Preview

စစ်တွေတွင် ညဥ့်အချိန်မီးလောင်မှု အမျိုးသမီး ၁ ဦးသေ၊ ကလေး ၁ ဦးအပါအဝင် ၃ ဦးဒဏ်ရာရ

ဇန်နဝါရီ ၁၆/ ၂၀၂၂ | ကြည့်ရှုသူ :7004
ရခိုင် သတင်း
သဥ္ဇာနွယ်
စစ်တွေ၊ ဇန်နဝါရီ ၁၆ /၂၀၂၂
၇ခိုင်ပြည်နယ် စစ်တွေမြို့တွင် ယနေ့ညဥ့်အချိန်ကဖြစ်ပွားခဲ့သည့်မီးလောင်မှုကြောင့် အမျိုးသမီး ၁ ဦးသေဆုံးပြီး ကလေး ၁ ဦးအပါအဝင် ၃ ဦး ဒဏ်ရာအပြင်းအထန်ရရှိသွားကြောင်း သိ၇သည်။
ယနေ့ ဇန်နဝါရီလ ၁၆ ရက် ညဥ့် ၂ နာရီခွဲခန့်တွင် စစ်တွေမြို့ လမ်းမတော်မြောက်ရပ်ကွက် အလယ်လမ်းရှိ ဦးမောင်သာစိန်၏နေအိမ်၌ ဘတ်ထရီအိုး အားဖြည့်ရာမှ အပူလွန်ကဲကာ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမောင်လှဝင်းက အတည်ပြုသည်။
"ကျနော်သွားကြည့်တော့ မီးကတစ်အိမ်လုံးလောင်နေပြီ။ အထဲမှာ အိမ်သားတွေအိပ်နေကြတယ်။ တစ်အိမ်လုံးပြာကျသွားတယ်"ဟု ပြောသည်။
မီးလောင်မှုကြောင့် အဆိုပါနေအိမ်မှ ဒေါ်မြမြကျော့ (၆၅ နှစ်)သည် မီးလောင်ကျွမ်းသေဆုံးသွားခဲ့ပြီး သေဆုံးသူ၏အစ်ကိုဖြစ်သူ ဦးမောင်သာစိန် (၇၄ နှစ်)၊ တူမဖြစ်သူ မခိုင်အေးမွန် (၃၄ နှစ်)နှင့် သမီးဖြစ်သူ မမြတ်သန္တာ (၁ နှစ်နှင့် ၅ လ)တို့သည် ဒဏ်ရာအပြင်းအထန်ရရှိသွားခဲ့သည်ဟု ကူညီဆောင်ရွက်ပေးခဲ့သည့် ရွှေရောင်မေတ္တာဖောင်ဒေးရှင်းမှ သိ၇သည်။
"ဘတ်ထရီဆိုင်ကယ်ရှော့ခ်ဖြစ်လို့လောင်တာ။ပြင်းထန်ဒဏ်ရာ၇တဲ့သူ ၃ ယောက်ကို ဆေးရုံပို့လိုက်တယ်။ တစ်ဦးကတော့ သေတယ်"ဟု ရွှေရောင်မေတ္တာဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးမင်းထည်ဝါက ပြောသည်။
အဆိုပါမီးလောင်မှုကို မီးသတ်တပ်ဖွဲ့ဝင်များအပါအဝင် အရပ်ဘက်အဖွဲ့အစည်းအချို့နှင့် ဒေသခံများဝိုင်းဝန်းမီးငြှိမ်းသတ်မှုကြောင်း နံနက် ၃ နာရီကျော်တွင် မီးငြိမ်းသွားကြောင်း သိ၇သည်။
ဓာတ်ပုံ - ရွှေရောင်မေတ္တာဖောင်ဒေးရှင်း
#မီးဘေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.