြို့သူ မဇင်မိုးသက်က “ဒီလိုမျိုး ဘုရားစေတီတည်တယ်ဆိုတာ သာသနာကိုထိန်းသိမ်းရာလည်းရောက်တယ်။ ဗုဒ္ဓဘာသာဖြစ်တဲ့အတွက် အလွန်ဝမ်းမြောက်မိပါတယ်”ဟု ပြောသည်။
ယခုတည်ဆောက်နေသည့် ထုက္ကန်သိမ်ပုထိုးကို မြောက်ဦးမြို့ရှိ ထုက္ကန်သိမ်ပုထိုး၏ မူလအကျယ်အဝန်းအတိုင်း တည်ဆောက်ချင်သော်လည်း မြေနေရာအခက်ခဲကြောင့် အလျား ၅၀ ပေနှင့် အနံ ၅၀ ပေ စတုရန်းပုံသဏ္ဍန် တည်ဆောက်နေရသည်ဟုလည်း သိ၇သည်။
မြောက်ဦးရှိ ထုက္ကန်သိမ်ပုထိုးတော်ကြီးမှာ တောင်မြောက်အရှည်မှာ ပေ ၁၀၀ ကျော်ခန့်၊ အရှေ့အနောက် ပေ ၁၂၃ ပေခန့်ရှိပြီး အမြင့်မှာ ၄၅ ပေရှိကြောင်း သိ၇သည်။
မြောက်ဦးရှိ ထုက္ကန်သိမ်ပုထိုးတော်ကြီးကို သက္ကရာဇ် ၉၃၃ ခု၊ အေဒီ ၁၅၇၁ ခုနှစ်တွင် ရခိုင်ဘုရင် မင်းဖလောင်းနှင့် မိဖုရားရှင်လတ်တို့က တည်ထားပူဇော်ခဲ့ခြင်းဖြစ်သည်ဟု သမိုင်းများတွင်ဖော်ပြထားသည်။
ဓာတ်ပုံ - ဇော်ထူးအောင်
#ဘာသာရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.