ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

NCA လက်မှတ်ရေးထိုးမထားသည့် AA အပါအဝင်လက်နက်ကိုင်အဖွဲ့ ၆ ဖွဲ့နှင့် လက်နက်ကိုင်ပဋိပက္ခလျော့ချရေးဆွေးနွေးခဲ့ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းပြော


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ ဇန်နဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 9.1k

မြထွီးသျှင်
နိရဥ္စရာ၊ ဇန်နဝါရီ ၁၄/၂၀၂၂
ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA) အပါအဝင် NCA လက်မှတ် ရေးထိုး မထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၆ ဖွဲ့နှင့် လက်နက်ကိုင်ပဋိပက္ခ လျော့ချရေး ကိစ္စရပ်များအပါအဝင် ငြိမ်းချမ်းရေး ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့သည်ဟု နစက သတင်း ပြန်ကြားရေး ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
ယနေ့ ဇန်နဝါရီလ ၁၄ ရက် နေ့လယ် ၁ နာရီအချိန်တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
တွေ့ဆုံခဲ့သော NCA လက်မှတ်ရေးထိုးမထားသည့် တိုင်းရင်းသား လက်နက်ကိုင် ၆ ဖွဲ့မှာ UWSA၊ NDAA, MNDAA, ULA/AA၊ TNLA၊ SSPP/SSA တို့ဖြစ်ကြသည်ဟုဆိုသည်။
၄င်းတို့နှင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီတို့သည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
ထိုတွေ့ဆုံပွဲကို တက်ရောက်ခဲ့သော တိုင်းရင်းသားလက်နက်ကိုင် ၆ ဖွဲ့၏ ကိုယ်စားလှယ်များနှင့် ငြိမ်းချမ်းရေးလုပ်ငန်းဆိုင်ရာကိစ္စရပ်များနှင့် ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များ၊ လက်နက်ကိုင်ပဋိပက္ခများ လျော့ချရေးနှင့် ဆက်လက်ဆောင်ရွက်ရမည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆိုင်ရာကိစ္စရပ်များ၊ မူးယစ်ဆေးဝါးထိန်းချုပ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် နယ်စပ်တည်ငြိမ်အေးချမ်းရေးဆိုင်ရာကိစ္စရပ်များကို အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ၎င်းက ပြောသည်။
ထို့နောက် အမျိုးသားစည်းလုံးညီညွှတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ညှိနှိုင်းရေးကော်မတီအနေဖြင့် ၂၀၂၁ ခုနှစ် မတ်လ ၁၁ ရက်မှ ဒီဇင်ဘာလ ၂၇ ရက်နေ့အထိ NCA လက်မှတ် ရေးထိုးပြီးခဲ့သည့် တိုင်းရင်းသားအဖွဲ့အစည်းများနှင့် ၁၆ ကြိမ်၊ NCA လက်မှတ်မထိုးထားသေးသည့် တိုင်းရင်းသားအဖွဲ့အစည်းများနှင့် ၉ ကြိမ်၊ ဘာသာရေး ခေါင်းဆောင်များ၊ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့များနှင့် ၂ ကြိမ်၊ စုစုပေါင်း ၃၃ ကြိမ်တွေ့ဆုံခဲ့ပြီး NCA လမ်းကြောင်းအတိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များဖော်ဆောင်နေမှုနှင့် ရှေ့ဆက် လုပ်ဆောင်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဆက်စပ် သတင်းများ