Preview

ဘင်္ဂလားဒေ့ရှ်မှ နယ်စပ်ကုန်သွယ်ရေးဖြင့်ပြန်လာသူများကို အိုမီခရွန်ကိုဗစ်မျိုးစိတ်ပိုး ရှိ/မရှိ စစ်ဆေးနိုင်ခြင်းမရှိသေး

ဇန်နဝါရီ ၁၄/ ၂၀၂၂ | ကြည့်ရှုသူ :6457
ရခိုင် သတင်း
မြထွီးသျှင်
နိရဥ္စရာ၊ ဇန်နဝါရီ ၁၄/ ၂၀၂၂
အိုမီခရွန်ကိုဗစ်မျိုးစိတ်ပိုးကူးစက်ခံနေရသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေးလုပ်ဆောင်ပြီးနောက် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်သို့ပြန်ဝင်လာသော စက်လှေသမားများကို အိုမီခရွန်ကိုဗစ်မျိုးစိတ်ပိုး ရှိ/မရှိ စစ်ဆေးနိုင်ခြင်းမရှိသေးဟု သိ၇သည်။
ဘင်္ဂလားဒေ့ရှ်မှ နယ်စပ်ကုန်သွယ်ရေးဖြင့်ပြန်လာကြသည့်စက်လှေသမားများကို ရေယာဉ်ဆိပ်ကမ်းများတွင် ကွာရန်တင်း ၁၀ ရက်ဝင်ခိုင်းပြီး ကိုဗစ်စစ်ဆေးမှုများပြုလုပ်လျက်ရှိသော်လည်း အိုမီခရွန်မျိုးစိတ်ပိုးကို စစ်ဆေးနိုင်ခြင်းမရှိသေးကြောင်း ရခိုင်ပြည်နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က နိရဥ္စရာသို့ပြောသည်။
“အိုမီခရွန်မျိုးခွဲစစ်တာမျိုးကတော့ မလုပ်ဖြစ်ဘူး။ လူတိုင်းကိုမျိုးခွဲနေလို့မရဘူး။ ကျနော်တို့မြန်မာတစ်နိုင်ငံလုံးမှာမှ နေပြည်တော်က စစ်ဆေးရုံ ခုတင်ဘယ်လောက်မှာလဲပေါ့နော်။ အဲမှာပဲ ရှိတယ်ပေါ့နော်။ အဲဒါကြောင့် ကျနော်တို့ အချိန်ကာလအားလျော်စွာ ၁ လတန်သည်၊ ၂ လတန်သည် အဲလိုမျိုးလောက်မှာ စစ်ပါတယ်”ဟု ပြောသည်။
မြန်မာနိုင်ငံသို့ အိန္ဒိယနှင့် ဒူဘိုင်းနိုင်ငံများမှ ကယ်ဆယ်ရေးလေယာဉ်ဖြင့်ပြန်ဝင်လာသူများအနက် အိုမီခရွန်ရောဂါပိုးကူးစက်ခံထား၇သူ ၄၂ ဦးကို ယမန်နေ့ ဇန်နဝါရီလ ၁၃ ရက်က တွေ့ရှိခဲ့သည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
မြန်မာတွင် ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၈ ရက်မှစ၍ ပြည်ပမှဝင်လာသူ ၄ ဦးထံမှ အိုမီခရွန်မျိုးရိုးဗီဇပြောင်းရောဂါပိုး စတင်တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ယင်းနောက် ဇန်နဝါရီလ ရ ရက်တွင် ၁၂ ဦး၊ ဇန်နဝါရီ ၉ ရက်တွင် ၃ ဦးနှင့် ဇန်နဝါရီ ၁၂ ရက်တွင် ၂ ဦးနှင့် ယမန်နေ့တွင် ၄၂ ဦး၊ စုစုပေါင်း ၆၃ ဦး တွေ့ရှိထားပြီဟု သိ၇သည်။
အိုမီခရွန်ကိုဗစ်မျိုးကွဲသစ်ကို ကမ္ဘာတွင် ပြီးခဲ့သည့် နိုဝင်ဘာလအစောပိုင်းက တောင်အာဖရိကနိုင်ငံ၌ စတင်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် မြန်မာနှင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း ၁၀၀ ကျော်၌ ကူးစက်ပြန့်ပွားနေပြီဟု သိ၇သည်။
အိုမီခရွန်သည် မြန်မာတွင် ဖြစ်ပွားခဲ့သည့် ဒေလ်တာမျိုးစိတ်ကိုဗစ်ပိုးထက် ရောဂါဖြစ်ပွားမှုပြင်းထန်ခြင်းမရှိသော်လည်း ကူးစက်မှုပိုမိုမြန်ဆန်သည်ဟုလည်း သိ၇သည်။
ဓာတ်ပုံ - မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်ရေးစက်လှေအချို့အားတွေ့၇စဉ်။
#ကိုရိုနာဗိုင်းရပ်စ်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.