Preview

မြောက်ဦးမြို့နှင့် 11kv လိုင်း ခြောက်တိုင်စင်အား ကားဖြင့်တိုက်မိရာမှ စင်ကျိုးသွား၍ နေရာအနှံ့ မီးပြတ်တောက်နေ

ဇန်နဝါရီ ၁၈/ ၂၀၂၂ | ကြည့်ရှုသူ :1250
ရခိုင် သတင်း
မြထွီးသျှင်
နိရဥ္စရာ၊ ဇန်နဝါရီလ ၁၈/၂၀၂၂
ရခိုင်ပြည်နယ် မြောက်ဦးမြို့ရှိ မြို့ပေါ်ရပ်ကွက်များနှင့် မြို့နယ်တွင်းရှိ ရွာပေါင်း ၃၂ ရွာကို လျှပ်စစ်မီးပေးနေသည့် 11kv လိုင်း ခြောက်တိုင်စင်အား ယနေ့ညနေတွင် ကားတစ်စီးက ဝင်တိုက်မိရာမှ စင်ကျိုးသွား၍ နေရာအနှံ့လျှပ်စစ်မီးပြတ်တောက်နေကြောင်း သိ၇သည်။
မြောက်ဦးမြို့ အလယ်ဈေးရပ်ကွက် လျှပ်စစ်ဓာတ်အားခွဲရုံရှေ့ရှိ အဆိုပါခြောက်တိုင်စင်အား ယနေ့ ဇန်နဝါရီလ ၁၈ ရက် ညနေ ၄ နာရီခွဲခန့်တွင် ဒိုင်နာခေါင်းတိုအမျိုးအစားကားတစ်စီးက ဝင်တိုက်မိခဲ့ခြင်းဖြစ်သည်ဟု သိ၇သည်။
အဆိုပါကားသည် မြောက်ဦးမှအထွက်တွင် အခြားကားတစ်စီးအား တိမ်းရှောင်ရာမှ ထိုခြောက်တိုင်စင်လုံးအား ဝင်တိုက်မိခဲ့ခြင်းဖြစ်ပြီး စင်ကျိုးသွား၍ တစ်မြို့နယ်လုံး လျှပ်စစ်မီးပြတ်တောက်နေသည်ဟု မြောက်ဦးမြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးနီကိုဦးက နိရဥ္စရာသို့ပြောသည်။
“11kv လိုင်း ခြောက်တိုင်စင်တစ်ခုလုံးပါသွားတယ်။ အဲဒီ 11kv ခြောက်တိုင်စင်တစ်ခုလုံး ကျိုးသွားတယ်။ တစ်ခုမှ မီးပေးလို့မ၇ဘူး။ မီးအားလုံးပြတ်နေတယ်” ဟုပြောသည်။
အဆိုပါခြောက်တိုင်စင်မှ မြောက်ဦးမြို့ပေါ်ရပ်ကွက် ရ ခုအပါအဝင် မြို့နယ်တွင်းရှိ ရွာပေါင်း ၃၂ ရွာနှင့် စစ်တပ် ၃ တပ်တို့ကို လျှပ်စစ်မီးဖြန့်ဖြူးပေးနေခြင်းဖြစ်ပြီး လက်ရှိတွင် နေရာအနှံ့လျှပ်စစ်မီးပြတ်တောက်နေသည်ဟုလည်း ဆက်ပြောသည်။
လက်ရှိတွင် အဆိုပါစင်အား ပြုပြင်နေဆဲဖြစ်ပြီး မည်သည့်အချိန်တွင်ပြီးစီးမည်ကို မခန့်မှန်းနိုင်သေးသည့်အတွက် မီးဆက်လက်ပြတ်တောက်နေဦးမည်ဟု ဆိုသည်။
ဝင်တိုက်မိသောကားတွင် အမျိုးသားနှစ်ဦးလိုက်ပါလာပြီး တစ်ဦးမှာ ခေါင်းကွဲဒဏ်ရာနှင့် ကျန်တစ်ဦးမှာ ဒူးဒဏ်ရာရရှိသွားခဲ့သည်ဟု သိ၇သည်။
၄င်းတို့နှစ်ဦးကို လက်ရှိတွင် မြောက်ဦးဆေးရုံသို့ ပို့ဆောင်ထားပြီး ၄င်းတို့၏ဒဏ်ရာအနေအနေမှာ မစိုးရိမ်ရဟု မြောက်ဦးမြို့ရှိ ကရုဏာလှိုင်းသွေးလှူရှင်များအသင်းမှ အရေးပေါ်ကားဥက္ကဋ္ဌ ဦးညိုမှိုင်းက နိရဥ္စရာသို့ ပြောသည်။
၄င်းတို့နှစ်ဦးကို လျှပ်စစ်ရုံးပိုင်ပစ္စည်းများကို မဆင်မခြင်ဝင်တိုက်ခဲ့မှုကြောင့် ဥပဒေနှင့်အညီ အရေးယူနိုင်ရန် ဆောင်ရွက်နေသည်ဟုလည်း မြောက်ဦးမြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးနီကိုဦးက နိရဥ္စရာသို့ပြောသည်။
#လျှပ်စစ်မီး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.