Preview

ပေါက်တောမြို့နယ်အနောက်ရဲဒုက္ခသည်စခန်းရှိ NGO အမျိုးသမီးအဆောင် တစ်ပတ်အတွင်းနှစ်ကြိမ်မီးရှို့ခံရ

ဇန်နဝါရီ ၁၄/ ၂၀၂၂ | ကြည့်ရှုသူ :10071
ရခိုင် သတင်း

အိမ်စိုးဖြူ
နိရဉ္စရာ၊ ဇန်နဝါရီ ၁၄/ ၂၀၂၂
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ အနောက်ရဲမှုဆလင်ဒုက္ခသည်စခန်းရှိ NGO အမျိုးသမီးအဆောင် ဇန်နဝါရီ ၁၂ ရက်က မီးရှို့ခံခဲ့ရပြီး ဇန်နဝါရီ ၆ ရက်နေ့ကလည်း တစ်ကြိမ် မီးရှို့ခံထားရသဖြင့် တစ်ပတ်အတွင်း နှစ်ကြိမ် မီးရှို့ခံခဲ့ရသည်ဟု သတင်းရရှိသည်။
မီးရှို့ခံရသည့် အဆောင်မှာ အနောက်ရဲမူဆလင်ဒုက္ခသည်စခန်းမှ LWF(The Lutheran World Federation) အမျိုးသမီးအဆောင်ဖြစ်သည်ဟု သိ၇သည်။
ဇန်နဝါရီ ၁၂ ရက်က ထပ်မံ မီးရှို့မှုနှင့် ပတ်သက်ပြီး အနောက်ရဲစန်းမှ ဦးဆိုဒူလာမီက “ ဘယ်သူ ရှို့တာလည်းတော့ မသိသေးဘူး။ အရင် အပတ်ကလည်းတစ်ကြိမ် မီးရှို့ခံရတယ်။ အဲဒီအဆောင်မှာ လူမနေပါဘူး။ ရုံးခန်းပါ။ မနေ့ကတော့ အဲဒီရုံးရှေ့ အိမ်ကကျောင်းသားကလေး နှစ်ယောက် စာကျက်နေရင်း မီးလောင်နေတာကိုတွေ့တာပါ။ သူတို့ မီး.. မီးဆိုပြီး အော်တော့ ပတ်ဝန်းကျင်တွေတော့ ဆူညံသွားတာပေါ့။ မမြင်လိုက်ရင် အဲဒါနဲ့ အဆောင်တွေ၊ အိမ်တွေကကပ်နေတာဆိုတော့ စခန်းတစ်ခုလုံး အကုန် ပါသွားမှာပေါ့” ဟုပြောသည်။
အဆိုပါ အဆောင်အား နှစ်ကြိမ်တိတိ မီးရှို့သော်လည်း နှစ်ကြိမ်စလုံး ငြိမ်းသတ်နိုင်ခဲ့သဖြင့် အဆောင်တစ်ခုလုံး မီးလောင်ပျက်စီးသွားခဲ့ခြင်း မရှိဟု သိ၇သည်။
အနောက်ရဲအမှုစစ်အရာရှိရဲအုပ်သန်းဌေးက “ ပေ ၁၅၀လောက် အဝေးကအိမ်မှာ ကလေး နှစ်ယောက်စာကျက်နေတာမီးမြင်လို့အော်လို့ မီးငြိမ်းနိုင်ခဲ့တာ။ မဟုတ်ရင် စခန်းတစ်ခုလုံး မီးလောင်သွားမယ်။ မီးရှို့တဲ့လူကိုတော့ စုံစမ်းနေတယ်။ ပထမတစ်ခေါက် မီးလောင်တုန်းကလည်း အဲဒီ LWF ကလည်းအမှုမဖွင့်ခဲ့ဘူး။ အများလောင်တာမဟုတ်တော့။ အခုတခေါက်တော့စခန်းတာဝန်ခံက တရားလိုလုပ်ပြီးအမှုဖွင့်ထားတယ်” ဟုပြောသည်။
၎င်းမီးရှို့မှုအား ပေါက်တောမြို့မရဲစခန်းမှ မီးရှို့မှုအတွက် ရာဇသတ်ကြီးပုဒ် ၄၃၆ ဖြင့် အမှုဖွင့်ဆောင်ရွက်နေကြောင်း ၎င်းက ပြောကြားသည်။
၎င်းအနောက်ရဲမူဆလင်ဒုက္ခသည်စခန်းတွင် အိမ်ထောင်စု ၁၁၁၅ စုရှိပြီး လူဦးရေ ၅၂၀၀ ခန့်ခိုလှုံနေခြင်းဖြစ်ကြောင်း သိ၇သည်။
(ဓာတ်ပုံ- ၇ခိုင်နေ့စဉ်/ Narinjara)

#မီးဘေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.