English Edition
စနေနေ့၊ ဇူလိုင်လ ၁၂ရက်၊ ၂၀၂၅
လှူရန်
Preview
ကျောက်ဖြူ ပြည်လုံးချမ်းသာစေတီတော် ဗုဒ္ဓပူဇနိယပွဲတွင် ရခိုင်ရိုးရာလှေပြိုင်ပွဲနှင့် ကျင်ပွဲကို ထည့်သွင်းကျင်းပနေ
ဇန်နဝါရီ ၁၈/ ၂၀၂၂ | ကြည့်ရှုသူ :8403
ရခိုင် သတင်း
သဥ္ဇာနွယ်
နိရဥ္စရာ၊ ဇန်နဝါရီ ၁၈ / ၂၀၂၂
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ ပြည်လုံးချမ်းသာစေတီတော်ဗုဒ္ဓပူဇနိယဘုရားပွဲတော်တွင် ရခိုင်ရိုးရာ လှေလှော်ပြိုင်ပွဲနှင့် ကျင်ပြိုင်ပွဲကို ထည့်သွင်းကျင်းပနေကြောင်း သိ၇သည်။
ကျောက်ဖြူမြို့၊ ငလပွေ့ရပ်ကွက်ရှိ (၂၅)ကြိမ်မြောက် ပြည်လုံးချမ်းသာ အလိုတော်ပြည့်စေတီတော် ဗုဒ္ဓပူဇနိယပွဲတော်ကို ဇန်နဝါရီ ၁၆ ရက်မှ ၁၉ ရက်အထိ (၄)ရက်တိုင်တိုင်ကျင်းပနေခြင်းဖြစ်သည်ဟု ငလပွေ့ရပ်ကွက်မှ ဦးမောင်ကြီးက နိရဥ္စရာကို ပြောသည်။
“အရင်နှစ်တွေက မကျင်းပရတော့ ဒီနှစ်မှာကျင်းပရတာ တကယ်ပီတိဖြစ်မိတယ်။ လူတွေက ပွဲငတ်နေတာကြာပြီဆိုတော့ လူတွေအများကြီး လာရောက်အားပေးကြတယ်”ဟု ပြောသည်။
အဆိုပါဘုရားပွဲတွင် ရခိုင်ရိုးရာ လှေလှော်ပြိုင်နှင့် ရိုးရာကျင်ပွဲများအပါအဝင် ဘောလုံးပြိုင်ပွဲ၊ ချောတိုင်တက်ပွဲ၊ ဂိမ်းပြိုင်ပွဲ၊ ထုပ်ဆီးထိုးပြိုင်ပွဲနှင့် အခြားပျော်ပွဲရှင်ပွဲများကိုလည်း ထည့်သွင်းကျင်းပနေပြီး လူပေါင်းထောင်နှင့်ချီ လာရောက်ကြည့်ရှုနေသည်ဟု ဒေသခံများက ပြောသည်။
လှေလှော်ပြိုင်ပွဲတွင် ကျောက်ဖြူမြို့မှ အသင်း ၁၅ သင်းပါဝင်ယှဉ်ပြိုင်လျက်ရှိသည်ဟု ပွဲကျင်းပရေးကော်မတီမှ သိ၇သည်။
ပထမဆုကို ကျပ် ၅ သိန်း၊ ဒုတိယဆုကို ကျပ် ၄ သိန်းနှင့် တတိယဆုကို ကျပ် ၃ သိန်းချီးမြှင့်သွားမည်ဖြစ်ပြီး ဇန်နဝါရီ ၁၉ ရက်တွင် ဒိုင်းလုပွဲကိုကျင်းပမည်ဖြစ်ကြောင်း သိ၇သည်။
ဒိုင်းလုပွဲတက်ရောက်ရမည့် ငလပွေ့လူငယ်အသင်းမှ ကိုခိုင်ကျော်ခန့်က “ဒီပွဲက ကျောက်ဖြူမှာ ဒီရပ်ကွက်တစ်ခုပဲကျင်းပတာဆိုတော့ လူတွေလည်း စည်ကားပါတယ်။ ပြိုင်၇တဲ့အတွက်လည်း ဝမ်းသာပါတယ်။ နိုင်အောင်လည်း ကြိုးစားနေပါတယ်”ဟု ပြောသည်။
ပြည်လုံးချမ်းသာအလိုတော်ပြည့်စေတီတော်မြတ်ကို ကျောက်ဖြူမြို့သူမြို့သားများနှင့် အရပ်ဖက်အဖွဲ့အစည်းအချို့က ၁၉၉၆ ခုနှစ်ခန့်က တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
#လူမှုရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.